မေွးကင်းစကနေ ၆ လအထိ မကြာခဏ မိခင်နို့တိုက်ကျေွးခံရပြီး ချီပိုးခံရတဲ့ကလေးငယ်တေွဟာ သူတို့အတွက်လိုအပ်တဲ့ အကောင်းဆုံးအာဟာရကို ရရှိကြရုံသာမက စိတ်လုံခြုံမှုရရှိတတ်ကြကြောင်း လေ့လာဆန်းစစ်ချက်တေွအရ သိရှိရပါတယ်။ အဲ့ဒီလိုကလေးငယ်တေွဟာ မိခင်တေွနဲ့ ပိုမိုကောင်းမွန်တဲ့ ရင်းနီးမှုတစ်ခုဖန်တီးနိုင်တာကြောင့် သူတို့ဘဝရဲ့ အနာဂတ်အတွက် ကောင်းမွန်တဲ့ လူမှုဆက်ဆံရေးပုံစံတေွကိုပါ တည်ဆောက်သွားနိုင်စေပါတယ်။ ဒီလိုမျိုး ပိုမိုကောင်းမွန်တဲ့ ရင်းနီးမှုတစ်ခုကို ဖန်တီးနိုင်ခြင်းဟာ မိခင်တေွအတွက် မိခင်နို့တိုက်ကျေွးရာမှာ ပိုမိုလွယ်ကူစေသလို ကလေးရဲ့ လိုအပ်ချက်တေွကိုလည်း ပိုပြီးအလွယ်တကူ နားလည်နိုင်စေမှာဖြစ်ပါတယ်။ မိခင်နို့တိုက်ကျေွးခြင်းဟာ မိခင်နဲ့မေွးကင်းစကလေးငယ်တို့အကြား ပထမဦးဆုံးနဲ့ အားအကောင်းဆုံး ရင်းနှီးမှုတစ်ခုကို တည်ဆောက်နိုင်စေပါတယ်။ သေချာစဉ်းစားကြည့်ရင် အလွန့်အလွန်ကို ပီတိဖြစ်စရာပါပဲ။
ဒေါ်သဲလ်မာထွန်းသိန်း
အာဟာရသိပ္ပံပညာပါရဂူ/အာဟာရဗေဒပညာရှင်နှင့် မိခင်နို့တိုက်ကျေွးခြင်းဆိုင်ရာ
နိုင်ငံတကာအသိအမှတ်ပြု အကြံပေးပညာရှင်