ချှတ်စွပ်တူတဲ့ အမြွှာတေွဟာ ကိုယ်ဝန်ဆောင် သုံးယောက်တွင် တစ်ယောက် မေွးနိုင်ပါသည်။ မမျိုးဥ တစ်ဥတည်းမှ သဘာဝအတိုင်း ဖြစ်တည်လာပြီးတော့ တစ်ခြားသောအချက်များမှာ ဘာကြောင့်မှ မဟုတ်ပါ။ သို့သော် ရုပ်မတူတဲ့အမြွှာ သို့မဟုတ် သုံးမြွှာတို့သည် မတူညီတဲ့ မမျိုးဥများမှ ဖြစ်တည်လာပြီးတော့ ဖြစ်လာရသည့် အကြောင်းရင်းများစွာလည်း ရှိပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ မေမေတေွအနေနဲ့ အမြွှာလေးမေွးစေရန်အတွက် လိုအပ်တဲ့ အချက်လေးတေွကို အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။
၁။ မိသားစုရာဇာဝင်
-----------------------
မိသားစုရာဇာဝင်ဆိုသည်မှာ မိခင်ဖက်ကို ဆိုလိုပါတယ်။ ဖခင်ဖက်တော့ မပါပါ။ သင့်အမျိုးသားဖက်မှ အမြွှာရှိရှိ မရှိရှိ သင့်နှင့်တော့ မဆိုင်ပါ။ အဓိကသော့ချက်က အမျိုးသမီး၌သာရှိ၏။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးကသာ သားဥထုတ်သူ မဟုတ်ပါလား။ ဒါကြောင့် သင့်မျိုးရိုးတွင် အမြွှာကိုယ်ဝန်ဆောင်ဖူးသူများ ရှိထားပါက သင့်မှာလဲ သူတို့လို အမြွှာကိုယ်ဝန်ဆောင်နိုင်ချေ ရှိပါတယ်။
၂။ အစားအသောက်
-----------------------
အမျိုးမျိုးသောအစားအသောက်တေွဟာ ဟော်မုန်းအပြောင်းအလဲကို ဖြစ်သွားစေနိုင်ပါတယ်။ ဟော်မုန်းပြောင်းလဲခြင်းသည် အမြွှာရနိုင်ချေ ရှိမရှိကို တိုးစေ လျော့စေနိုင်ပါတယ်။ တကယ်လို့ သင်ဟာ အဆီနည်းတာကို စားသောက်တတ်သူ(သို့မဟုတ်) အထူးသဖြင့် သက်သတ်လွတ်သမားဆိုပါက တခြားသော ပြည့်ဝနို့ နှင့် အသားငါးစားသူတို့တေွထက် ပိုပြီးတော့ အမြွှာကိုယ်ဝန်ရနိုင်ချေ နည်းပါးပါတယ်။
၃။ သင်မေွးထားသော ကလေးအရေအတွက်
-------------------------------------------------
ဒီအချက်ကတော့ ကံနှင့်ဆိုင်ပါတယ်။ အမျိုးသမီးတစ်ယောက်သည် ကိုယ်ဝန်ကို လွယ်လွယ်ကူကူ ဆောင်နိုင်ခဲ့ပါက သူမသည် သားဥကောင်းကောင်းကြေွသူပဲ ဖြစ်ပါတယ်။ ဒါကြောင့် ထိုကဲ့သို့ အမျိုးသမီးတွင် တခြားသူများတေွထက် အမြွှာရနိုင်ချေ ပိုများကြောင်း နားလည်ထားရပါမယ်။
၄။ မိခင်၏ အသက်အရွယ်
------------------------------
နှစ်မြွှာ သုံးမြွှာ သဘာဝအတိုင်းမေွးနိုင်မယ့် မိခင်လောင်း၏ အသက်အရွယ်မှာ အသက် ၃၀ နှင့် အသက် ၄၀ ကြားပဲ ဖြစ်ပါတယ်။ ထိုအရွယ်၌ သားဥရော အမျိုးသမီးစနစ် တစ်ခုလုံးကပါ အသက်အရွယ်ကို လိုက်ပြီးတော့ ပြောင်းလဲနေပြီပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့တေွအတွက် လစဉ် သားဥတစ်လုံးထက်ပိုပြီးတော့ ကြေွနိုင်ချေလည်း ပိုမြင့်ပါတယ်။
၅။ နေထိုင်ရာဒေသ
----------------------
သင်လာသည့်နေရာသည်လည်း အမြွှာမေွးခြင်းအတွက် အဓိက အချက်အလက်တစ်ခုပဲ ဖြစ်ပါတယ်။ တစ်ချို့သော မှတ်တမ်းများအရ ဥရောပအနောက်ပိုင်းများတွင် ကိုယ်ဝန် ၆ဝ လှျင် တစ်မြွှာနှုန်း တေွ့ရတတ်ပြီးတော့ အရေှ့တောင်အာရှတွင်တော့ ပိုမို ရှားပါးသည်ကို တေွ့ရှိရပါတယ်။ နိုင်ဂျီးရီးယားရှိ ကိုယ်ဝန် ၂ဝ မှ ၃ဝ တိုင်းတွင် အမြွှာတစ်ဦးနှုန်း ရှိနေသည်ကို အံ့သြဖွယ် တေွ့ရှိရပါတယ်။ သို့သော် တခြားနိုင်ငံများတွင ်နေတဲ့ နိုင်ဂျီးရီးယားသူများတွင်တော့ အမြွှာကိုယ်ဝန်ဆောင်နိုင်ချေ နည်းသောကြောင့် လူမျိုးနှင့်ဆိုင်သည်တော့ မဟုတ်ပါ။ နိုင်ဂျီးရီးယားရှိ အစားအသောက်နှင့် ရာသီဥတုက အမြွှာမေွးစေဖို့အတွက် မေှာ်ဆန်နေခြင်းလည်း ဖြစ်နိုင်ပါတယ်။
၆။ မျိုးပွားကုထုံးများ
----------------------
ကလေးတစ်ယောက်ထက် ပိုရရန် လုပ်ဆောင်ရာတွင် ဖြစ်နိုင်သည့်အရာတစ်ခုမှာ IVF လို မျိုးပွားကုထုံး အသုံးပြုတာမျိုးအတွက် အကူအညီယူခြင်းလည်း ဖြစ်ပါတယ်။ ထိုဆေးများသည် သားဥကြေွှပီးတော့ ဥများထွက်လာစေရန်အတွက် သင့်ခန္ဓာကိုယ်ကို တွန်းအားပေးနိုင်ပါတယ်။
#Ref( ဒေါက်တာ မိုးကျော် - ကိုယ်ဝန်ဆောင်မေမေနဲ့ အမြွှာဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)