စျေး မီဒီယာ
မမွေးဖွားမှီ

ဗိုက်ဗိုက်လေးတွေ သိပ်မသိသေးတဲ့ အစိမ်းရောင် ပန်းသီးရဲ့ ကောင်းကျိုးများ

Posted by Kyaw Lin Han November 29, 2019
Lg54pvftiopuitaatzxk

အစိမ်းရောင်ပန်းသီးဟာဆိုရင် အသည်းနဲ့ ပတ်သက်တဲ့ ပြဿနာတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါအပြင် ကိုယ်ဝန်ဆောင်တဲ့အချိန်တွင်း မေမေတွေရဲ့အသည်း ကျန်းမာရေးကိုပါ ကောင်းကောင်း အထောက်အကူပြုပါတယ်။ ပန်းသီးဝယ်တဲ့အခါ အနီရောင် ၊ အနီရောင်အဖျော့နဲ့ အစိမ်းရောင်ဆိုပြီး အရောင် သုံးမျိုးရှိတာကို ကိုယ်ဝန်ဆောင်မေမေတွေ သတိထားမိမှာပါ။ ကိုယ်ဝန်ဆောင်မေမေတွေ အများဆုံးဝယ်တဲ့ ပန်းသီးကတော့ အနီရောင်နဲ့ အနီရောင် အဖျော့တို့ပါပဲ။ အစိမ်းရောင်ပန်းသီးကိုတော့ တစ်ခါတစ်ရံမှသာ ဝယ်ကြတာကို သတိထားမိပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ကိုယ်ဝန်ဆောင်မေမေတွေ မသိသေးတဲ့ အစိမ်းရောင်ပန်းသီးရဲ့ကောင်းကျိုးတွေကို အခုလိုပဲတင်ပြပေးလိုက်ပါတယ်။ ထိုကောင်းကျိုးတွေကတော့

Rfmptgbgtmfqx6btg7aj

၁။ အစာခြေစနစ်
------------------

ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အစာခြေစနစ် အားနည်းသွားတတ်ပါတယ်။ အစိမ်းရောင် ပန်းသီးမှာ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် အစာခြေစနစ်ကို အဆင်ပြေ ချောမွေ့စေပြီးတော့ ဝမ်းချုပ်တာကိုလည်း သက်သာစေပါတယ်။

Dmnpjn6htc5sfdipvvsq

၂။ ခံတွင်း
------------

ကိုယ်ဝန်ဆောင်တဲ့အချိန် ပထမသုံးလမှာ မေမေလောင်းတို့ အနေနဲ့ အစားစားချင်စိတ်လည်း နည်းပါတယ်။ အစိမ်းရောင်ပန်းသီးဟာဆိုရင် မေမေလောင်းတို့ရဲ့ အစားစားချင်စိတ်ကို ကောင်းကောင်း လှုံဆော်ပေးပါတယ်။

Gcrfwxz9nlmy2inmcfzh

၃။ DNA
----------

အစိမ်းရောင်ပန်းသီးမှာ antioxidants ကြွယ်ဝစွာပါဝင်တာကြောင့် DNA ပျက်စီး ဆုံးရှုံးတာကိုလည်း ကာကွယ်ပေးပါတယ်။ ဒါအပြင် အစိမ်းရောင်ပန်းသီးဟာ ကင်ဆာရောဂါ မဖြစ်ပွားအောင်လည်း ကောင်းကောင်း တားဆီးပေးပါတယ်။

E8yps6wxrnlhzcfdsqng

၄။ သွေးဖိအား
-----------------

ကိုယ်ဝန်ဆောင်တဲ့အချိန်အတွင်းမှာ သွေးဖိအားမြင့်တက်လာတာက အရမ်းကြောက်စရာကောင်းပါတယ်။ အစိမ်းရောင်ပန်းသီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်တာကြောင့် သွေးဖိအား မြင့်တက်လာတာကို ကာကွယ်ပေးပြီးတော့ ဆီးချိုရောဂါ မဖြစ်အောင်လည်း တားဆီးပေးပါတယ်။

L6ozbtihknvym5bj890o

၅။ Related image
---------------------

အစိမ်းရောင်ပန်းသီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်တာကြောင့် သွေးဖိအားမြင့် တက်တာကို ကာကွယ်ပေးပြီးတော့ ဆီးချိုရောဂါ မဖြစ်အောင်လည်း ကောင်းကောင်း တားဆီးပေးပါတယ်။

Mauhkffthm1h1dmepqv0

၆။ အသားအရေ
-------------------

ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အသားအရေနဲ့ ပတ်သက်တဲ့ ပြဿနာတွေလည်း ကြုံရပါတယ်။ အစိမ်းရောင်ပန်းသီးမှာဆိုရင် ဗီတာမင် A,B,C တို့ ပါဝင်တာကြောင့် အသားအရေရဲ့ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။

Yctz5pvrcgqvn3me0x6f

၇။ အသည်း
--------------

အစိမ်းရောင်ပန်းသီးဟာဆိုရင် အသည်းနဲ့ ပတ်သက်တဲ့ ပြဿနာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ဒါအပြင် အသည်းရဲ့ကျန်းမာရေးကိုပါ အထောက်အကူပြုပါတယ်။

Cjtln8k8pkb5mylrysnf

၈။ ဆီးချို
-----------

အစိမ်းရောင်ပန်းသီးဟာဆိုရင် သွေးတွင်းသကြားဓါတ်ကို ထိန်းပေးတာကြောင့် ကိုယ်ဝန်ဆောင်တဲ့အချိန်အတွင်း ဆီးချိုဖြစ်တာကိုလည်း ကာကွယ်ပေးပါတယ်။

Igkwxwq7xnhf1s9k29ti

၉။ အာဟာရဓာတ်များ
------------------------

အစိမ်းရောင်ပန်းသီးမှာ ဗီတာမင် A,C,B6၊ ကယ်ဆီယမ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်နဲ့ ပိုတတ်ဆီယမ်တို့ ပါဝင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ မေမေတွေအနေနဲ့ ကောင်းကောင်း စားပေးသင့်တဲ့ အသီးအနှံတစ်မျိုးပါပဲ။

Uzrgtkrgulfr5qgoxhbj

၁ဝ။ နာကျင်တဲ့ဝေဒနာ
------------------------

ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ခန္ဓာကိုယ်နာကျင်တဲ့ ဝေဒနာကို ခံစားရပါတယ်။ ကိုယ်ဝန် တဖြည်းဖြည်းကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်မှာ သွေးဖိအားတွေ ကျလာပါတယ်။ အစိမ်းရောင်ပန်းသီးဟာဆိုရင် ဒီနာကျင်တဲ့ ဝေဒနာတွေကိုလည်း ကောင်းကောင်း သက်သာစေပါတယ်။

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.