
သားအိမ်ခြစ်တယ်ဆိိုတာက ဘာလဲ
---------------------------------------
သားအိမ်ခြစ်တယ်ဆိုတာက ကိုယ်ဝန်ပျက်ကျတဲ့သူတေွ အများစုခံယူဖူးတဲ့ ကုသမှုတစ်မျိုးပါပဲ။ ဆေးပညာအရ သားအိမ်ခြစ်တာကို dilation and curettage D & C လို့ ခေါ်ပါတယ်။ Dilation ဆိုတာက ချဲ့ထွင်တာလို့ အဓိပ္ပါယ်ရပြီးတော့ curettage ကတော့ ဇွန်းပုံသဏ္ဍာန်ရှိတဲ့ ကိရိယာနဲ့ခြစ်တယ်လို့ အဓိပ္ပါယ်ရပါတယ်။ ဒီတော့ dilation and curettage ဆိုတာ သားအိမ်ခေါင်းကို ကျယ်သွားအောင် ချဲ့လိုက်တာဖြစ်ပြီး သားအိမ်ထဲမှာရှိနေတဲ့ တစ်ရှူးအသားစလေးတေွကို ခြစ်တာပဲ ဖြစ်ပါတယ်။ သားအိမ်ခြစ်တာဟာ အသေးစားခွဲစိတ်မှု တစ်ခုဖြစ်ပြီး ဆေးခန်း၊ ဆေးရုံတေွမှာ သွားပြီး လုပ်မှသာ ရတာပါ။ ဒီလို သားအိမ်ခြစ်ပြီးတာနဲ့ အားလုံးသိချင်ကြတာက အချိန်ဘယ်လောက်စောင့်ပြီးမှ အတူနေလို့ရမလဲ၊ နောက်ထပ်ကော ဘယ်တော့လောက်မှ ကိုယ်ဝန်ပြန်ဆောင်လို့ ရမလား ဆိုတာပဲ ဖြစ်ပါတယ်။

သားအိမ်ခြစ်ပြီးတာနဲ့ ဘယ်တော့လောက် ကိုယ်ဝန်ပြန်ဆောင်ဖို့ဘယ်လောက်အချိန်ယူရမှာလဲ
-------------------------------------------------------------------------------------------------------
ကျွမ်းကျင်တဲ့ ဆရာဝန်တေွ အဆိုပြုထားတာကတော့ သားအိမ်ခြစ်ပြီး ရာသီသေွး ၃ ခါပေါ်အောင်စောင့် ( ဒါမှမဟုတ် ) ၃ လလောက်စောင့်ပြီးမှ ကိုယ် ဝန်ပြန်ဆောင်သင့်တယ်လို့ဆိုထားပါတယ်။ အချိန် ၃လလောက်ဆို သားအိမ်ခြစ်တုနး်က ကျန်ခဲ့တဲ့ ဒဏ်တေွရော၊ ကလေးဆုံးရှုံးရလို့ ပူဆေွးနေရတဲ့ မိခင်ရဲ့ သောကတေွရော အားလုံး အနည်ထိုင်သွားပြီဖြစ်လို့ အစကနေ ပြန်စဖို့အတွက် အသင့်ဖြစ်နေတဲ့အနေအထားပါ။

သားအိမ်ခြစ်ပြီး ဘယ်လောက်အကြာမှ အတူတူနေလို့ရမှာလဲ
------------------------------------------------------------------
သားအိမ်ခြစ်ထားတဲ့အတွက် ပွန်းတာ ထိခို်က်တာတေွကတော့ ရှိနိုင်သေးတာမို့ သားအိမ်ခြစ်ပြီးပြီးချင်း အတူူတူနေလို့တော့ မရပါဘူး။ ၂ ပတ်လောက်တော့ စောင့်ပြီးမှသာ အတူတူနေလို့ ရမှာပါ။ ဖြစ်နေတဲ့အနာတေွ ပြန်ကျက်သွားဖို့ ၊ ကိုယ်ခန္ဓာက ပုံမှန်အတိုင်း ပြန်ပြီးတော့ နာလန်ထူနိုင်ဖို့အတွက် အချိန်ဆိုတာ လိုအပ်သေးပါတယ်။ အနာမကျက်တဲ့အခါ၊ သေချာဂရုမစိုက်လို့ ပိုးဝင်သွားတဲ့အခါမျိုးမှာ ၂ ပတ်ထက်လည်း ပိုကြာသွားနိုင်ပါတယ်။

