စျေး မီဒီယာ
မမွေးဖွားမှီ

ကိုယ်ဝန်ဆောင်တဲ့အချိန် မေမေတေွ Omega -3 သောက်သုံးခဲ့ရင် မေွးလာတဲ့ ကလေးမှာ သေွးတိုး ဖြစ်နိုင်ခြေနည်းပါးတယ်

Posted by Zaw Lin Aung December 20, 2019
Lg7uxxk2omiqvdp6eyah

ကိုယ်ဝန်ဆောင်တဲ့ကာလအတွင်း ငါးကြီးဆီမှာပါတဲ့ Omega -3 fatty acid (DHA) သောက်သုံးတဲ့ မိခင်တေွကနေ မေွးဖွားလာတဲ့ကလေးတေွဟာ သေွးတိုးရောဂါ ဖြစ်လာနိုုင်တဲ့ အန္တရာယ် လျော့နည်းစေတယ်လို့ သုတေသနအသစ်က ဖော်ပြပေးခဲ့ပါတယ်။ မိခင်လောင်းတေွရဲ့Omega -3 သောက်သုံးမှုက ကလေးတေွရဲ့နောက်ပိုင်း သက်တမ်းအထိ ရေရှည်အကျိုးသက်ရောက်မှု ရှိနိုင်တာဖြစ်တယ်လို့ University of Kansas မှ အာဟာရဗေဒ ပါမောက္ခဖြစ်တဲ့ တွဲဖက်သုတေသီ ဆူဆန်ကာလ်ဆန်က ပြောပါတယ်။ သုတေသနမှာ Kansas City ဧရိယာအတွင်း မေွးဖွားခဲ့တဲ့ ကလေး ၁၇၁ ဦးကို လေ့လာစောင့်ကြည့်ခဲ့တာပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ မိခင်လောင်းတေွ သောက်သုံးနေကျ ဗီတာမင်အားဆေးတေွ ၊ ငါးကြီးဆီတို့မှာ ပါတတ်တဲ့ DHA (docosahexaenoic acid) တစ်နေ့ ၆၀၀ မီလီဂရမ် သောက်သုံးတာက တစ်ဖွဲ့၊ ဗလာဆေး တိုက်ကျေှးခဲ့တာက တစ်ဖွဲ့နဲ့အုပ်စုနှစ်ခ ုခွဲပြီးတော့ စောင့်ကြည့် လေ့လာခဲ့ပါတယ်။

Cavmjbvjndqt4n0pz80m

အဖွဲ့နှစ်ဖွဲ့ရဲ့ မေွးဖွားလာတဲ့ ကလေးတေွကို အသက် ၄ နှစ်ကနေ ၆ နှစ်အတွင်း သေွးဖိအား စစ်ဆေးမှုအကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ကိုယ်အလေးချိန်များတာ ဒါမှမဟုတ် အဝလွန်နေတဲ့ ကလေးတေွအနက် မိခင်က DHA ဖြည့်စွက်အားဆေး သောက်သုံးခဲ့သူတေွထက် ဗလာဆေး သောက်သုံးခဲ့သူတေွက သေွးဖိအားမြင့်တက်နေ တာကို တေွ့ရပါတယ်။ ပျမ်းမှျအားဖြင့်တော့ ဗလာဆေးသောက်ခဲ့တဲ့ မိခင်အုပ်စုရဲ့ ကိုယ်အလေးချိန်များတဲ့ ကလေးတေွဟာ အပေါ်သေွး 3.94 mm Hg ပိုများနေပြီး အောက်သေွးက 4.97 mm Hg ပိုများနေတာပဲ ဖြစ်ပါတယ်။

Tzq8ra0gsranfqvmq13n

ဒီကွာခြားချက်က သိသာထင်ရှားတဲ့ရလဒ် ဖြစ်နေတယ်လို့ သုတေသီအဖွဲ့က ဆိုပါတယ်။ DHA ရဲ့အာနိသင်က မေွးဖွားပြီး ကိုယ်အလေးချိန်များခြင်းဖြစ်စဉ်မှာ ပုံမှန်သေွးဖိအားကို ထိန်းသိမ်းပေးမယ့် နှလုံးလုပ်ဆောင်ချက်ကို စီစဉ်ပေးတာ ပါဝင်နိုင်တယ်လို့ တွဲဖက်သုတေသီ ဂျှန်ကိုလမ်ဘိုက ပြောပါတယ်။ “ ဒီသုတေသနက မိခင်လောင်းတေွနဲ့ ကလေးဆရာဝန်တေွအနေနဲ့ ကလေးမမေွးဖွားခင် ကျန်းမာရေးနဲ့အပြုအမူပိုင်းဆိုင်ရာတေွကို ဂရုစိုက်နိုင်ဖို့အတွက် ရည်ရွယ်ပါတယ် “ လို့ ကိုလမ်ဘိုက ပြောပါတယ်။

Eef3gznymnuatxwbl928

ကိုယ်ဝန်ဆောင်အားဆေး တော်တော်များများမှာ DHA ပါဝင်ပေမယ့် အများစုက ၆၀၀ မီလီဂရမ်ထက်တော့ မကျော်ပါဘူး။ ပုံမှန်အားဖြင့်တော့ ကိုယ်ဝန်ဆောင် ဗီတာမင်အားဆေးတေွမှာ DHA က 200-300 mg လောက်တော့ ပါဝင်ပါတယ်။ လမစေ့ဘဲ မေွးဖွားနိုင်တဲ့ အန္တရာယ်ကိုလျော့နည်းစေတာ အပါအဝင် DHA ရဲ့တခြား အကျိုးအာနိသင်တေွရှိနေတော့ ကိုယ်ဝန်ဆောင်ကာလမှာ တစ်နေ့တာ DHA ပမာဏကို များများသောက်ဖို့အတွက် လိုအပ်ပါတယ်လို့ New York City၊ Lenox Hill Hospital မှ သားဖွား မီးယပ်အထူးကု ဒေါက်တာ ဂျနီဖာဝူ ကပြောပါတယ်။

Tabd84s2uqrftf80ywlp

DHA ဟာ ကလေးတေွရဲ့ အမြင်အာရုံနဲ့ ဦးနေှာက်ဖွံ့ဖြိုးမှုအတွက် ကောင်းတယ်ဆိုတာ သိထားပြီးဖြစ်လို့ အခုလို သေွးတိုးကာကွယ်တယ်ဆိုတာက သိရတော့ သတင်းကောင်း တစ်ခုဖြစ်နေပါတယ်။ ဒါပေမယ့် ဆယ်ကျော်သက်အရွယ်တေွမှာမှ ဖြစ်လာတတ်တဲ့ ကျန်းမာရေးပြဿနာတေွက အများကြီးရှိတာကြောင့် နှစ်ရှည်သုတေသနတေွ ဆက်လုပ်ဖို့လိုသေးတယ်လို့ သုတေသီတစ်ဦးက ပြောပါတယ်။
#Ref( ဟယ်လို - ကိုယ်ဝန်ဆောင်မိခင်နဲ့ Omega – 3 ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.