အရင်တုန်းကတော့ မြန်မာလူမျိုးတေွဟာ ထမင်းကို ရေငှဲ့ချက်စားကြတာ များပါတယ်။ ရေငှဲ့ချက်တဲ့အခါ ထမင်းရည်ထဲမှာ အင်အားဓာတ်တေွ အများကြီး ပါသွားပါတယ်။ ထမင်းရေငှဲ့ချက်ရင် ထမင်းရည်ကို တိုက်လို့ အကျိုးရှိပါတယ်။ ထမင်းရည်ထဲမှာ ဗီတာမင်ဘီဝမ်း (Vitamin B1) ဓာတ်လည်း အများကြီးပါလို့ ဘယ်ရီဘယ်ရီ ထုံစို့နာ၊ ထုံခြောက်နာရောဂါကို ကာကွယ်ပေးပါတယ်။
အဲဒီရောဂါက အာရုံကြော၊ နှလုံး၊ ဦးနေှာက်တို့ကို ဒုက္ခပေးတတ်ပါတယ်။ ယခုခေတ်မှာတော့ မိခင်တေွလည်း အလုပ်လုပ်ကြရတော့ ပေါင်းအိုးထမင်းသာ ချက်နိုင်ကြပါတယ်။ ပေါင်းအိုးထမင်းက ငှဲ့စရာမလိုတော့ ဘီဝမ်းဓာတ်တေွက ထမင်းထဲမှာ ကျန်နေလို့ ဘယ်ရီဘယ်ရီရောဂါကို ကာကွယ်နိုင်ပါတယ်။ ရေငှဲ့ချက်ရင်တော့ ထမင်းရည်တိုက်ပေးမှ ဘီဝမ်းဓာတ်ရမှာပါ။
Ref : မေ့ရင်သေွး မဂ္ဂဇင်း