Kyarlay.com

almost 2 years

ကိုယ္၀န္ရွိစမွာ မိခင္ေလာင္းေတြခံစားရတဲ့ ေ၀ဒနာေတြ


Uvnqu5mdxuxkr9vbwbly

ေမေမတို႕ေရ ကိုယ္၀န္ရွိစ ၂ ပတ္ ၃ ပတ္ေလာက္မွာ မိခင္ေလာင္းတစ္ေယာက္အတြက္ ဘယ္လိုေ၀ဒနာေတြကို ခံစားၾကရတတ္တယ္ဆိုတာကို က်ားေလးက မွ်ေ၀ေပးခ်င္ပါတယ္။ ကိုယ္၀န္ရွိစရာသီထိန္ၿပီဆိုတာနဲ႕ ဗိုက္ႀကီးနာစြဲတယ္လို႕ေခၚတဲ့ မအီမသာျဖစ္တာ၊ အနံ႕မခံႏိုင္တာ၊ တံေတြးခဏခဏေထြးရတာ၊ ေခါင္းမူးတာ၊ ပ်ဳိ႕အန္တာ၊ ေျခလက္ေတြ မသယ္ခ်င္တာ၊ လဲေလ်ာင္းေနခ်င္တာေတြ ျဖစ္ေပၚတတ္ပါတယ္ေနာ္။

 


Mbtzmek5xzdtnppcsnho

အခုလိုျဖစ္တတ္တဲ့ လကၡဏာေတြကို Morning Sickness လို႕ေခၚၾကေပမယ့္ တခ်ဳိ႕မိခင္ေလာင္းေတြကေတာ့ ညေနခင္းပိုင္းေတြမွာ ျဖစ္ေပၚတတ္ပါတယ္။ ေနာက္ၿပီး ကိုယ္၀န္ရွိစ မိခင္ေလာင္းေတြမွာ ေလပြတာ၊ ၀မ္းခ်ဳပ္တာေတြျဖစ္တတ္သလို ဗိုက္တင္းၿပီး ေနရထိုင္ရခက္ေနတတ္တာမ်ဳိးေတြလည္း ျဖစ္ေပၚတတ္ပါတယ္ေနာ္။ ကိုယ္၀န္ေၾကာင့္ ခံတြင္းပ်က္ၿပီး မစားခ်င္ျဖစ္ေနရာကေန အစာမစားတာေၾကာင့္ ဗိုက္ေအာင့္တတ္ပါေသးတယ္။ ဆီးမၾကာခဏသြားတတ္ၿပီး အျဖဴဆင္းတာလည္း မ်ားလာတတ္ပါတယ္ေနာ္။


Bvkfw3uxjj3erbv5sxfp

တခ်ဳိ႕မိခင္ေလာင္းေတြကေတာ့ ခ်ဥ္ျခင္းတပ္တတ္ၿပီး တစ္ခုခုကို စြဲစြဲလန္းလန္းနဲ႕စားခ်င္ေနတတ္ပါတယ္။ ရင္သားေတြတင္းတာ၊ ႏို႕သီးေခါင္းေတြႀကိမ္းတာေတြလည္း ျဖစ္ေပၚတတ္ပါေသးတယ္။ တစ္ခါတစ္ေလမွာ အသားေတြပူလာတတ္တာေၾကာင့္ ဖ်ားတယ္လို႕အထင္ရတတ္ပါတယ္။ ကိုယ္၀န္ရွိစေမေမေတြအားလံုးလိုလို ဒီလိုလကၡဏာေလးေတြကိုေတာ့ ခံစားၾကရမွာပါေနာ္။ ကံေကာင္းရင္ေတာ့ တခ်ဳိ႕မိခင္ေတြက ဘာခံစားမႈေတြကိုမွ မခံစားရဘဲ ေလ်ာေလ်ာလ်ဴလ်ဴနဲ႕အဆင္ေျပသြားတာမ်ဳိးေတြလည္း ရွိတတ္ပါတယ္ေမေမတို႕ေရ။

