စျေး မီဒီယာ
မမွေးဖွားမှီ

ဗိုက်ဗိုက်လေးတေွအနေနဲ့ ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ မအီမသာဖြစ်တာတေွကို သက်သာစေချင်တယ်ဆိုရင်

Posted by Zaw Lin Aung December 19, 2019
Grukra4jeg4w4y314ufk

ကိုယ်ဝန်ဆောင်ခြင်းက ကိုယ်ဝန်ဆောင်ရဖို့ မေှျာ်လင့်နေတဲ့ အမျိုးသမီးတေွအတွက် အကောင်းဆုံးကိစ္စတစ်ခု ဖြစ်ပေမယ့် အဲဒီလိုပျော်ရွှင်မှုက တစ်ခါတလေမှာ မကောင်းတဲ့ ခံစားမှုတေွနဲ့လည်း လာတတ်ပါတယ်။ အဲဒီလို မကောင်းတဲ့ ခံစားမှုတေွထဲက တစ်ခုဖြစ်တဲ့ မနက်ခင်းမှာ မအီမသာဖြစ်ခြင်းက ကိုယ်ဝန်ဆောင်ချိန်ရဲ့ နေ့သစ်အစပိုင်းတေွကို ပို၍ ဆိုးရွားစေပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ ဒီတစ်ခါမှာတော့ ဗိုက်ဗိုက်လေးတေွအနေနဲ့ ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ မအီမသာဖြစ်တာတေွကို ကာကွယ်ပေးနိုင်တဲ့ အချက်လေးတေွကို အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။

Cehmfdefdmo2qzrgroo9

၁။ ခဏ အနားယူပါ
-----------------------

အချို့နေ့တေွမှာ မနက်ခင်းဆို ပျို့ချင်အန်ချင်တာတေွနဲ့ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေတတ်ပေမယ့် အလုပ်သွားဖို့အတွက် အိပ်ရာကနေ မနည်းထပြီးတော့ ပြင်ဆင်ရတာတေွလည်း ရှိပါတယ်။ အဲဒါကို ဖြေရှင်းဖို့ကတော့ အလုပ်ရှင်ကို email ရေးတာဖြစ်ဖြစ် ဖုန်းခေါ်တာဖြစ်ဖြစ် စာတိုပို့တာဖြစ်ဖြစ် လုပ်ပြီးတော့ ခွင့်တစ်ရက် ယူလိုက်ပါ။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ဖြစ်နေတဲ့အတွက် အဲဒါဟာ ကိုယ့်အတွက် အထူးအခွင့်အရေး ပေးရတာ တန်ပါတယ်။ နောက်ထပ်အကြံပေးချက်ကတော့ ကိုယ်ဝန်ဆောင်ချိန်ရဲ့ သတ္တမမြောက်နဲ့ အဋ္ဌမမြောက်အပတ်တေွမှာ အားလပ်ရက်ယူပြီးတော့ အနားယူဖို့အတွက် စီစဉ်ထားပါ။ အဲဒီအချိန်မှာ မနက်ခင်း မအီမသာဖြစ်ခြင်းက အဆိုးဆုံးပါပဲ။ အဲဒါကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတေွဟာ ဒီအချိန်မှာ အေးဆေး အပန်းဖြေ အနားယူဖို့အတွက် လိုအပ်ပါတယ်။

