
နှလုံးရောဂါ ဆိုတာ လူကြီးတေွဆီမှာတောင် မဖြစ်ချင်ကြတာ ကလေးတေွမှာ မေွးရာပါ ပါလာတာဆိုတော့ ပိုပြီးတော့ ဆိုးပြီပေါ့ ။ နှလုံးက ကိုယ်ခန္ဓာရဲ့အလုပ်အများဆုံးနဲ့ အရေးအကြီးဆုံး အရာတစ်ခုပါပဲ။ ဒါကိုမှ အကြောင်းမလှခဲ့လို့ ကိုယ့်ကလေးမှာ မေွးရာပါ နှလုံးရောဂါ ပါလာပြီဆိုရင်တော့ အခြား ပုံမှန်ကလေးတေွထက် ပိုပြီးတော့ ဂရုစိုက်ပေးဖို့အတွက် လိုလာပါပြီ။ ဒီဆောင်းပါးထဲမှာတော့ မေွးရာပါ နှလုံးရောဂါတေွထဲကမှ အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်တဲ့ Tetralogy of Fallot ခေါ် မေွးရာပါပြာနှမ်းနှလုံးရောဂါရှိတဲ့ ကလေးကို ဘယ်လို ဂရုစိုက်စောင့်ရေှာက်ရမလဲဆိုတဲ့ အကြောင်းကို အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။

Tetralogy of Fallot ဆိုတာ ဘာလဲ
---------------------------------------
ဒီတစ်ခါမှာတော့ ပြုစုရမယ့်အကြောင်းမပြောခင် ရောဂါအကြောင်းလေး အရင်ဦးဆုံး ပြောပြချင်ပါတယ်။ Tetralogy of fallot ဆိုတာ tetra ဆိုတဲ့အတိုင်း နှလုံးချို့ယွင်းချက် ၄ ခု ပေါင်းထားတဲ့ ပြဿနာတစ်ခုပါပဲ။ ဒီလို ချို့ယွင်းချက်ကြောင့် နှလုံးပုံစံ မမှန်တော့တဲ့အပြင် သေွးထဲ အောက်ဆီဂျင်ပါဝင်မှုလည်း နည်းသွားပြီးတော့ အောက်ဆီဂျင်နည်းတဲ့ သေွးတေွ တစ်ကိုယ်လုံးမှာ လှည့်ပတ်စီးနေစေလို့ နှမ်းစေတဲ့ နှလုံးပြဿနာတစ်ခုပါ။ ရောဂါခံစားနေရတဲ့ကလေးတေွက အခြား ရွယ်တူကလေးတေွထက် ညှက်နေတတ်ပြီး၊ တစ်ချိန်လုံး ဂျီကျနေတာ ငိုတဲ့အချိန် နှုတ်ခမ်းတေွ ၊ လက်သည်းတေွနဲ့ အသားအရေတေွ ပြာလာတာမျိုးတေွလည်း ကြုံတေွ့ရလေ့ ရှိပါတယ်။

Tetralogy လေးမျိုးစပ်ဆိုတော့ ဒီမေွးရာပါ ပြာနှမ်းတဲ့ နှလုံးရောဂါမှာ ပါဝင်နေတဲ့ ပြဿနာ ၄ မျိုးက
၁။ Pulmonary valve stenosis
------------------------------------
နှလုံးကနေ ထွက်တဲ့ အဆုတ်သေွးလွှတ်ကြောမှာရှိတဲ့ အဆို့ရှင် ကျဉ်းနေလို့ အဆုတ်ဆီ သေွးတေွကောင်းကောင်းမရောက်တာ
၂။ Ventricular septal defect.
-----------------------------------
နှလုံးအောက်ဘက်ခန်းနှစ်ခုကို ခြားထားတဲ့ ကြွက်သားကြီး မရှိဘဲ နှလုံးကြောင့် မသန့်စင်ရသေးတဲ့ အောက်ဆီဂျင်နည်းတဲ့သေွးတေွကိုပဲ နှလုံးက ညှစ်ထုတ်နေလို့ တစ်ကိုယ်လုံးပြာနှမ်းနေတာ
၃။ Overriding aorta
------------------------
ပုံမှန်ရှိသင့်တဲ့ ပင်မနှလုံးသေွးကြောကြီးက ဘယ်ဘက်မှာ ရှိနေသင့်တာပါ။ tetralogy of Fallot မှာတော့ ဘယ်ဘက်မှာရှိသင့်တဲ့ ပင်မ နှလုံေးသွးကြောကြီးက ညာဘက်ရောက်နေတာကြောင့် သန့်စင်ပြီးသား သေွးတေွနဲ့ မသန့်စင်ရသေးတဲ့ သေွးတေွကိို ရောသွားစေပြီးတော့ အောက်ဆီဂျင်နည်းတဲ့သေွးတေွကို တစ်ကိုယ်လုံ းစီးစေပါတယ်။
၄။ Right ventricular hypertrophy
-----------------------------------------
အပေါ်က ၃ ခုကြောင့် နှလုံးက သာမာန်ထက် ပိုအလုပ်လုပ်ရပြီးတော့ ကြာလာတဲ့အခါ ညာဘက်သေွးလေှာင်ခန်းက ကြွက်သားတေွက ထူလာပြီး နှလုံးကြီးလာတတ်ပါတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာ နှလုံးက ကောင်းကောင်း အလုပ်မလုပ်နိုင်တော့တာ၊ အားနည်းတာမျိုးတေွ ဖြစ်လာတတ်ပါတယ်။

