
စိမ်းစားဥမှာ ရေဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့် ခေတ်သစ် ဗိုက်ဗိုက်လေးတေွနဲ့ အရမ်း သင့်တော်ပါတယ်။ လတ်လတ်ဆတ်ဆတ် စိမ်းစားဥကိုပဲ ရေွးချယ် စားသုံးပါ။ စိမ်းစားဥကြိုက်တဲ့ ဗိုက်ဗိုက်လေးတေွရော ရှိလား။ စိမ်းစားဥဟာဆိုရင် ကိုယ်ဝန်ဆောင်တဲ့ မေမေတေွအတွက်ကော သန္ဓေသားလေးအတွက်ပါ အကျိုးကျေးဇူးတေွ အများကြီးရှိပါ တယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ စိမ်းစားဥက ကိုယ်ဝန်ဆောင်မေမေတေွအတွက် ဘယ်လို ကြီးမားတဲ့ အကျိုးကျေးဇူးတေွ ပေးသလဲဆိုတာကို အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။

၁။ ကယ်ဆီယမ်နဲ့ ဖော့စဖောရပ်
----------------------------------
စိမ်းစားဥမှာ ကယ်ဆီယမ်နဲ့ ဖော့စဖောရပ် ကြွယ်ဝစွာပါဝင်ပါတယ်။ သန္ဓေသားလေးရဲ့ အရိုးနဲ့ သွား ကြီးထွားဖွံ့ဖြိုးမှုအတွက် ကောင်းကောင်း အထောက်အကူပြုပါတယ်။ မေမေလောင်းတို့ရဲ့ အရိုးနဲ့သွား ပြဿနာတေွကိုလည်း စိမ်းစားဥက ဖြေရှင်းပေးနိုင်ပါတယ်။

၂။ ရေ
--------
စိမ်းစားဥမှာ ရေဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့် ဗိုက်ဗိုက်လေးတေွနဲ့ အလွန်သင့်တော်ပါတယ်။ ဒါကြောင့် လတ်လတ်ဆတ်ဆတ် စိမ်းစားဥကိုပဲ ရေွးချယ် စားသုံးပါ။ ရေဓာတ် ခမ်းခြောက်တာကိုလည်း ကာကွယ်ပေးပါတယ်။ စိမ်းစားဥဟာ အသားအရေကို ကောင်းမွန်စေပြီးတော့ ကျန်းမာရေးနဲ့ အလှအပကို လည်း အထောက်အကူပြုပါတယ်။ အသားအရေကိုလည်း ကြည်ကြည်လင်လင်ဖြစ်စေပါတယ်။

၃။ အမှျင်
----------
စိမ်းစားဥမှာ အမှျင်ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် အစာခြေစနစ်ကိုလည်း အထောက်အကူပြုပါ တယ်။ အစာကို ကြေစေပြီးတော့ ဝမ်းချုပ်တာနဲ့ ဝမ်းလေှျာတာတေွကိုလည်း ကာကွယ်ပေးပါတယ်။ ဒါအပြင် မေမေတေွအနေနဲ့ ကိုယ်အလေးချိန် ရုတ်တရက် မြင့်တက်လာတာကိုလည်း ကာကွယ်ပေးပါတယ်။

၄။ ဗီတာမင် C
-----------------
စိမ်းစားဥမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဆဲလ်တစ်သှျူးတေွ ပျက်စီးတာကို လည်း ပြန်လည်ကောင်းမွန်အောင် ပြုပြင်ပေးပြီးတော့ ကိုယ်ခံစွမ်းအားကိုလည်း ကောင်းမွန်စေတဲ့အပြင် ကိုယ်ဝန်ဆောင်တဲ့အချိန်အတွင်း ဆီးချိုဖြစ်တာကိုလည်း ကာကွယ်ပေးပါတယ်။ သေွးထဲက မကောင်းတဲ့ ကိုလက်စထရောတေွ နည်းသွားစေပြီးတော့ အရိုး၊ သွားနဲ့ အသားအရေ ၊ ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။

၅။ သံဓာတ်
--------------
စိမ်းစားဥမှာ သံဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့် မေမေတေွ ကိုယ်ဝန်ဆောင်တဲ့အချိန် သေွးအားနည်းတာကိုလည်း ကာကွယ်ပေးပါတယ်။ စိမ်းစားဥက အစာအိမ်ရဲ့ အက်ဆစ်ဓာတ် မြင့်တက်လာတာကိုလည်း ကာကွယ်ပေးပါတယ်။ အမှျင်ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် သေွးတွင်းသကြားဓာတ်ကိုလည်း ထိန်းညိှု့ပေးပါတယ်။ ဆီးချိုရောဂါ၊ ကိုလက်စထရော၊ အနာ စတဲ့ ကိုယ်ဝန်ဆောင်ချိန်အတွင်း ကြုံတေွ့ရနိုင်တဲ့ ရောဂါတေွကို ကာကွယ်ပေးပါတယ်။ ကလေးမေွးဖွားတဲ့အချိန်မှာ နာကျင်တာ ကို သက်သာအောင် လည်း အထောက်အပံ့ဖြစ်စေပါတယ်။ မိခင်နို့လည်း အထွက်ကောင်းစေပါတယ်။ ဒါအပြင် စိမ်းစားဥဟာ သူ့ရာသီနဲ့သူသာ ရနိုင်တာကြောင့် မေမေလောင်းတေွအနေနဲ့ ကိုယ်ဝန်ရှိတဲ့အချိန်နဲ့ စိမ်းစားဥပေါ်တဲ့အချိန် တိုက်ဆိုင်တယ်ဆိုရင်တော့ ဗိုက်ဗိုက်လေးတေွအနေနဲ့ စားဖြစ်အောင် စားဖို့အတွက် မိုမိုလေးကနေ တိုက်တွန်းလိုက်ပါတယ်။
#Ref( အင်တာနက် - ကိုယ်ဝန်ဆောင်မေမေနဲ့ စိမ်းစားဥဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)