Rfgqqpcxevscvqyw4b2y

၂။ လန်းဆန်းတဲ့ရနံ့
----------------------

ကိုယ်ဝန်ဆောင်အမျိုးသမီးတေွက အမှုိက်နံ့ ၊ ချိုင်းနံ့ ၊ ဒါမှမဟုတ် ဓာတ်လေှကားထဲမှာ တစ်ယောက်ယောက်ရဲ့ ရေမေွှးနံ့ စတဲ့ ထူးခြားတဲ့ အနံ့တေွရရင် မနက်ခင်းမှာ မအီမသာဖြစ်ခြင်း က ပိုဆိုးလာပါလိမ့်မယ်။ တကယ်ကတော့ မနက်ခင်း မအီမသာဖြစ်ခြင်းက အနံ့နဲ့ ဆက်စပ်နေတာပါ။ အနံ့အာရုံနဲ့ပတ်သက်တဲ့ အဓိက ဟော်မုန်းဖြစ်တဲ့ Estrogen ဟာ ကိုယ်ဝန်ဆောင်နေတဲ့အချျိန်မှာ မြင့်တက်နေပြီးတော့ အနံ့တေွနဲ့ပတ်သက်ရင် အလွန့်အလွန် မတည့်စေပါဘူး။ သံပုရာသီး၊ ကျှဲကောသီး ၊ လိမ္မော်နံ့တေွပါတဲ့ ရေမေွှးမှုတ်ဆေးဘူး ဒါမှမဟုတ် ရေမေွှးအိတ်ငယ်လေးတေွကို ဆောင်ထားပါ။ လန်းဆန်းတဲ့အနံ့တေွဟာ ကိုယ်ဝန်ဆောင်တဲ့အမျိုးသမီးတေွကို ပိုပြီးတော့ သက်သောင့်သက်သာ ဖြစ်စေပါတယ်။

Icujaxecskktajjyc874

၃။ အမျိုးသားနဲ့ စကားပြောပေးပါ
------------------------------------

သာမန်အနေနဲ့ အမျိုးသားတေွဟာ အမျိုးသမီးတေွကို နားလည်ရခက်တယ်လို့ ထင်ကြပါတယ်။ ဒီပြဿနာဟာ ကိုယ်ဝန်ဆောင်နေစဉ်မှာ ပိုမို ဆိုးရွားလာပါတယ်။ အမျိုးသားတေွဟာ မနက်ခင်းမအီမသာဖြစ်ခြင်းဆိုတာ ဘာလဲဆိုတာကို နားမလည်နိုင်ပါဘူး။ ပြီးတော့ အဝတ်လေှျာ်ဆပ်ပြာမှုန့်၊ ဆပ်ပြာ၊ ဆီ ဒါမှမဟုတ် မနက်ခင်းမှာ အမျိုးသားက နမ်းဖို့အတွက် အနားကပ်လာတဲ့အချိန်မှာ သူ့ပါးစပ်ကနေရတဲ့ အနံ့ပြင်းပြင်း ရတဲ့အခါမျိုးမှာ မေမေတို့အနေနဲ့ ပျို့ချင်အန်ချင်သလိုမျိုး ခံစားရတာကို သေချာပေါက် နားလည်နိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ မအီမသာဖြစ်တာနဲ့ ပျို့ချင်အန်ချင်ဖြစ်တာတေွကို အမျိုးသားကို ပွင့်ပွင့်လင်းလင်းပဲ ဖွင့်ပြောအသိပေးလိုက်ပါ။

Zr5ypvrgbryxkj9bdbxc

၄။ မနက်ခင်း မအီမသာဖြစ်ခြင်းကို စောင့်ကြည့်ပါ
-----------------------------------------------------

မနက်ခင်းမှာ မအီမသာဖြစ်ခြင်းကြောင့်ဖြစ်တဲ့ ပျို့ချင်အန်ချင်သလိုမျိုးတေွက မနက်တိုင်း (၆) နာရီ ဒါမှမဟုတ် (၇) နာရီလောက်ဆို ကြိုတင်စီစဉ်ထားသလိုမျိုး စတင်ပြီးတော့ နှိပ်စက်ပါပြီ။ ဒါဟာ တကယ်တော့ အကြောင်းတစ်ခုခုတော့ ရှိရပါမယ်။ (၇) နာရီမှာ အမှုိက်လှည်းက အိမ်နားက ဖြတ်သွားတာ ဖြစ်နိုင်သလို (၆) နာရီမှာ အိမ်နီးနားချင်း တစ်ယောက်ယောက် က ချက်ပြုတ်ကြော်လေှာ်နေတာလည်း ကောင်းကောင်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မနက်ခင်းမအီမသာဖြစ်ခြင်းကို ပိုဆိုးလာတဲ့ အကြောင်းရင်းကို သိပြီဆိုရင်တော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတေွက ဒီအခြေအနေတေွကို ရေှာင်ရှားခြင်းဖြင့် မအီမသာဖြစ်ခြင်းကြောင့်ဖြစ်တဲ့ ပျို့ချင်အန်ချင်တာတေွကို သက်သာစေနိုင်ပါတယ်။