အဓိကကုသမှု အနေနဲ့ကတော့ နှလုံးခွဲစိတ်ကုသတာဖြစ်ပြီး ခွဲစိတ်ဖို့အတွက် အသင့်မဖြစ်သေးတဲ့ ကလေးတေွကိုတော့ သောက်ဆေးပေးတာ ၊ ယာယီ ခွဲစိတ်မှုလေးတေွ အရင်လုပ်ပေးပါတယ်။ နောက်ပိုင်း ကလေးလည်း ခွဲစိတ်လို့ရတဲ့ အသက်ရောက်လာပြီး ကျန်းမာရေးအခြေအနေကလည်း စိတ်ချရပြီဆိုတော့မှ Intracardiac surgery ဆိုတဲ့ နှလုံးခွဲစိတ်ကုသမှုကို ပြုလုပ်ပေးပါတယ်။ ခွဲစိတ်ကုသတာက ပြဿနာဖြေရှင်းဖို့အတွက် အဓိက ကျတယ်ဆိုပေမယ့် မခွဲစိတ် နဲ့ ခွဲစိတ်ပြီး နောက်ပိုင်းတေွမှာတော့ ကလေးကို ပြုစုတာကလည်းအရေးပါတဲ့ အရာတစ်ခုလို ဖြစ်လို့နေပါတယ်။

ဒီတော့ မေွးရာပါ ပြာနှမ်းနှလုံးရောဂါရှိနေတဲ့ ကိုယ့်ကလေးကို ဘယ်လို ပြုစုစောင့်ရေှာက်ပေးရမလဲ
---------------------------------------------------------------------------------------------------------
၁။ အစားအစာနှင့် အာဟာရ
--------------------------------
ကလေးက နှလုံးရောဂါအခံနဲ့ မောမောနေတတ်လို့ အစာကျေှးတဲ့အခါ တစ်ခါတည်း အပြည့်အဝကျေှးမယ့်အစား နည်းနည်းချင်းစီ ခွဲကျေှးတာက ပိုကောင်းပါတယ်။ ကလေးက အခြားကလေးတေွလည်း အားနည်းနေတတ်တာကြောင့် လိုအပ်ရင် ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ ဖြည့်စွက်အားဆေးတေွ တိုက်ပေးဖို့အတွက် လိုပါလိမ့်မယ်။
၂။ ပြေးရင်းလွှားရင်းနဲ့ မောပြီး ပြာနှမ်းလာတဲ့အခါ
-----------------------------------------------------
တအားငိုတဲ့အချိန်မှာ ဖြစ်တတ်တဲ့ Tet spells လို့ခေါ်တဲ့ ပြာနှမ်းခြင်းဖြစ်လာတဲ့အခါ ကလေးကို ကောက်ချီလိုက်ပြီးတော့ အငိုတတ်အောင် ချော့ပါ။ ကလေးငိုစေမယ့် အရာတေွအားလုံးကို ရေှာင်ပါ။ ဆော့နေတဲ့ချိန် ၊ ငိုနေတဲ့အချိန် ၊ ကလေးပြာပြီးတော့ အသက်ရှူကြပ်နေတာကို သတိထားမိရင် အဆုတ်ဆီ သေွးများများ သွားစေဖို့အတွက် ကလေးဒူးနဲ့ရင်ဘတ်ကို ထိအောင် ကေွးခိုင်းလိုက်ပါ။ ဒါက Tet spells လို့ခေါ်တဲ့ ပြာနှမ်းခြင်းကို ဆေးရုံဆေးခန်း မရောင်ခင် ဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းပါပဲ။

