မိခင်အများစုသည် လုံလောက်သည့် မိခင်နို့ကို ထုတ်လုပ်နိုင်ခြင်းမရှိ ဟူ၍ လူအများက ထင်မှတ်ထားကြပါသည်။ အမှန်တော့ လုံလောက်တဲ့ မိခင်နို့ကို မထုတ်နိုင်တဲ့ မိခင်အရေအတွက်ဟာ လူအများထင်မှတ်ထားတဲ့ အရေအတွက်ထက် ပိုပြီးနည်းပါးပါတယ်။ ၁ ရာခိုင်နှုန်း ဒါမှမဟုတ်ရင် ၂ ရာခိုင်နှုန်းလောက်ပဲ ရှိတာပါ။ ပြောရရင် မိခင်တချို့ဟာ မှန်ကန်တဲ့နည်းလမ်းကို မသိတာကြောင့် မိခင်နို့ထွက်ဖို့ အခက်အခဲတေွ တေွ့ကြုံရတာပဲ ဖြစ်ပါတယ်။ မိခင်နို့တစ်မျိုးတည်း တိုက်ကျေွးရေးက စိန်ခေါ်မှုတစ်ခုလို ဖြစ်နိုင်ပါတယ်။
မိခင်တေွအတွက် မိခင်နို့ရည်နည်းပါးရခြင်းရဲ့ အဓိကကျတဲ့ အကြောင်းအရင်းကတော့ မိခင်နို့ရည်ထုတ်လုပ်တဲ့ မိခင်နို့မှာ လှု့ံဆော်မှုအားနည်းတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေ ဖြစ်ရတာကတော့ မိခင်တေွဟာ ကလေးငယ်တေွကို လုံလောက်တဲ့ ပြုစုစောင့်ရေှာက်မှုမရှိတာမျိုး ဒါမှမဟုတ် ကလေးငယ်က မိခင်နို့ကို ပုံမှန် မစို့တာတေွကြောင့်ပဲဖြစ်ပါတယ်။ ကျွန်မကတော့ အမြဲဆိုသလို မိခင်တေွနဲ့တေွ့တိုင်း မိခင်နို့တိုက်ကျေွးရာမှာ ကလေးငယ်တေွကို ဘယ်လိုမှန်ကန်တဲ့ ပေွ့ချီနည်းတေွနဲ့ ကိုင်တွယ်နိုင်ကြောင်းကို ပြပေးလေ့ရှိပါတယ်။ ဒါက သိပ်ကိုုအရေးကြီးတယ်။ မိခင်တစ်ယောက်ရဲ့ မိခင်နို့တိုက်ကျေွးရေး ခရီးတစ်လျောက်မှာ အစတည်းက ကလေးငယ်ကို ကောင်းကောင်းမွန်မွန်နဲ့ မိခင်နို့ကို ရယူနိုင်အောင် ကူညီပေးခြင်းက မိခင်နို့ကောင်းကောင်း ထွက်နိုင်စေမှာဖြစ်ပါတယ်။
နောက်ပြီးတော့လည်း ကလေးငယ်ကို အချိန်ပိုပေးပြီး မိခင်နို့ကို ပုံမှန်တိုက်ကျေွးခြင်းဟာ မိခင်နို့ရည်ကို ထုတ်လုပ်ပေးနေတဲ့ မိခင်နို့ကို ပိုမိုလှုံ့ဆော်ပေးရာရောက်ပြီး နို့ရည်ပိုမိုထွက်ဖို့ကိုလည်း အထောက်အကူဖြစ်စေပါတယ်။ ကျွန်မနဲ့ တေွ့ဖြစ်နေတဲ့ မိခင်တစ်ယောက် ဖြစ်တဲ့ မနန်းအိမ်ညင် ဆိုရင် အရေှ့မှာပြောသွားတဲ့ နည်းလမ်းတေွကို အကုန်လုပ်ခဲ့တယ်။ ပြီးတော့ သူဟာ မိခင်နို့ကိုလည်း အောင်အောင်မြင်မြင်နဲ့ ထုတ်လုပ်နိုင်တာကို အံ့မခန်းတေွ့ရှိခဲ့ရပါတယ်။
ဒေါ်သဲလ်မာထွန်းသိန်း
အာဟာရသိပ္ပံပညာပါရဂူ/အာဟာရဗေဒပညာရှင်နှင့် မိခင်နို့တိုက်ကျေွးခြင်းဆိုင်ရာ
နိုင်ငံတကာအသိအမှတ်ပြု အကြံပေးပညာရှင်