သားအိမ်အဝမလုံဘူးဆိုတဲ့အရာဟာ ဖြစ်တတ်ပါတယ်။ မေွးရာပါကတော့ ဖြစ်ခဲပါတယ်။ မေွးဖွားရာမှဖြစ်စေ၊ ကလေးပျက်ရာမှဖြစ်စေ၊ သားအိမ်ခေါင်းပေါ်မှာ ခွဲစိတ်ကုသမှုကြောင့်ဖြစ်စေ သားအိမ်အဝမလုံတော့သောအခြေအနေ ဖြစ်တတ်ပါတယ်။ အဲဒီလို သားအိမ်အဝ မလုံတော့ရင် ကိုယ်ဝန် ၃ လနဲ့ ရလကြားမှား ကလေးပျက်ခြင်း၊ လမစေ့ဘဲမေွးခြင်းများ ဖြစ်တတ်ပါတယ်။ သားအိမ်အဝက အလိုလို (သားအိမ်ညှစ်အား မလိုဘဲ) ပွင့်လာပြီး ရေမြွှာအိတ် ပေါက်သွားတတ်ပါတယ်။ ရေဆင်းလာတတ်ပြီး သားအိမ်ညှစ်အား သိပ်မလာရဘဲ တစ်နည်းပြောရရင် ဗိုက်သိပ်မနာရဘဲ ခဏလေးနဲ့ ကလေးထွက်သွားတတ်ပါတယ်။ သားအိမ်အဝမလုံတော့ရင် ဒီပြဿနာထပ်တလဲလဲ ဖြစ်တတ်ပါတယ်။ ကလေးအဖတ်တင်ဖို့ နေ့စေ့လစေ့ရောက်ဖို့ သားအိမ်အဝကို ပြန်ချုပ်ပေးရပါတယ်။ မေွးခါနီးမှာ ပြန်ဖြည်ပေးရပါတယ်။ အကောင်းဆုံးကတော့ ဒီလိုဖြစ်တတ်ရင် သားဖွားမီးယပ်ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။
Ref : မေ့ရင်သေွးမဂ္ဂဇင်း