W4gvarvelv4knusyoqp7

၅။ ရေများများ သောက်ပါ
---------------------------

ကိုယ်ဝန်ဆောင်တဲ့ မေမေတို့ရေ ရေဓာတ်ကုန်ခမ်းလေလေ ပျို့ချင်အန်ချင်သလို ဖြစ်လာလေလေပဲဆိုတာ သင် သိပါသလား။ အဲဒါကြောင့် တစ်နေ့ကို ရေ (၂)လီတာ သောက်တတ်တဲ့အကျင့်ကို ထိန်းထားပါ။ အတိအကျပြောရမယ်ဆိုရင် တစ်နေ့ကို ရေဖန်ခွက် (၈)ခွက်လောက် သောက်ပေးပါ။ ရေသောက်ရတာက တကယ့်ကို ပျင်းနေပါသလား။ ဆားငန်တဲ့ သရေစာတေွကို စားပေးမယ်ဆိုရင် ရေငတ်နိုင်တာကို သတိထားပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်တဲ့မေမေတေွအနေနဲ့ ရေကို များများသာ သောက်ပေးပါနော်။

Kvkl2drgnazwpelbckry

၆။ အစားအစာနဲ့ ကယ်တင်ပါ
---------------------------------

ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်းဟာ တစ်ဦးနဲ့တစ်ဦး မတူညီကြပေမယ့် သစ်သီးခြောက်၊ ဘီစကွတ် ၊ အေးစိမ့်နေတဲ့သစ်သီး ၊ မလိုင်၊ စပ်တဲ့အစားအစာတေွဟာ မအီမသာဖြစ်ခြင်းကို ပိုမို သက်သာစေနိုင်ပါတယ်။ ကြိုက်နှစ်သက်တဲ့ အစားအစာပေါ်မူတည်ပြီးတော့ ဒီအစားအစာတေွထဲကနေ ကိုယ့်ကို သက်သာစေမယ့် အစားအစာတေွကို သေချာ ရေွးချယ်စားသောက်ပါ။

Xvejwixeigr2pi7tbwf6

၇။ တစ်နေ့ ထမင်း (၆) နပ်
------------------------------

တစ်နေ့ကို ထမင်း (၃) နပ် စားမယ့်အစား ခွဲပြီးတော့ နည်းနည်းခြင်း စားသင့်ပါတယ်။ မေမေတေွအနေနဲ့ အဆာလွန်တာမျိုး ၊ အစားလွန်တာမျိုး မဖြစ်ပါစေနဲ့။ ဗိုက်ဆာရင် အက်ဆစ်ဓာတ်များနေတဲ့ အစာအိမ်က ပျို့ချင်အန်ချင်သလို ဖြစ်စေပါတယ်။ ဗိုက်အရမ်းပြည့်နေရင်လည်း အစာအိမ်က လှုပ်ရှားမှုများပြီးတော့ ချက်ချင်း ပျို့ချင်အန်ချင်သလို ဖြစ်သွားစေပါတယ်။

Ujupv33btteh2xy4s8hj

၈။ ဂျင်း
---------

ဂျင်းက အစာအိမ်နဲ့ အရမ်းတည့်ပါတယ်။ ဝမ်းဗိုက်နာ၊ ပျို့ချင်အန်ချင်သလိုဖြစ်ခြင်း၊ ဝမ်းဗိုက်မအီမသာဖြစ်ခြင်း စတာတေွ ဖြစ်လာမယ်ဆိုရင် ပါးပါးလှီးထားတဲ့ ဂျင်းကို စုပ်ပေးတာဖြစ်ဖြစ် ဂျင်းလက်ဖက်ရည်တစ်ခွက်လောက် သောက်တာဖြစ်ဖြစ် အဲလို လုပ်လိုက်မယ်ဆိုရင် အားလုံး သက်သာ ပျောက်ကင်းသွားစေမှာပါ။