သားအိမ်ခြစ်ပြီးရင်ရော ဘာဘေးထွက်ဆိုးကျိုးတေွ ဖြစ်တတ်လဲ
---------------------------------------------------------------------
သားအိမ်ခြစ်ပြီးတော့ ရက်ပိုင်းလောက်မှာ ဗိုက်အောင့်တာ ၊ သေွးနည်းနည်းဆင်း တာတေွ ဖြစ်တတ်ပါတယ်။ သားအိမ်ခြစ်တယ်ဆိုတာက အခြားကြီးကြီးမားမား ဘေး ထွက်ဆိုးကျိုးတေွ မရှိသလောက်ရှားတဲ့ ခွဲစိတ်မှုတစ်ခုပါပဲ။ ဒါပေမယ့်လည်း အခန့်မသင့်ရင်တော့ ဖြစ်တတ်တဲ့ တစ်ချို့ဆိုးကျိုးလေးတေွလည်း ရှိပါတယ်။ ထိုဆိုးကျိုးလေးတေွကတော့
၁။ သားအိမ်ပေါက်ခြင်း
-------------------------
ဒါကတော့ လတ်တလော ကိုယ်ဝန်ပျက်ကျပြီးသား မိခင်တေွနဲ့ သေွးဆုံးပြီးသား အမျိုးသမီးတေွမှာ သားအိမ်ခြစ်တဲ့အခါ ဖြစ်တတ်တဲ့ ပြဿနာတစ်ခုပါ။
၂။ သားအိမ်ခေါင်းကို ထိခိုက်မိခြင်း
---------------------------------------
Asherman’s syndrome လို့ခေါ်တဲ့ သားအိမ်ခြစ်ခြင်းကြောင့် သားအိမ်မှာ အမာရွတ် တစ်ရှူးကျန်ခဲ့ခြင်း – Asherman’s syndrome ဟာ ကိုယ်ဝန်ပျက်ကျပြီးပြီးခြင်း (သို့မဟုတ်) ကလေးမေွးပြီးပြီးချင်း အမျိုးသမီးတေွမှာ သားအိမ်ခြစ်ရင် ဖြစ်တတ်တဲ့ ဆိုးကျိုးတစ်ခုပါပဲ။ Asherman’s syndrome ကြောင့် ရာသီလာချိန် ကိုက်ခဲတာတေွ ဖြစ်နိုင်တဲ့အပြင် နောက်ပိုင်း ကိုယ်ဝန်ဆောင်တိုင်း သန္ဓေသားမခိုင်တော့ဘဲ ကိုယ်ဝန်ပျက်တာမျိုးတေွလည်း ဖြစ်နို်င်ပါတယ်။ ဝမ်းသာစရာ တစ်ခုကတော့ Asherman’s syndrome ဟာ မဖြစ်သလောက်ကို ရှားတဲ့ ဆိုးကျိုးတစ်ခုပါ။ သားအိမ်ခြစ်ပြီး သားအိမ်တွင်း ပိုးဝင်တာကလည်း ဖြစ်တတ်ပေမယ့် ရှားတဲ့ အရာတစ်ခုပါပဲ။

တကယ်လို့ သားအိမ်ခြစ်ပြီးတာ ကြာနေတာတောင် ကလေးပြန်မရသေးရင် ဘယ်လိုလုပ်ရမလဲ
------------------------------------------------------------------------------------------------------
သားအိမ်ခြစ်တာရဲ့ နောက်ဆက်တွဲဆိုးကျိုးတေွထဲမှာ Asherman’s syndromeဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ Asherman’s syndrome ဆိုတာက သားအိမ်ခြစ်ပြီးတော့ ကျန်ခဲ့တဲ့ အမာရွတ်လေးကြောင့် ကိုယ်ဝန်မခိုင်တာတေွ၊ ကိုယ်ဝန်မရတာတေွလည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီAsherman’s syndrome ဟာ မဖြစ်သလောက်ကို ရှားတဲ့ အရာတစ်ခုပါပဲ။ ဒါကြောင့် သားအိမ်ခြစ်ပြီးတာနဲ့ ငါကိုယ်ဝန်ရတော့မှာ မဟုတ်ဘူးဆိုတဲ့ အတေွးတေွကို ခေါင်းထဲကနေ ဖယ်ထားလိုက်ပါ။

သားအိမ်ခြစ်ပြီးနောက်ပိုင်း ကြိုးစားတာတောင် ကိုယ်ဝန်မရသေးဘူးဆိုရင် ဆရာဝန်ဆီ သေချာသွားပြီးတော့ ကိုယ့်ဆီမှာ ကိုယ်ဝန်မရနိုင်တဲ့ ဘယ်လို ချိို့ယွင်းချက်တေွရှိလဲ ဆိုတာကို ကောင်းကောင်း အဖြေရှာပါ။ ဒါဆို ကိုယ်ဝန်မရနိုင်သေးတဲ့ အကြောင်းအရင်းဟာ Asherman’s syndrome ကြောင့် မဟုတ်ဘဲ အခြား အကြောင်းအရာတေွလည်း ရှိနိုင်သေးတာကြောင့်ပါပဲ။ အားလုံးပဲ အခက်အခဲမရှိပဲ လွယ်လွယ်ကူကူနဲ့ အဆင်ပြေကြပါစေ။
#Ref( Hello - ကိုယ်ဝန်ဆောင်မိခင်နဲ့သားအိမ်ခြစ်ခြင်းဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)