စျေး မီဒီယာ
အခြား

ဗီတာမင်ဓာတ်တေွှပည့်ဝပြီး အာဟာရပြည့်ဝစေမယ့် ဖြည့်စွက်စာ

Posted by Marlar September 24, 2018
Ruldob7tjwvt783q5joz

ကလေးတေွကို အာဟာရပြည့်ဝအောင်ကျေွးတဲ့နေရာမှာ ဗီတာမင်ဓာတ်တေွရရှိဖို့ အသီးအရွက်ကျေွးရာမှာတော့ မေမေတို့ မကြာခဏ ခေါင်းခဲတတ်ပါတယ်။ ဖြည့်စွက်စာကျေွးတဲ့အချိန်လောက်ကတည်းက ကလေးကို ဟင်းသီးဟင်းရွက်စားချင်လာအောင် ပြင်ဆင်ချက်ပြုတ်ကျေွးရင်တော့ သားသားမီးမီးတို့လည်း အလေ့အကျင့်ရလာပြီး နှစ်သက်လာကြမှာပါ။ ဗီတာမင်ဓာတ်တေွှကွယ်ဝပြီး အာဟာရပြည့်ဝတဲ့အပြင် မျက်စိအားကောင်းစေမယ့် ဖြည့်စွက်စာလေး ပြုလုပ်နည်းလေးကို မေမေတို့အတွက် မှျဝေပေးချင်ပါတယ်။ ဒီဖြည့်စွက်စာလေးကတော့ အရောင်လေးစုံပြီး သဘာဝအချိုဓာတ်တေွှပည့်ဝတဲ့အပြင် အရသာရှိလှတာမို့ သားသားမီးမီးတို့လည်း နှစ်သက်ကြမှာ အသေအချာပါပဲ။

ဖြည့်စွက်စာပြုလုပ်ဖို့အတွက် အာလူး၊ မုန်လာဥနီ၊ ပန်းမုန်လာစိမ်း၊ ထောပတ်နဲ့ နို့တို့လိုအပ်ပါတယ်။ အရင်ဆုံး အာလူးကို အခွံခွာကာ အတုံးသေးသေးလေးတေွ တုံးထားပါ။ ပန်းမုန်လာစိမ်းနဲ့ မုန်လာဥနီကိုလည်း ရေနှင့် သန့်စင်အောင် ဆေးပြီး အတုံးလေးတေွတုုံးထားပါ။ ရေနေွးပွက်ပွက်ဆူထဲကို အာလူးနဲ့ မုန်လာဥနီကို ထည့်ပြီး မိနစ် ၂၀ လောက် ရေနည်းနည်းနဲ့ ပြုတ်ပါ။ ပန်းမုန်လာစိမ်းအတုံးလေးတေွကိုေ တာ့ နူးညံ့လာတဲ့အထိ ရေနေွးငေွ့ဆူဆူနဲ့ ၈ မိနစ်လောက် ပေါင်းပါ။

ရရှိလာတဲ့ အာလူး၊ မုန်လာဥနီနဲ့ ပန်းမုန်လာစိမ်းတို့ ကြိတ်ချေပြီး ကျိုချက်ထားတဲ့ နို့အနည်းငယ်နဲ့ ထောပတ်အနည်းငယ်ကိုထည့်ကာ သမနေအောင်မေွှပါ။ ဒါဆိုရင်တော့ အာဟာရပြည့်ဝပြီး သဘာဝအရသာလေးအတိုင်း ဆိမ့်ချိုမေွှးပြီး အရသာရှိရှိ အရောင်အသေွးစုံလင်တဲ့ စားချင်စဖွယ် ဖြည့်စွက်စာကို ရရှိမှာ ဖြစ်ပါတယ်။

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.