အမျိုးသမီးတစ်ယောက်အတွက် သူမရဲ့ ကိုယ်ဝန်ဆောင်ကာလတစ်လေှျာက်မှာ ယခင်ကလုံးဝမကြုံတေွ့ခဲ့ဖူးတဲ့ ထူးခြားဆန်းကြယ်တဲ့ အဖြစ်အပျက်တေွ များစွာ ကြုံတေွ့ရပါတယ်။ အထူးသဖြင့် ပထမဆုံးအကြိမ် ကိုယ်ဝန်ဆောင်သူတေွဆို ပိုလို့တောင် အထူးအဆန်း ဖြစ်နိုင်ပါသေးတယ်။ သူမရဲ့ ဝမ်းဗိုက်ထဲမှာ သန္ဓေသားလေးကို လွယ်ထားရတာကြောင့် အတေွးပေါင်းများစွာ ဝင်ရောက်လာမှာပါ။ သန္ဓေသားလေး ဘယ်လိုနေနေတယ် ၊ ဘယ်လိုထိုင်နေတယ် ဘယလိုတေွ ဖွ့ံဖြိုးတိုးတက်မှုရှိနေတယ်ဆိုတာလည်း မိခင်လောင်းတိုင်း သိချင်ကြတဲ့ ကိစ္စတစ်ခုပါပဲ။
သန္ဓေသားလေးတေွဟာ မိခင်ဝမ်းဗိုက်ထဲမှာကတည်းက ကြိုတင်သင်ယူနေတဲ့အရာတေွ ရှိနေပါတယ်။ တစ်ချို့အရာတေွဆိုရင် သင်စဉ်းစားမိမှာတောင် မဟုတ်ပါဘူး။ သန္ဓေသားလေးဟာ မိခင်ဝမ်းဗိုက်ထဲမှာ ရေမြွှာရည်ကိုသာ အသက်ရှူလေ့ကျင့်ခန်းအဖြစ် ရှူရှိုက်နေရပါတယ်။ ကိုယ်ဝန်သက်တမ်း ၃၆ပတ်အထိ အဆုတ်ဖွ့ံဖြိုးဖို့အတွက် မိခင်ရဲ့ ရေမြွှာရည်ကိုသာ ရှူရှိုက်နေရတာပါ။ ပုံမှန်အားဖြင့် ကိုယ်ဝန်သက်တမ်း အပတ်၂၀မှာ သန္ဓေသားလေးရဲ့ နားရွက် အတွင်း ၊ အပြင် ၊ အလယ် သုံးပါးစလုံး ဖွ့ံဖြိုးပါတယ်။ ဒါ့ကြောင့် အပြင်ကလာတဲ့အသံတေွကိုတောင် ဒီအချိန်မှာ သန္ဓေသားလေးက ကြားနိုင်နေပါပြီ။
သန္ဓေသားလေးဟာ မိခင်ရဲ့ အသံကိုလည်း ကြားနိုင်ပြီဖြစ်တာကြောင့် မှတ်သားမိနေကာ မိခင်နဲ့ ရင်းနှီးမှုကို အလိုလို ရရှိနေမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်သက်တမ်း ၂၁ပတ်မှာ သန္ဓေသားလေးဟာ အရသာကို စတင်ခံစားနိုင်နေပါပြီ။ မိခင်ရဲ့ ရေမြွာရည်ကို နေ့စဉ်မျိုချရာမှ ၎င်းအရည်ထဲမှာ မိခင်ဖြစ်သူ စားသုံးလိုက်တဲ့ အစားအစာတေွကို အရသာတေွပါဝင်နေပါတယ်။ သန္ဓေသားလေးဟာလည်း အဲ့ဒီ့အရသာကို စတင်မြည်းစမ်းနိုင်ပါတယ်။
နောက်ပြီး မိခင်ဖြစ်သူ စိတ်ဖိစီးမှုဒဏ် ခံစားရတဲ့အခါ သန္ဓေသားလေးမှာလည်း များစွာသော ဆိုးကျိုးတေွ သက်ရောက်နိုင်ပါတယ်။ ဒါ့ကြောင့် အနီးကပ်နေထိုင်ရတဲ့ ခင်ပွန်း ၊ မိသားစုဝင်တေွဟာ မိခင်လောင်းကို စိတ်ဖိစီးမှု ကင်းဝေးအောင်ထားဖို့ အရေးကြီးပါတယ်။ သန္ဓေသားလေးတေွရဲ့ ခြေလက်လှုပ်ရှားခြင်း ၊ ကန်ခြင်းတို့ဟာ ပတ်ဝန်းကျင်အကြောင်းလေ့လာဖို့ ကြိုးစားနေခြင်းသာ ဖြစ်ပါတယ်။ ဒါကို မိခင်လောင်းတေွအနေနဲ့လည်း ခံစားမိကြမှာ သေချာပါတယ်။
ရင်သေွးငယ်လေးတေွဟာ သန္ဓေသားဘဝမှာကတည်းက အရာရာကို စူးစမ်းလေ့လာတတ်တဲ့ ဗီဇရှိနေပါတယ်။ သူတို့ရဲ့ လေ့လာမှု စွမ်းရည်ဟာ တစ်ခါတစ်လေမှာ မိခင်လောင်းတေွကိုယ်တိုင် မသိလိုက်တာမျိုး ၊ မစဉ်းစားမိတာမျိုးအထိ ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ ဝမ်းဗိုက်ထဲက လုပ်ဆောင်ချက်တေွဟာ လူ့လောကထဲ အမှန်တကယ် ရောက်ရှိလာချိန်မှာ စတင်လုပ်ဆောင်ဖို့ ရည်ရွယ်ပါတယ်။
HYA ( kyarlay )