
လိင်နဲ့ပတ်သက်ပြီး ကူးစက်ရောဂါဖြစ်ခဲ့ဖူးသူတေွမှာ သားအိမ်နဲ့ သားဥပြွန်များ ယောင်ယမ်းပြီး ပျက်စီးခြင်းကြောင့် သားဥပြွန်ပိတ်သွားခြင်း၊ ကျဉ်းမြောင်းခြင်း၊ ပုံပန်းသဏ္ဍာန် ပျက်စီးခြင်း၊ လှုပ်ရှားမှု မပြုနိုင်ခြင်းတေွ ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် သန္ဓေသားဟာ ဥပြွန်အတွင်း ပိတ်မိနေပြီး တဖြည်းဖြည်း ကြီးထွားလာတာကြောင့် ကျဥး်မြောင်းပြီးသေးတဲ့ သားဥပြွန်ပေါက်ကွဲခြင်း ဖြစ်တတ်ပါတယ်။
သားအိမ်နှင့် အနီးပတ်ဝန်းကျင်မှာ ခွဲစိတ်မှုများပြုခြင်း၊ ရောဂါပိုးဝင်ပြီး ပြည်တည်နာဖြစ်ခြင်းတို့ကြောင့် တွန့်လိမ်ကောက်ကေွးပြီး အနာရွတ်များဖြစ်ခြင်း၊ ဆေးလိပ်သောက်တဲ့မိခင်မှာ သားကြောလှုပ်ရှားမှုလျော့နည်းခြင်း၊ Endometriosis လို့ခေါ်တဲ့ မျိုးဥအိမ်မှာသေွးကြောလုံးဖြစ်တဲ့ရောဂါကြောင့် မျိုးဥအိမ်နဲ့ သားဥပြွန်တို့မှာ တွယ်ကပ်ယှက်သွယ်ပြီး ပျက်စီးခြင်း၊ အရင်က သားအိမ်ပြင်ပမှာ သန္ဓေတည်ဖူးခြင်း၊ အထူးသဖြင့် အရင်က အရပ်ထဲမှာ သားသမီးလိုချင်လို့ဖြစ်ဖြစ်၊ မလိုချင်လို့ဖြစ်ဖြစ် နှိပ်ခြငး်ကြောင့် သားဥပြွန်များ ထိခိုက်ပျက်စီးခြင်း၊ အခုခေတ် ခေတ်စားတဲ့ IVF ခေါ် ဖန်ပြွန်သန္ဓေသားပြုလုပ်ရာမှာ သန္ဓေသားကို သားအိမ်ထဲထည့်ပေးသောအဆင့် Embryo Transfer တွင် သားအိမ်ကိုယ်ထည်မှ ကျော်လွန်ပြီး သားဥပြွန်ထဲရောက်သွားခြင်း၊ မည်သည့်အကြောင်းပြချက်မှမရှိခြင်းတို့ ဖြစ်ပါတယ်။
Ref : မေ့ရင်သေွး မဂ္ဂဇင်း