
ကလေးကို အစာ စကျေွးတဲ့အချိန်( နို့ဖြတ်တဲ့အချိန်၊ ထမင်း စကျေွးတဲ့အချိန်)ဟာ ကလေးရဲဲ့ကြီးထွားဖွံ့ဖြိုးမှုမှာ အရမ်းအရေးပါတဲ့ကာလပဲ ဖြစ်ပါတယ်။ ဒါပေမယ့် နို့စို့အရွယ်ကနေ အစာ စစားတဲ့အချိန်မှာ ကလေးကို မေမေတေွအနေနဲ့ ဘာတေွကျေွးသင့်သလဲ၊ ပြီးတော့ ဘာတေွကို မကျေွးသင့်ဘူးလဲဆိုတာက မေမေတေွတော်တော်များများ ခေါင်းစားရတဲ့ပြဿနာပါပဲ။ အထူးသဖြင့် အသီးအနှံ ကျေွးတဲ့အခါမှာပေါ့။ ဒါကြောင့် ဒီတစ်ခါမှာတော့ မေမေတို့ စိတ်မရှုပ်ရလေအောင် ကလေးငယ်တေွအတွက် အာဟာရဓာတ်အပြည့်ဝဆုံးနဲ့ အသင့်တော်ဆုံးအသီး (၅) မျိုးကို အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။

၁။ ထောပတ်သီး
-------------------
ကလေးကို အဆီဓာတ်ပါဝင်မှုများတဲ့ စားစရာတေွ မကျေွးသင့်ဘူးလို့ မိဘတော်တော်များများက ယုံကြည်ထားတတ်ကြပါတယ်။ တကယ်တော့ အဆီဓာတ်ဟာ ဗီတာမင် A ၊ C ၊ D နဲ့ E တို့လို အဆီမှာ ပျော်ဝင်တဲ့ အာဟာရဓာတ်တေွကို ကောင်းကောင်း စုပ်ယူပေးနိုင်တာကြောင့် ကလေးငယ်ရဲ့စားသုံးမှုအာဟာရထဲမှာ မဖြစ်မနေပါဝင်သင့်တဲ့ဓာတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကလေးရဲ့အရေပြားကျန်းမာရေးနဲ့ ဦးနေှာက်ရဲ့လုပ်ဆောင်ချက်တေွကိုလည်း အထောက်အကူပေးနိုင်ပါတယ်။ ထောပတ်သီးမှာ monounsaturated fats တေွနဲ့ ဗီတာမင် E လို အကျိုးပြုအဆီဓာတ်တေွအပြင် folate ၊ ပိုတက်စီယမ်နဲ့ဗီတာမင်ဘီ အုပ်စုတေွ ကြွယ်ဝတာကြောင့် ကလေးတေွအတွက် အကောင်းဆုံးအသီးတစ်မျိုးပဲ ဖြစ်ပါတယ်။ ကြိတ်ချေလိုက်ရင် နုညက်တဲ့အနှစ် ၊ ဆိမ့်တဲ့အရသာကြောင့်လည်း အစားစားတတ်ခါစ ကလေးငယ်တေွက ထောပတ်သီးကို လက်ခံလွယ်ကြပါတယ်။ ဒါအပြင် စားရတာ အရသာပိုရှိစေဖို့အတွက် တစ်ခြားအသီးတေွနဲ့ရောတာမျိုး၊ ကလေးအကြိုက် အရသာသစ်ဖန်တီးတာမျိုးတေွလည်း လုပ်ကျေွးလို့ရပါတယ်။

၂။ ငှက်ပျောသီး
-----------------
ငှက်ပျောသီးက အာဟာရပြည့်ပြီးတော့ အရသာရှိတဲ့အသီးတစ်မျိုးဖြစ်တဲ့အပြင် နို့ဖြတ်ခါစ ကလေးငယ်လေးတေွအတွက်လည်း အသင့်တော်ဆုံးအဖြစ် ရေွးချယ်တတ်ကြပါတယ်။ အစာကြေညက်လွယ်တဲ့ အမှျင်ဓာတ်၊ ဗီတာမင်ဘီအုပ်စုနဲ့ အကျိုးပြုကာဗိုဟိုက်ဒရိတ်တေွ ကြွယ်ဝလို့ ကလေးကို လေပွှခင်း၊ မအီမသာဖြစ်ခြင်းတေွ မဖြစ်စေဘဲ ကလေးကို ကောင်းကောင်း ခွန်အားပြည့်စေပါတယ်။ ကလေးဝမ်းချုပ်ခြင်းနဲ့ ဝမ်းလေှျာခြင်းတေွအတွက်လည်း ငှက်ပျောသီးက ကြိုတင်ကာကွယ်ပေးနိုင်၊ ကောင်းကောင်း ကုသပေးနိုင်ပါတယ်။