Puplopxwxec6r3zvuszu

၉။ ကွန်ပျူတာ ဖန်သားပြင်
-----------------------------

ကိုယ်ဝန်ဆောင်အမျိုးသမီးတေွဟာ ကွန်ပျူတာ၊ စမတ်ဖုန်း၊ tablet တေွကို ထိလိုက်တိုင်း မအီမသာ ဖြစ်တတ်ပါတယ်။ အဲဒါတေွကို သိပ်ပြီးတော့ အလွန့်အကျှံ မသုံးပါနဲ့။ တကယ်လို့ မဖြစ်မနေ သုံးရမယ်ဆိုရင် ကိုယ်ဝန်ဆောင်အမျိုးသမီးတေွအတွက် မျက်စိညောင်းညာတာတေွကို လေှျာ့ချဖို့အတွက် ဖန်သားပြင်အလင်းရောင်ကို ချိန်ညှိခြင်း ၊ နောက်ခံဓာတ်ပုံကို အလင်းဖျော့ခြင်း ၊ စာလုံးတေွကို ပိုကြီးပြီးတော့ ပိုမေှာင်အောင်လုပ်ခြင်း စတာတေွကို လုပ်သင့်ပါတယ်။ ပျို့ချင်အန်ချင်သလိုဖြစ်လာပြီဆိုရင်တော့ မျက်လုံးကို ပိတ်ပြီးတော့ ခဏအနားယူ အပန်းဖြေတာက ပိုပြီးတော့ ဗိုက်ဗိုက်လေးတေွကို သက်သာစေမှာပါ။

Jnbdlm9gvh5twlj2vcns

၁ဝ။ အာရုံမစိုက်မိအောင် နေပါ
----------------------------------

ပျို့ချင်အန်ချင်သလို ဖြစ်တာကို မေ့ပျောက်ပစ်ဖို့အတွက် နှစ်သက်ရာတစ်ခုခုကို လုပ်ပြီးတော့ အာရုံပြောင်းနိုင်ပါတယ်။ ဥပမာအားဖြင့်တော့ သတင်းစာဖတ်ခြင်း ၊ စာအုပ်ဖတ်ခြင်း၊ အပန်းဖြေလမ်းလေှျာက်ခြင်းနဲ့ ယောဂလုပ်ခြင်း စတာတေွကိုလည်း ကောင်းကောင်း လုပ်နိုင်ပါတယ်။

Cf2oaod80riy5btgwhwj

၁၁။ ခံတွင်းသန့်ရှင်းခြင်း
---------------------------

ပျို့ချင်အန်ချင်တာကို မဖယ်ရှင်းနိုင်ဘူးဆိုရင် အန်ပြီးတိုင်း ခံတွင်းကို သန့်ရှင်းရေးလုပ်ဖို့အတွက် သွားတိုက်တံ နဲ့ သွားတိုက်ဆေး ဒါမှမဟုတ် ပလုတ်ကျင်းဆေးတေွ ယူလာသင့်ပါတယ်။

B4u9bymqvsns7csybofu

၁၂။ လဲလျောင်းပါ
---------------------

ရိုးရှင်းပေမယ့် ထိရောက်ပါတယ်။ လဲလျောင်းပြီး မျက်လုံးမှိတ်ကာ ခဏအနားယူလိုက်မယ်ဆိုရင် တော်တော်သက်သာသွားမှာပါ။
#Ref( အင်တာနက် - ကိုယ်ဝန်ဆောင်မိခင်နဲ့ မအီမသာဖြစ်ခြင်းဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.