Kyarlay.com

almost 2 years

ေဖေဖၚ၀ါရီလကုန္အထိ ရင္ေသြးငယ္ေမြးဖြားရန္ ေန႕ရက္ေကာင္းမ်ား


Lzkleqw8jasmbqtq43fy

ေဖေဖ၊ ေမေမတို႕ေရ ဒီေဖေဖၚ၀ါရီလကုန္ပိုင္းကိုေရာက္လာၿပီေနာ္။ ဒီေန႕ ၂၁ ရက္ေန႕ကေန ၂၈ ရက္ေန႕အထိ ၾကားရက္ေတြထဲမွာ ကေလးေလးေတြကို ေမြးဖြားဖို႕အတြက္ ေန႕ေကာင္းရက္သာေလးေတြကို မွ်ေ၀ေပးမယ္ေနာ္။ အဲ့ဒီရက္ေတြထဲမွာေတာ့ ဒီေဖေဖၚ၀ါရီလ ၂၁ ရက္ေန႕၊ ၂၃ ရက္ေန႕၊ ၂၅ ရက္ေန႕၊ ၂၆ ရက္ေန႕နဲ႕ ၂၈ ရက္ေန႕ေတြမွာ ေန႕ေကာင္းရက္သာေတြ က်ေရာက္ေနပါတယ္။ ဒီေန႕ ေဖေဖၚ၀ါရီလ ၂၁ ရက္ေန႕မွာေတာ့ ညေန ၆ နာရီကေန ၈ နာရီ ၂၄ မိနစ္အခ်ိန္အထိ အခ်ိန္ေကာင္းပါတယ္။ မနက္ ၁၁ နာရီကေန ၁ နာရီ ၁၁ မိနစ္ၾကားထဲမွာေတာ့ အခ်ိန္ကအညံ့ဘက္ကိုေရာက္ေနတာပါ။ ဒီကေန႕ ေဖေဖၚ၀ါရီလ ၂၁ ရက္ေန႕ေမြးဖြားတဲ့ ေဘဘီေလးေတြကေတာ့ အဓိပတိဖြားေဘဘီေလးေတြျဖစ္မွာပါေနာ္။

 


Ca7zxigof4esgdi7kdzt

ေဖေဖၚ၀ါရီလ ၂၃ ရက္ေန႕မွာဆိုရင္ေတာ့ မနက္ ၁၁ နာရီ ၁၁ မိနစ္ကေန ေန႕လယ္ ၁ နာရီအထိ အခ်ိန္ေကာင္းကိုက်ေရာက္မွာပါ။ အဲ့ဒီေန႕မွာေမြးဖြားတဲ့ကေလးငယ္ေတြကေတာ့ အထြန္းဖြားပါေနာ္။ ေဖေဖၚ၀ါရီလ ၂၅ ရက္ေန႕ မွာေတာ့ မနက္ ၆ နာရီကေန ၈ နာရီ ၂၄ မိနစ္အထိ အခ်ိန္ေကာင္းကိုက်ေရာက္ေနၿပီး ညေန ၃ နာရီ ၃၇ မိနစ္ကေန ၆ နာရီအတြင္းကေတာ့ အညံ့အခ်ိန္ထဲမွာပါ၀င္ေနပါတယ္ေနာ္။ အဲ့ဒီေန႕မွာေမြးဖြားတဲ့ ေဘဘီေလးေတြက ပုတိဖြားျဖစ္မွာပါ။ ၂၆ ရက္ေန႕မွာေတာ့ မနက္ ၉ နာရီကေန ၁၀ နာရီ ၄၈ မိနစ္အထိ အခ်ိန္ေကာင္းၿပီး မနက္ ၁၁ နာရီကေန ေန႕လယ္ ၁ နာရီအထိကေတာ့ အခ်ိန္အညံ့ကာလေရာက္ေနပါတယ္ေမေမတို႕ေရ။ ေဖေဖၚ၀ါရီ ၂၆ ရက္ေန႕ေမြးဖြားမယ့္ေဘဘီေလးေတြကေတာ့ သိုက္ဖြားထဲမွာပါ၀င္ေနမွာပါေနာ္။


Ixyuvbqotwrz67vx6yf7

ေဖေဖၚ၀ါရီလရဲ႕ ေနာက္ဆံုးရက္ျဖစ္တဲ့ ၂၈ ရက္ေန႕မွာ ေမြးဖြားလာမယ့္ ေဘဘီေလးေတြကေတာ့ အဓိပတိဖြားအထြတ္အထိပ္ကို ေရာက္ရွိေနမွာပါ။ အဲ့ဒီေန႕မွာေတာ့ မနက္ ၆ နာရီကေန ၈ နာရီအထိ အခ်ိန္ေကာင္းေရာက္ေနမွာျဖစ္ၿပီး မနက္ ၁၁ နာရီကေန ၁ နာရီၾကားမွာေတာ့ အညံ့အခ်ိန္ကာလေလးကို ေရာက္ရွိေနမွာျဖစ္လို႕ ေဖေဖ၊ ေမေမအားလံုးက ဂရုတစိုက္နဲ႕သတိထားေပးဖို႕လိုပါတယ္ေနာ္။ ေဖေဖ၊ ေမေမတို႕ေရ အခုအခ်ိန္အခါေလးေတြကေတာ့ ေန႕အလိုက္ေယဘုယ်ေဟာကိန္းတစ္ခုျဖစ္ၿပီး တိက်မွန္ကန္တဲ့ အေသးစိတ္ေဟာကိန္းေတြကေတာ့ ေမြးဖြားမယ့္ ေမေမရဲ႕ေမြးသကၠရာဇ္ေတြနဲ႕တြက္ခ်က္မယ္ဆိုရင္ေတာ့ ပိုမိုတိက်ႏုိင္မွာပါေနာ္။