၃။ ပန်းသီး
-------------
ကျန်းမာရေးအတွက် အကျိုးကျေးဇူးများလှတဲ့ပန်းသီးက တခြားအစားအစာတေွ မစားခင်မှာ အစာခြေစနစ်ကို ကောင်းကောင်း လံှု့ဆော်ပေးနိုင်ပါတယ်။ ရေဓာတ်ပါဝင်မှု မများပေမယ့် အမှျင်ဓာတ််က ကြွယ်ဝပါတယ်။ ပန်းသီးမှာပါတဲ့ အာဟာရဓာတ်တေွကြောင့် ဆီးချိုသေွးချိုဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေတယ်၊ ကိုလက်စထရောပမာဏကိုလည်း လျော့ကျစေတယ်၊ မျက်စိအတွင်းတိမ်မဖြစ်အောင် လည်း ကာကွယ်ပေးနိုင်တဲ့အပြင် ကင်ဆာဖြစ်စေနိုင်တဲ့ free radicals တေွရဲ့ဆိုးကျိုးသက်ရောက်မှုတေွကနေလည်း ကာကွယ်ပေးနိုင်တဲ့အတွက် ကလေးကို စကျေွးသင့်တဲ့ အသီးတစ်မျိုးပဲ ဖြစ်ပါတယ်။

၄။ စပျစ်သီး
--------------
စပျစ်သီးလေးတေွကလည်း ပန်းသိီးလိုပဲ အစာခြေစနစ်အတွက် ကောင်းကောင်း အထောက်အကူပေးတဲ့အပြင် ရေဓာတ်နဲ့အမှျင်ဓာတ်ပါဝင်မှုနှုန်းလည်း မြင့်မားလို့ ကလေးကို ဝမ်းမချုပ်အောင် ကာကွယ်ပေးပါတယ်။ ဒါအပြင် ပိုတက်စီယမ်ပါဝင်မှုကြောင့် သေွးတိုးမဖြစ်အောင်လည်း ကာကွယ်နိုင်ပြီး ဓာတ်မတည့်မှု အန္တရာယ်ကိုလည်း လျော့နည်းစေပါတယ်။ polyphenols လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြောင့် အဆုတ်ကင်ဆာ၊ ပန်ကရိယကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့အူမကြီးကင်ဆာတို့ဖြစ်နိုင်ခြေကိုလည်း နည်းပါးစေပါတယ်။

၅။ ဘယ်ရီသီးများ
--------------------
စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ချယ်ရီ၊ ဘလက်ဘယ်ရီအပါအဝင် ဘယ်ရီသီးနွယ်ဝင်တေွက ကလေးအတွက်ရော၊ လူကြီးအတွက်ပါ ကောင်းကောင်း သင့်တော်ပါတယ်။ အရောင်ရင့်လေ အာဟာရဓာတ်ကြွယ်ဝလေဖြစ်တဲ့အပြင် ဘယ်ရီသီးတေွက ဓာတ်တိုးဆန့်ကျင်ပစ္စည်းတေွလည်း ပြည့်ဝပါတယ်။ ဘယ်ရီသီးတေွက ဦးနေှာက်လုပ်ဆောင်ချက်ကို မြှင့်တင်ပေးပြီးတော့ ကလေးကို မှတ်ဉာဏ်ပိုကောင်းစေတယ်လို့ သုတေသနတေွက ဆိုထားပါတယ်။ ဒါကြောင့် ကလေးလေးတေွကို သရေစာအဖြစ်နဲ့ ဘယ်ရီသီးတေွကျေွးတာ၊ ကြိတ်ပြီးတော့ ဖျော်ရည်လုပ်ပေးတာ ဒါမှမဟုတ် အပေါ်မှာဖော်ပြခဲ့တဲ့ တစ်ခြားအသီးတေွနဲ့လည်း ကလေးကို ကောင်းကောင်း ရောကျေွးနိုင်ပါတယ်။ အားလုံးပဲ အဆင်ပြေချောမေွ့ကြပါစေ။
#Ref ( ဟယ်လို - ကလေးကို စကျေှးသင့်တဲ့ အသီး(၅) မျိုးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)