tetralogy of Fallot ပြဿနာရှိတဲ့ ကလေးက သွားသွားလာလာ ပြေးဆော့ရင် ရောဂါပိုးဆိုး လာတတ်တာကြောင့် တစ်ချို့ ပြင်းထန်တဲ့ လှုပ်ရှားမှုတေွ မလုပ်အောင် တားထားဖို့ လိုပါတယ်။ ဘယ်လို လှုပ်ရှားမှုတေွကို ကိုယ့်ကလေးက မလုပ်ရဘူးလဲဆိုတာတော့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ နောက်ပြီးတော့ ကလေးပတ်ဝန်းကျင်က သူငယ်ချင်းတေွ ၊ ကျောင်းက ဆရာမတေွကို အသိပေးထားပါ။ tetralogy of Fallot နောက်ဆက်တွဲမှာ နှလုံးပိုးဝင် ရောင်ရမ်းခြင်း ပြဿနာရှိသေးတာကြောင့် ဒီနှလုံးပိုးဝင်ရောင်ရမ်းတာကို ကာကွယ်ဖို့အတွက် ကလေးသွားနဲ့ ခံတွင်းကို သေချာ သန့်ရှင်းအောင် သန့်ရှင်းရေး ပြုလုပ်ပေးပါ။ ကလေးပတ်ဝန်းကျင်မှာ ဆေးလိပ်ကို မသောက်ပါနဲ့။ ဆေးလိပ်ငေွ့ကို ရှူတာက တစ်ဆင့်ခံ ဆေးလိပ်သောက်တာပဲဖြစ်လို့ အဆုတ်ကိုကောင်းကောင်း ထိခိုက်စေပါတယ်။ ကလေးနှလုံးအားနည်းနေတာကြောင့် အခြားနောက်ဆက်တွဲ ရောဂါပိုးတေွ မဝင်အောင် ကလေးကို ထိုးသင့်တဲ့ကာကွယ်ဆေးတေွ အားလုံး ထိုးတားပေးပါ။ ပြီးတော့ ကလေးသောက်ရမယ့်ဆေးတေွအားလုံးကိုလည်း ပုံမှန်သောက်ဖြစ်အောင် စီစဉ်ပေးပါ။ နောက်ပြီး ကလေးအခြေအနေကို သေချာ စောင့်ကြည့်လေ့လာနိုင်အောင် ရက်ချိန်းပြန်ပြရမယ့်ရက်တေွကို မမေ့ဖို့ကလည်း အလွန်အရေးကြီးပါတယ်။

ဒါဆို ဘယ်လိုအချိန်မျိုးဆို ဆရာဝန်ဆီ မြန်မြန် သွားဖို့လိုမလဲ
-----------------------------------------------------------------
၁။ ကလေးက ကိုယ်ပူပြီးတော့ အဖျားတက်နေမယ်
၂။ တစ်ချိန်လုံး ဂျီကျပြီးတော့ အငိုမတိတ် ဖြစ်နေမယ်
၃။ ကလေးအသက်ရှူကြပ်တာ၊ ပြာနှမ်းတာတေွက ပိုဆိုးလာမယ်
၄။ ကလေးက အရမ်းကို အားနည်းနေမယ်
၅။ ကလေးကို ပြုစုတဲ့အခါ ကလေးပြဿနာကို သေချာသိချင်တဲ့ အခါမျိုးတေွမှာ ဆရာဝန်ဆီကို ချက်ချင်း သွားပြဖို့အတွက် ကောင်းကောင်း လိုအပ်ပါတယ်။
#Ref( Hello - မေွးရာပါ ပြာနှမ်းတဲ့ နှလုံးရောဂါအကြောင်း သိကောင်းစရာများဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)