
အခုခေတ်ကလေး တော်တော်များများကို ကြည့်လိုက်ရင် ပိန်ပိန်သေးသေးလေးနဲ့ အားမရှိသလို ပုံလေးတေွ ဖြစ်နေတာကို မေမေတေွအနေနဲ့ သတိထားမိမယ်လို့ ထင်ပါတယ်။ ဒါတေွက ဘာကြောင့်ဖြစ်ရတာလဲဆိုရင် ကလေးရဲ့ တစ်နေ့တာမှာ လိုအပ်တဲ့ အာဟာရတေွ မရတာ ၊ ဒါအပြင် အထိုင်များပြီးတော့ လှုပ်ရှားမှု နည်းလွန်းတာ ဒါမှမဟုတ် စာမှ စာ စာကိုပဲ ဂရုစိုက်ရင်းနဲ့ ထိုင်ခုံမှာပဲ တစ်နေ့တာ ကုန်ဆုံးနေရတာ၊ ကလေးက ကိုယ်ခံအားနည်းပြီးတော့ မကြာခဏ ဖျားနာချူချာတော့ ပိန်ချုံးလာတာ စတဲ့ အကြောင်းရင်းတေွကြောင့်ပါပဲ။

ကိုယ့်ကလေးထွားစေဖို့အတွက် ဘယ်လိုအာဟာရတေွကို အဓိကကျေှးကြမလဲ
------------------------------------------------------------------------------------
တစ်ခြားကလေးတေွနဲ့ ယှဉ်လိုက်တိုင်း ကိုယ့်ကလေးက ပိန်ပြီးတော့ ညှက်နေတာမျိုး မဖြစ်စေချင်ဘူးဆိုရင်တော့ မေမေတေွအနေနဲ့ ငယ်ငယ်ကတည်းက ပရိုတင်းဓာတ်ကို ပြည့်ဝစုံလင်စွာ ကျေှးထားဖို့အတွက် လိုအပ်ပါတယ်။ ပရိုတင်းဓာတ်ကို တစ်နည်းအားဖြင့် အသားဓာတ်က ကိုယ်ခန္ဓာမှာရှိနေတဲ့ ကြွက်သားထုကို တည်ဆောက်ပေးတယ်။ ကိုယ်ခံအားစနစ်ကိုလည်း ကောင်းစေပြီးတော့ အလွယ်တကူ ဖျားနာခြင်းကို မဖြစ်စေဖို့အတွက်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ကလေးရဲ့ ဦးနေှာက်ဉာဏ်ရည်ကို ထက်မြက်စေပြီးတော့ စာလိုက်နိုင်စေတယ်။ ဒါအပြင် တစ်နေ့တာ ကုန်ဆုံးသွားတဲ့ အားအင်တေွကို ပြန်လည်ဖြည့်ဆည်းပေးလို့ လန်းဆန်းတက်ကြွှပီးတော့ အားအင်တေွလည်း ပြန်လည်လန်းဆန်းနေစေပါတယ်။ ပရိုတင်းဓာတ်အပြင် ကလေးတေွကို ဗီတာမင် အေ၊ ဘီ၊ စီ၊ ဒီ၊ အီး၊ ကေ၊ ကယ်လ်စီယမ်ဓာတ်၊ သံဓာတ်၊ အိုင်အိုဒင်းဓာတ်၊ ဇင့်ဓာတ်စတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်မျိုးစုံ ကျေှးပေးဖို့လည်း လိုပါတယ်။ ဒီအာဟာရဓာတ်တေွက ကိုယ်တွင်းကလီစာတေွကို ကောင်းစွာ အလုပ်လုပ်စေပြီးတော့ ကလေးကို ကျန်းမာထက်မြက်စေတယ်။ ကျန်းမာကြံ့ခိုင်နေဆဲ အရွယ်ဖြစ်တဲ့ ကလေးတေွမှာ ဒီလိုအာဟာရဓာတ်တေွ စုံလင်စွာ ရရှိပါမှ ပိန်လွန်းနေတာ၊ ဝလွန်းနေတာမျိုး မရှိဘဲ သူ့အသက်အရွယ်နဲ့သူ လိုက်ဖက်တဲ့ ကိုယ်အလေးချိန်၊ အရပ်အမြင့် ရှိနေတော့မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မေမေတေွအနေနဲ့ ကလေးကို ဘာတေွများများ ကျေှးသင့်လဲဆိုရင် အဓိကက ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အသား၊ ငါး၊ ဥအမျိုးမျိုး၊ ပဲတေွကို ကျေှးသင့်ပါတယ်။ မနက်တစ်ကြိမ်၊ ညအိပ်ခါနီး တစ်ကြိမ် နွားနို့တစ်ခွက် ပုံမှန် တိုက်ပေးပါ။ ဒါအပြင် ဟင်းသီးဟင်းရွက်၊ ငါး ၊ ပင်လယ်စာ၊ အစေ့အဆန်တေွ၊ အသီးအနှံတေွ၊ အခွံမာသီး စတာတေွကိုလည်း နေ့တိုင်းစုံစုံလင်လင် ကျေှးပေးရပါမယ်။

