မေမေတေွအနေနဲ့ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာဆိုလှျင် သာမန်အချိန်ထက် အစားအသောက် ၊ အနေအထိုင် ဆင်ခြင်ရတာကို သိရှိပြီးသား ဖြစ်မှာပါ။ ကိုယ်ဝန်ရှိပြီဆိုတာနှင့် နားလည်တတ်ကျှမ်းတဲ့သူတေွဆီမှ ဆောင်ရန်၊ရေှာင်ရန် နည်းလမ်းများကို သိရှိထားသင့်ပါတယ် ။ အထူးသဖြင့် ကိုယ်ဝန်နုနယ်သေးတဲ့အချိန်မှာဆိုရင် အစားအသောက် ၊ အနေအထိုင် မဆင်ခြင်လှျင် ပျက်ကျသွားသည်အထိ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ကိုယ်ဝန်ဆောင်ထားတဲ့အချိန် မေမေတေွအနေနဲ့ ရုတ်တရက် စားသောက်လိုက်မိရင် ကိုယ်ဝန်ပျက်ကျစေနိုင်လောက်တဲ့ အစားအသောက်တေွကို အခုလိုပဲ မေတ္တာနဲ့ တင်ပြပေးလိုက်ပါတယ်။
၁။ နာနတ်သီး
----------------
နာနတ်သီးဟာဆိုရင် ကိုယ်ဝန်ပျက်ကျနိုင်ခြေ အများဆုံးရှိတဲ့ အသီးပဲ ဖြစ်ပါတယ် ။ ဒါကြောင့် ကိုယ်ဝန်ဆောင်တေွအနေနဲ့ လုံးဝမစားသင့်တဲ့ ဦးစားပေး အသီးတစ်မျိုး ဖြစ်ပါတယ် ။ နာနတ်သီးမှာ ပါဝင်တဲ့ bromelain လို့ခေါ်တဲ့ ဓာတ်ဟာ သားအိမ်ကို ပျော့စေပြီ သားအိမ်လမ်းကြောင်းကိုလည်း ကျဉ်းမြောင်းစေတာကြောင့် ကိုယ်ဝန်နုစဉ်မှာ စားသုံးလှျင် အလွန်အရမ်းအန္တရာယ် များပါတယ် ။
၂။ သင်္ဘောသီး
------------------
နာနတ်သီးပြီးလျှင်တော့ သင်္ဘောသီးပဲ ဖြစ်ပါတယ် ။ တစ်ချို့က သင်္ဘောသီးအစိမ်းကို မစားသင့်ဘူးဆိုတာကို သိရှိပြီးသား ဖြစ်မှာပါ ။ ဒါပေမယ့် ဖြစ်နိုင်မယ်ဆိုလှျင်တော့ သင်္ဘောသီးကို အစိမ်းရော အမှည့်ပါ မစားတာ အကောင်းဆုံးပါပဲ။ ကိုယ်ဝန်နုနယ်စဉ်အချိန်မှာ စားသုံးမိလှျင် ကိုယ်ဝန်ပျက်ကျနိုင်ခြေရှိတာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ လုံးဝမစားမိဖို့အတွက် အရေးကြီးပါတယ်။
၃။ ရှားစောင်းလက်ပက်ဖျော်ရည်
------------------------------------
ရှားစောင်းလက်ပတ်ဟာ အသားအရေနှင့် ကျန်းမာရေးအတွက် အလွန်ကိုကောင်းတဲ့ အရာပဲ ဖြစ်ပါတယ်။ သို့သေ်ာ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက် ဖြစ်နေမယ်ဆိုရင်တော့ တင်ပါးဆုံရိုးရှိ သေွးယိုစီးမှု ဖြစ်နိုင်ပြီးတော့ ကိုယ်ဝန်ပျက်ကျခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။
၄။ ဒန့်ဒလွန်သီး
-------------------
ဒန့်ဒလွန်သီးမှာ ပါဝင်တဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဓါတ်ပေါ်င်းတေွဟာ ကိုယ်ဝန်ဆောင်တေွအတွက်တော့ အန္တရာယ်ရှိနိုင်ပြီးတော့ သင့်ရဲ့ကိုယ်ဝန်ကို ပျက်ကျစေနို်င်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။
၅။ မက်မွန်သီး
-----------------
အရသာရှိတဲ့ မက်မွန်သီး ၊ မက်မွန်သီးဖျော်ရည်တေွဟာဆိုရင် ကိုယ်ဝန်ဆောင် အမျိုးသမီးတေွအနေနဲ့ မစားသင့်တဲ့ အစားအစာတေွထဲက တစ်ခု အပါအဝင်ပဲ ဖြစ်ပါတယ် ။ အထူးသဖြင့် မက်မွန်သီး အခွံမှာပါတဲ့ အမှျင်လေးတေွက ယားယံခြင်းနှင့် သားအိမ်အတွင်း သေွးယိုစီးမှုကို ဖြစ်စေနိုင်ပြီးတော့ ကိုယ်ဝန်ပျက်ကျစေဖို့အတွက် အလားအလာ များစေပါတယ် ။ ဒါကြောင့် မက်မွန်သီးဟာ ကိုယ်ဝန်နုနယ်စဉ် အချိန်မှာ ရေှာင်သင့်တဲ့ အသီးတစ်မျိုးပဲ ဖြစ်ပါတယ်။
