ဟုတ်ပါတယ်။ အသစ်စက်စက်မေမေတို့ ဆံပင်တေွ ပါးလာတာဟာ အတော်များများမှာ ကြားရလေ့ရှိတဲ့ ညည်းတွားတဲ့ စကားပါပဲ။ ကလေးမေွးပြီးကာစ ပထမနှစ်လ သုံးလထက်တောင် နောက်ပိုင်းမှာ ဆံပင်တေွ ပိုကျှတ်လာတာတေွ ရှိနိုင်ပါတယ်။ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့သဘာဝမို့ မေမေတေွအနေနဲ့ ဆံပင်တေွကျှတ်ကုန်ပြီဆိုပြီးတော့ အရမ်းထိတ်လန့်မသွားပါနဲ့။ ကလေးအသက်တစ်နှစ်မပြည့်ခင်မှာပဲ မေမေတေွ ဆံပင် ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်။ ပုံမှန်အားဖြင့်တော့ အမျိုးသမီးတစ်ဦးဟာ ပျမ်းမှျအားဖြင့် တစ်နေ့ကို ဆံပင်အချောင်းရေ ၅ဝ ကနေ ၁ဝဝ ကြား ကျှတ်လေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်းမှာဆို အက်စထရိုဂျင် ဟော်မုန်းပမာဏက မြင့်တက်နေတာကြောင့် ဆံပင်ကျှတ်နှုန်းကို နေှးစေပါတယ်။ ဒါပေမယ့် မီးဖွားပြီးတဲ့အခါ အက်စထရိုဂျင်ဟော်မုန်းပမာဏ ထိုးကျသွားပြီးတော့ ဆံပင်တေွ ကျှတ်ပါတော့တယ်။ ကလေးအသက်လေး ငါးလမှာ အဆိုးဆုံး ဖြစ်နိုင်ပါတယ်။ အဲဒီအချိန်မှာ ဆံပင်သန်ဆေးတေွ ၊ ပေါင်းဆေးတေွ ဘယ်လောက်ကောင်းကောင်း အာနိသင် ထူးခြားမှာတော ့မဟုတ်ပါဘူး။ ဆံပင်အကျှတ်သက်သာအောင်ပဲ ကိုယ့်ဘာသာဂရုစိုက်တာပဲ တတ်နိုင်ပါလိမ့်မယ်။ တစ်ချို့အမျိုးသမီးတေွဆို သိပ်မသိသာပေမယ့် ဆံပင်ရှည်တဲ့ မေမေတေွကျ ဆံပင်ပါးလာတာကို ပိုသိသာပါတယ်။ ဒါပေမယ့် ယာယီဖြစ်တတ်တဲ့ သဘာဝမို့ စိတ်တေွ ဆင်းရဲမနေပါနဲ့အုန်း။ ဒီနည်းလေးတေွကိုသာ လုပ်ကြည့်လိုက်ရင် အဲဒီအခိုက်အတန့်ကို အလှမပျက်ဘဲ ကောင်းကောင်း ကျော်ဖြတ်နိုင်မှာပါ။ ထိုနည်းလမ်းတေွက ဘာတေွလဲဆိုတော့
၁။ ဆံပင်ညှပ်ပါ
------------------
ဒါကြောင့် မီးဖွားထားတဲ့ မေမေတေွ တော်တော်များများက ဆံတိုလေးတေွ ဖြစ်ကုန်ကြတာပါ။ ဆံပင်ပုံစံပြောင်းလို့ ပိုလှသွားနိုင်သလို ဆံပင်ရှည်ရှည်လေးတေွ ခေါင်းဖြီးတိုင်း ပိုကျှတ်ရတဲ့အဖြစ်ကိုလည်း ပိုပြီးတော့ ကာကွယ်နိုင်ပါလိမ့်မယ်။ ကလေးတစ်ဖက်နဲ့ အလုပ်ရှုပ်နေတဲ့အချိန်မှာ ဆံပင်နဲ့ပတ်သက်ပြီးတော့ စိတ်ရှုပ်မနေရတော့ပါဘူး။ သိပ်တိုတာ မဟုတ်တောင် အလွယ်တစ်ချက် စည်းလို့ရတဲ့ မတိုမရှည်လောက်လည်း အဆင်ပြေပါတယ်။ အဓိကက ဖြီးနေရတာ ဆံပင်ရှုပ်တာဖြစ်ရင် ပိုကျှတ်မှာစိုးလို့ပဲ ဖြစ်ပါတယ်။ ဆံပင်ရှည်ရင်တော့ အဖျားရှူးနိုင်တော့ တိုသွားရင်လည်း ပိုထူသလိုလည်း ထင်ရစေပါတယ်။