(ေမးလိုရာေမး ေမ့ရင္ေသြးမွေကာက္ႏုတ္ခ်က္)

မိခင္နဲ႕ရင္ေသြးတိုင္းအတြက္ ေမတၱာမြန္ျဖင့္
HM (က်ားေလး)

>>>> Unicode Version <<<<


S8qkwtvjsg25djxssjl2

ကိုယ်ဝန်ရှိစမှာ မိခင်လောင်းတွေခံစားရတဲ့ ဝေဒနာတွေ

မေမေတို့ရေ ကိုယ်ဝန်ရှိစ ၂ ပတ် ၃ ပတ်လောက်မှာ မိခင်လောင်းတစ်ယောက်အတွက် ဘယ်လိုဝေဒနာတွေကို ခံစားကြရတတ်တယ်ဆိုတာကို ကျားလေးက မျှဝေပေးချင်ပါတယ်။ ကိုယ်ဝန်ရှိစရာသီထိန်ပြီဆိုတာနဲ့ ဗိုက်ကြီးနာစွဲတယ်လို့ခေါ်တဲ့ မအီမသာဖြစ်တာ၊ အနံ့မခံနိုင်တာ၊ တံတွေးခဏခဏထွေးရတာ၊ ခေါင်းမူးတာ၊ ပျို့အန်တာ၊ ခြေလက်တွေ မသယ်ချင်တာ၊ လဲလျောင်းနေချင်တာတွေ ဖြစ်ပေါ်တတ်ပါတယ်နော်။

အခုလိုဖြစ်တတ်တဲ့ လက္ခဏာတွေကို Morning Sickness လို့ခေါ်ကြပေမယ့် တချို့မိခင်လောင်းတွေကတော့ ညနေခင်းပိုင်းတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ နောက်ပြီး ကိုယ်ဝန်ရှိစ မိခင်လောင်းတွေမှာ လေပွတာ၊ ၀မ်းချုပ်တာတွေဖြစ်တတ်သလို ဗိုက်တင်းပြီး နေရထိုင်ရခက်နေတတ်တာမျိုးတွေလည်း ဖြစ်ပေါ်တတ်ပါတယ်နော်။ ကိုယ်ဝန်ကြောင့် ခံတွင်းပျက်ပြီး မစားချင်ဖြစ်နေရာကနေ အစာမစားတာကြောင့် ဗိုက်အောင့်တတ်ပါသေးတယ်။ ဆီးမကြာခဏသွားတတ်ပြီး အဖြူဆင်းတာလည်း များလာတတ်ပါတယ်နော်။

တချို့မိခင်လောင်းတွေကတော့ ချဉ်ခြင်းတပ်တတ်ပြီး တစ်ခုခုကို စွဲစွဲလန်းလန်းနဲ့စားချင်နေတတ်ပါတယ်။ ရင်သားတွေတင်းတာ၊ နို့သီးခေါင်းတွေကြိမ်းတာတွေလည်း ဖြစ်ပေါ်တတ်ပါသေးတယ်။ တစ်ခါတစ်လေမှာ အသားတွေပူလာတတ်တာကြောင့် ဖျားတယ်လို့အထင်ရတတ်ပါတယ်။ ကိုယ်ဝန်ရှိစမေမေတွေအားလုံးလိုလို ဒီလိုလက္ခဏာလေးတွေကိုတော့ ခံစားကြရမှာပါနော်။ ကံကောင်းရင်တော့ တချို့မိခင်တွေက ဘာခံစားမှုတွေကိုမှ မခံစားရဘဲ လျောလျောလျူလျူနဲ့အဆင်ပြေသွားတာမျိုးတွေလည်း ရှိတတ်ပါတယ်မေမေတို့ရေ။

(မေးလိုရာမေး မေ့ရင်သွေးမှကောက်နုတ်ချက်)

မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)