ဒါဆို မေမေတေွအနေနဲ့ နောက်ထပ် ကလေးကို ဘာတေွ ဂရုစိုက်ပေးဖို့လိုသေးသလဲ
-------------------------------------------------------------------------------------------
၁။ ကလေးကို တစ်နေ့အိပ်ချိန် ၈နာရီ ရအောင်ပေးအိပ်ပါ။ စာမရရင် မအိပ်ရဘူးဆိုပြီးတော့ ဒဏ်ပေးတာမျိုး မလုပ်ပါနဲ့။
၂။ ကလေးရဲ့ တစ်နေ့တာ အချိန်ဇယားကို ကျောင်းတက်ချိန်၊ အစာစားချိန်၊ စာလုပ်ချိန်၊ ကစားချိန်၊ အနားယူချိန် စသဖြင့် အချိန်သတ်မှတ်ပြီးတော့ ခွဲပေးထားပါ။
၃။ ကလေးက သူ့ရွယ်တူသူငယ်ချင်းတေွနဲ့ ပြေးလွှားကစားချင်တယ် ဒါမှမဟုတ် ကျောင်းမှာ အားကစားတစ်ခုခု လိုက်စားချင်တယ်လို့ ပြောလာတဲ့အခါ မကန့်ကွက်ပါနဲ့။ ဒီလို လှုပ်ရှားပေးနေမှပဲ ကလေးတစ်ယောက်က ပိန်ညှက်မနေဘဲ ကြီးထွားဖွံ့ဖြိုးလာနိုင်မှာပဲ ဖြစ်ပါတယ်။

၄။ ကလေးကို မဖျားနာစေဖို့အတွက် သေချာလေး ဂရုစိုက်ပေးပါ။ အစာမစားခင်၊ အစာစားပြီး၊ အိမ်သာထွက်ပြီး၊ ပစ္စည်းတစ်ခုခု ကိုင်ပြီးတိုင်း လက်ကို ဆပ်ပြာ၊ ရေနဲ့ သေချာဆေးဖို့ အလေ့အကျင့်ကို ပုံမှန် လုပ်ပေးပါ။ လူများတဲ့နေရာ ကလေးကို သိပ်မခေါ်သွားပါနဲ့။
၅။ ကလေးကို တစ်နှစ်တစ်ကြိမ် ကျန်းမာရေး စစ်ဆေးတာမျိုး ပြုလုပ်ပေးပါ။ အာဟာရချို့တဲ့နေတယ်လို့ သံသယရှိရင် အထူးကုနဲ့တိုင်ပင်ပြီးတော့ လိုအပ်တဲ့ ဗီတာမင်အားဆေး၊ ဖြည့်စွက်စာတေွကိုပဲ တိုက်ကျေှးပါ။
၆။ ကြေးများတတ်တဲ့ ကလေးကို သေချာချော့ပြီးတော့ ကျေှးပါ။ ဥပမာ ဟင်းသီးဟင်းရွက် မကြိုက်တဲ့ကလေးကို အပြစ်တင်နေမယ့်အစား သူတို့ကြိုက်တတ်တဲ့ ဟင်းတေွထဲ နည်းနည်းစီဖြစ်ဖြစ် ရောထည့်ပြီးတော့ ကလေးကို သေချာလေး ချက်ကျေှးကြည့်ပါ။

၇။ ကလေးကြိုက်ရင် ပြီးရောဆိုပြီးတော့ စားချင်တာတေွကို လေှျာက်မစားခိုင်းပါနဲ့။ ဒါအပြင် အထူးသဖြင့် ကလေးကို အဆီ၊ အချို၊ အငန်ဓာတ်များတဲ့ အစားအစာတေွကို လေှျာ့ကျေှးပါ။
ဒါဆို ဖေဖေ မေမေတို့လည်း ခုပြောပြပေးခဲ့တဲ့ အချက်လေးတေွကို သေချာလိုက်နာပြီးတော့ ကိုယ့်ကလေး ပိန်ပြီး ညှက်မနေအောင် ဂရုစိုက်ပေးဖို့ ခုကတည်းက စလိုက်ကြရအောင်နော်။ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုမှာ နေထိုင်စားသောက်မှုပုံစံဟာ အဓိက အထောက်အကူပေးနိုင်တဲ့ အရာဖြစ်တာကြောင့် မိဘတေွအနေနဲ့ ဖြစ်သလို သဘောမထားသင့်ပါဘူးလို့ ထပ်မံ အကြံပြုရင်းနဲ့ ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။ အားလုံးပဲ ကျန်းမာ လန်းဆန်းတဲ့ ကလေးလေးတေွ ဖြစ်ကြပါစေ။
#Ref( ရဲမျိုးမြတ် - ကလေးနဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)