၂။ ဆံသားမခြောက်သေွ့အောင် ဂရုစိုက်ပါ
-----------------------------------------------
ပြောချင်တာကတော့ ဆီထည့်ပါပေါ့။ ခေါင်းလေှျာ်ပြီးရင် သံလွင်ဆီလေးဖြစ်ဖြစ်၊ hair coat ဒါမှမဟုတ် ဆံသားအစိုဓါတ်ထိန်းပေးမယ့် ပစ္စည်းတစ်ခုခုကို သုံးပါ။ ပြီးရင် ဆံပင်ပျော့ဆေးလည်း သုံးပါ။
၃။ ဓာတုဆေးတေွ ရေှုာင်ပါ
------------------------------
ဆံပင်အရောင်ဆိုးတာက အလှအတွက် အဆင်ပြေနိုင်ပေမယ့် ဆံပင်ပိုကျှတ်နိုင်စေမယ့်အရာကတော့ ဘာမ ှထပ်မလုပ်တာက အကောင်းဆုံးပါပဲ။ ဓာတုဆေးတေွ ထိတဲ့အခါ ဆံသားကျန်းမာရေးအတွက် မကောင်းပါဘူး။
၄။ Dryer သို့မဟုတ် ဖြောင့်/ကောက်စက် မသုံးပါနဲ့
--------------------------------------------------------
ဆံပင်ကို dryer နဲ့ အခြောက်ခံတဲ့အခါ ဒါမှမဟုတ် ဖြောင့်စက်/ကောက်စက် သုံးတဲ့အခါ ဆံသားကို အပူနဲ့ထိတေွ့စေတဲ့အခါ ဆံပင်တေွ ပိုပြီးတော့ ပိုပါးလာစေပါတယ်။
၅။ ခပ်ကြမ်းကြမ်း မဖြီးပါနဲ့
-----------------------------
ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် ခေါင်းဖြီးတာကို အမြန်မလုပ်ပါနဲ့။ ဆံပင်မနာအောင် ခပ်ဖွဖွ ၊ အသာအယာပဲ ဖြီးပါ။ ပြီးရင် တစ်နေ့ တစ်ကြိမ် ၊ နှစ်ကြိမ် ထက်ပိုပြီးတော့ မဖြီးပါနဲ့။
၆။ အာဟာရပြည့်အောင် စားပါ
----------------------------------
ခန္ဓာကိုယ်မှာ လိုအပ်သမှျ အာဟာရတေွကို ညီညွတ်မှျတအောင် စားပေးရပါမယ်။ အသား၊ငါး၊ အသီးအရွက်နဲ့ အသီးနှံတေွကို စုံလင်အောင် စားပါ။ ဒီအချက်က ဆံသားအတွက်တင် မကဘဲ မိခင်နို့ကိုပါ သက်ရောက်မှုရှိစေတာမို့ ကလေးကျန်းမာရေးအတွက်လည်း ကောင်းကောင်း အကျိုးပြုစေပါတယ်။
၇။ အားဆေးသောက်ပါ
---------------------------
လိုအပ်လာရင် ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ အားဆေးသောက်သင့်ရင် သောက်ပါ။ အစာအာဟာရကနေ ဗီတာမင်နဲ့သတ္တုဓာတ်တေွကနေ လုံလောက်အောင်ရနိုင်ပါ့မလားဆိုတာက သိဖို့ အရေးကြီးပါတယ်။ မိခင်ကျန်းမာမှသာ နို့စို့ကလေးက ကျန်းမာပြီးတော့ ဖွံ့ဖြိုးနိုင်မှာပါ။ မေမေတေွ အနေနဲ့ ဆံပင်ကျှတ်ခြင်းမှ အမြဲကင်းဝေးနိုင်ကြပါစေ။
#Ref( ဟယ်လို - မေမေနဲ့ ဆံပင်ကျှတ်ခြင်းဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)