၆။ ကော်ဖီ
------------
ကော်ဖီကြိုက်တဲ့သူအနေနဲ့ မနက်ခင်းကို ကော်ဖီတစ်ခွက်မှ မသောက်ရလှျင် တစ်နေ့တာလုံးဟာ နေလို့ထိုင်လို့ မကောင်းဘူးဆိုတာ သိပါတယ် ။ သို့သော် ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်အနေနဲ့တော့ လုံးဝ မရေှာင်ကျဉ်နိုင်လှျင်တောင် အလွန်ထိန်းသိမ်းပြိးတော့ သောက်သုံးသင့်ပါတယ်။ ကဖင်းဓါတ်က ခန္ဓာကိုယ်တွင်းရှိ အရည်တေွကို စုပ်ယူပစ်ပြီးတော့ ကယ်လ်စီယံဓာတ်ကို လျော့နည်းစေကာ ရေဓါတ်ကုန်ဆုံးမှုတေွကို ြ ဖစ်လာစေနိုင်ပါတယ် ။ ဒါကြောင့် ကို်ယ်ဝန်ဆောင်များ အနေနဲ့ ရေများများသောက်ဖို့ လိုအပ်သလို ကဖင်းဓာတ် များလွန်းလှျင်လည်း ကိုယ်ဝန်ပျက်ကျခြင်း ၊ လမစေ့ ပေါင်မပြည့်ပဲ မေွးခြင်း နှင့် အခြား သာမန်မဟုတ်တဲ့ ကလေးမေွးဖွားခြင်းမျိုးတေွ ဖြစ်လာစေနိုင်ပါတယ်။
၇။ စည်သွတ်ဘူး ငါးများ
---------------------------
တူနာငါး ၊ ဆာလ်မွန်ငါးတေွကို စည်သွပ်ဘူးထဲထည့်ကာ ကြာရှည်ခံအောင်လုပ်ထားတဲ့ ငါးမျိုးကိုလည်း ကိုယ်ဝန်ဆောင်တေွအနေနဲ့ မစားသင့်ပါဘူး။ အလွယ်ပြောရလှျင်တော့ မေမေတေွအနေနဲ့ ငါးသေတ္တာကို လုံးဝ မစားသင့်ပါဘူး ။ ဒီလိုစည်သွပ်ဘူးမှာ ပါဝင်တဲ့ ငါးတေွမှာ Listeria လို့ခေါ်တဲ့ ဘက်တီးရီးယားတေွ ပါဝင်ပြီးတော့ ကိုယ်ဝန်ပျက်ကျမှုကိုလည်း ဖြစ်စေနိုင်ပါတယ်။
၈။ အအေးခံထားသောစားဖွယ်ရာများ
----------------------------------------
အထူးသဖြင့် ကုန်တိုက်တေွမှာ ရောင်းတဲ့ ရေခဲရိုက် အအေးခံထားတဲ့ ကြက်အူချောင်းများ ၊ အသားတုများ ၊ အသားတေွဟာလည်း စည်သွပ်ငါးတေွကဲ့သို့ ဘက်တီးရီးယားတေွ များစွာ ပါဝင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် အစားအသောက် စားမယ်ဆိုလှျင် ပူနေွးသော အစားအစာများကိုပဲ စားသင့်ပါတယ်။
၉။ အသင့်သောက်အအေးဘူးများ
-------------------------------------
ကိုယ်ဝန်ဆောင်များအနေဖြင့် အဆင်သင့် သောက်သုံးနိုင်တဲ့ အအေးဘူးတေွအစား လတ်ဆတ်တဲ့ အသီးဖျော်ရည်မျိုးကိိုပဲ သောက်သုံးသင့်ပါတယ်။
၁ဝ။ Green Tea (လက်ဖက်စိမ်း)
-------------------------------------
Antioxident ကြွယ်ဝတဲ့ Green Tea မှာ ပါဝင်တဲ့ ကဖင်းဓာတ်ဟာ ၂၀၀ မီလီဂရမ်လောက် ပါဝင်ပါတယ် ။ ဒီလက်ဖက်စိမ်းဟာ ကော်ဖီကဲ့သို့ပင် စွမ်းအင်ရှိတာကြောင့် များများသောက်လှျင် ကိုယ်ဝန်ကို ပျက်ကျစေနိုင်ပါတယ် ။ ကိုယ်ဝန်ဆောင်တေွသာမက နို့တိုက်မိခင်တေွ သောက်သုံးလှျင်လည်း ကလေးကို အကျိုးသက်ရောက်မှု ရှိနိုင်တာကြောင့် green tea သောက်သုံးခြင်းကိုလည်း ရေှာင်ကြဉ်သင့်ပါတယ် ။ တကယ်လို့ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဖြစ်ပြီးတော့ ရရှိလာမယ့် ရင်သေွးလေးကို ကျန်းမာစွာ မေွးဖွားလိုတယ်ဆိုရင်တော့ အထက်မှာဖော်ပြခဲ့တဲ့ အစားအသောက်တေွကို ဝေးဝေးကနေ တက်နိုင်သမှျ ရေှာင်ကြဉ်မယ်လို့ စာရေးသူ မေှျာ်လင့်မိပါတယ်။
#Ref( Dr. Chan - ကိုယ်ဝန်ဆောင်မိခင်နဲ့ အန္တရယ်ရှိတဲ့ အစားအစာများဆောင်းပါးမျ)
#ရှမ်းပုတ်(မိုမိုလေး)