(ေမ့ရင္ေသြးမဂၢဇင္းေကာက္ႏုတ္ခ်က္)

မိခင္္နဲ႕ရင္ေသြးတိုင္းအတြက္ေမတၱာမြန္ျဖင့္
HM (က်ားေလး)

>>>> Unicode Version <<<<


Zasktgoco31ymbusj15t

ဖေဖေါ်ဝါရီလကုန်အထိ ရင်သွေးငယ်မွေးဖွားရန် နေ့ရက်ကောင်းများ

ဖေဖေ၊ မေမေတို့ရေ ဒီဖေဖေါ်ဝါရီလကုန်ပိုင်းကိုရောက်လာပြီနော်။ ဒီနေ့ ၂၁ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ကြားရက်တွေထဲမှာ ကလေးလေးတွေကို မွေးဖွားဖို့အတွက် နေ့ကောင်းရက်သာလေးတွေကို မျှဝေပေးမယ်နော်။ အဲ့ဒီရက်တွေထဲမှာတော့ ဒီဖေဖေါ်ဝါရီလ ၂၁ ရက်နေ့၊ ၂၃ ရက်နေ့၊ ၂၅ ရက်နေ့၊ ၂၆ ရက်နေ့နဲ့ ၂၈ ရက်နေ့တွေမှာ နေ့ကောင်းရက်သာတွေ ကျရောက်နေပါတယ်။ ဒီနေ့ ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့မှာတော့ ညနေ ၆ နာရီကနေ ၈ နာရီ ၂၄ မိနစ်အချိန်အထိ အချိန်ကောင်းပါတယ်။ မနက် ၁၁ နာရီကနေ ၁ နာရီ ၁၁ မိနစ်ကြားထဲမှာတော့ အချိန်ကအညံ့ဘက်ကိုရောက်နေတာပါ။ ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့မွေးဖွားတဲ့ ဘေဘီလေးတွေကတော့ အဓိပတိဖွားဘေဘီလေးတွေဖြစ်မှာပါနော်။

ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့မှာဆိုရင်တော့ မနက် ၁၁ နာရီ ၁၁ မိနစ်ကနေ နေ့လယ် ၁ နာရီအထိ အချိန်ကောင်းကိုကျရောက်မှာပါ။ အဲ့ဒီနေ့မှာမွေးဖွားတဲ့ကလေးငယ်တွေကတော့ အထွန်းဖွားပါနော်။ ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့ မှာတော့ မနက် ၆ နာရီကနေ ၈ နာရီ ၂၄ မိနစ်အထိ အချိန်ကောင်းကိုကျရောက်နေပြီး ညနေ ၃ နာရီ ၃၇ မိနစ်ကနေ ၆ နာရီအတွင်းကတော့ အညံ့အချိန်ထဲမှာပါ၀င်နေပါတယ်နော်။ အဲ့ဒီနေ့မှာမွေးဖွားတဲ့ ဘေဘီလေးတွေက ပုတိဖွားဖြစ်မှာပါ။ ၂၆ ရက်နေ့မှာတော့ မနက် ၉ နာရီကနေ ၁၀ နာရီ ၄၈ မိနစ်အထိ အချိန်ကောင်းပြီး မနက် ၁၁ နာရီကနေ နေ့လယ် ၁ နာရီအထိကတော့ အချိန်အညံ့ကာလရောက်နေပါတယ်မေမေတို့ရေ။ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့မွေးဖွားမယ့်ဘေဘီလေးတွေကတော့ သိုက်ဖွားထဲမှာပါ၀င်နေမှာပါနော်။

ဖေဖေါ်ဝါရီလရဲ့ နောက်ဆုံးရက်ဖြစ်တဲ့ ၂၈ ရက်နေ့မှာ မွေးဖွားလာမယ့် ဘေဘီလေးတွေကတော့ အဓိပတိဖွားအထွတ်အထိပ်ကို ရောက်ရှိနေမှာပါ။ အဲ့ဒီနေ့မှာတော့ မနက် ၆ နာရီကနေ ၈ နာရီအထိ အချိန်ကောင်းရောက်နေမှာဖြစ်ပြီး မနက် ၁၁ နာရီကနေ ၁ နာရီကြားမှာတော့ အညံ့အချိန်ကာလလေးကို ရောက်ရှိနေမှာဖြစ်လို့ ဖေဖေ၊ မေမေအားလုံးက ဂရုတစိုက်နဲ့သတိထားပေးဖို့လိုပါတယ်နော်။ ဖေဖေ၊ မေမေတို့ရေ အခုအချိန်အခါလေးတွေကတော့ နေ့အလိုက်ယေဘုယျဟောကိန်းတစ်ခုဖြစ်ပြီး တိကျမှန်ကန်တဲ့ အသေးစိတ်ဟောကိန်းတွေကတော့ မွေးဖွားမယ့် မေမေရဲ့မွေးသက္ကရာဇ်တွေနဲ့တွက်ချက်မယ်ဆိုရင်တော့ ပိုမိုတိကျနိုင်မှာပါနော်။

(မေ့ရင်သွေးမဂ္ဂဇင်းကောက်နုတ်ချက်)

မိခင််နဲ့ရင်သွေးတိုင်းအတွက်မေတ္တာမွန်ဖြင့်
HM (ကျားလေး)