စျေး မီဒီယာ
တစ်နှစ်မှ သုံးနှစ်

ထမင်းရည်နှင့် ကလေးငယ်ကျန်းမာရေး

Posted by Zaw Lin Aung November 22, 2019
Kbuvtrlzatitqtljifmz

ကလေးငယ်များကို ငယ်စဉ်ထဲက ထမင်းရည်တိုက်ကျေွးခြင်းဖြင့် ကျန်းမာစေနိုင်သည်ဟု ဆိုကြသလို ကလေးငယ်များကို ထမင်ရည် တိုက်ကျေွးခြင်းဟာလည်း ရေှးယခင်ကတည်းက ရှိခဲ့သော အလေ့အထဟု ပညာရှင်များက ဆိုထားပါတယ်။ သို့သော် ကလေးငယ်များကို ထမင်းရည် တိုက်ကျေွးခြင်းသည် အမှန်တကယ်ရော အကျိုးရှိနိုင်ပါမလား။ ဘာတေွ ပိုပြီးရော ထူးမလဲ စတာလေးတေွကို ဒေါက်တာလင်းနဲ့ မေမေတေွနဲ့ ဆေွးနေွးလို့ရအောင် အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။

Kn3jveudltocidh0xcw8

ထမင်းရည်ကတော့ အမှန်တကယ် အားဖြင့်တော့ ခေတ်သစ်အိမ်တေွမှာ တေွ့နိုင်ဖို့ အရမ်းခက်ခဲသွားပါပြီ။ တကယ်တော့ ခေတ်သစ်မေမေတေွကို ထမင်းရည်ရအောင် ချက်ဆိုရင်တောင် ချက်တတ်ပါ့မလားပဲ။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်များလာတဲ့ အမျိုးသားတေွနဲ့ တန်းတူ ၊ ဒါမှမဟုတ် ကျော်လွန်ပြီးတောင် အလုပ်လုပ်နေတဲ့ ခေတ်သစ်မေမေတေွကတော့ ထမင်းငှဲ့ချက်ဖို့တောင် အချိန်က မလောက်တော့ပါဘူး။ ဒါပေမယ့် အဖိုးအဖွားတေွနဲ့ ကျတော့လည်း ကိုယ့်ရဲ့မြေးလေးကို ထမင်းရည်လေးမှ မတိုက်ပေးရင် ကျန်းမာရေး မကောင်းဘူးလို့ ထင်ကြတာ။ ဒါကြောင့် အဲဒီမှာတင် မေမေတေွနဲ့ ဖွားဖွားတေွ ထိပ်တိုက်တေွ့ကြတော့တာပါပဲ။

Wgnnbd6ahtdv0tzgzngf

ထားပါတော့လေ အခုဆို ကျှန်မတို့တေွ လေရှည်တာတေွ များနေပြီဆိုတော့ လိုရင်းကိုပဲ ပြောကြပါတော့မယ်နော်။ ထမင်းရည်ဆိုတာနဲ့ ဆန်ပြုတ်နဲ့ ထမင်းနဲ့ ဘာတေွ ကွာနေကြမလဲ။ တကယ်တော့ ဘာမှမကွာပါဘူး။ ထမင်းစားနေတဲ့ လူင်္ကြီးတေွအတွက်ကတော့ ပျော့တာနဲ့ မာတာပဲ ကွာပါတယ်။ ငြင်းချင်လည်း ငြင်းပေါ့။ အကုန်လုံးက ဆန်ကနေ ရတာပဲ။ ဘာမှ မကွာဘူးလေ။ လူကြီးတေွအနေနဲ့ကတော့ ထမင်းရည်က ဘာလေးတေွ ကောင်းတယ်၊ ဘာညာဆိုလို့လည်း ရေငှဲ့မချက်ရင် ထူးပြီးတော့ ထမင်းရည် ရှာမနေပါနဲ့ ထမင်းပဲ စားပါ။

Uygwlekz4xnh9joforfo

ကဲ အဲဒီတော့ ကလေးတေွဆိုတော့ ဘာတေွထူးမလဲ။ ထူးတာကတော့ ကလေးတေွကို ဖြည့်စွက်စာ စကျေွးတဲ့ အချိန်မှာတော့ တသီးတသန့် ထမင်းပျော့အောင် ချက်နေဖို့မလိုပါဘူး။ အရည်အပျစ်ဆိုတော့ ကလေးက လွယ်လွယ်ကူကူနဲ့ မျိုချစားနိုင်တာပေါ့။ ဒါပေမယ့် မေမေတေွအနေနဲ့ မချက်အားရင်ကော လွယ်ပါတယ်။ ထမင်းကို ဟင်းခတ် ဇွန်းတစ်ချောင်းစာလောက်ကို ယူပြီးတော့ blender ထဲကိုထည့် ပြီးရင် ရေနေွးလေးနဲဲရောပြီးတော့ စက်လှည့်လိုက်ရင် ရပါပြီ။ လွယ်လွယ်လေးပါပဲ။ ကလေးကို ထမင်ရည်စစ်စစ်ကိုမှ ကျေွးရမယ်လို့ မဟုတ်ပါဘူး။ ဖွားဖွားတေွ မေးရင်ပါ အဲလိုလေး ရှင်းပြပေးလိုက်ပါ။

Vbg9trzrkqalbnyirmm7

ကဲ အဲဒီတော့ ထမင်းရည်ပဲဖြစ်ဖြစ် blender နဲ့ ချေပြီးပဲဖြစ်ဖြစ် ကလေးကို ဖြည့်စွက်စာ အနေနဲ့ ကောင်းကောင်း ကျေွးနိုင်ပါတယ်။ အဲဒီလို ကျေွးတိုင်းမှာလည်း ဆီလေး နည်းနည်း (လက်ဖက်စားဇွန်းတစ်ဇွန်း) လောက်ပဲ ထည့်ကျေွးပါ။ ဆားထည့်ရန်မလိုပါဘူး။ ကြက်စွတ်ပြုတ် ၊ ပဲ ၊ အာလူး ၊ ကန်စွန်းဥ ၊ ရေွဖရုံသီး ၊ မုန်လာဥနီ စတာတေွကို တစ်မျိုးမျိုး ထည့်ပြုတ်ပြီးတော့ blender နဲ့ချေကာ ကလေးကို အလှည့်ကျ ကျေွးနိုင်ပါတယ်။ ဒါမှသာ ကလေးတေွ ကြီးလာတဲ့အခါ အစားရေွးတာမျိုးတေွ မဖြစ်စေနိုင်မှာပဲ ဖြစ်ပါတယ်။

Tm88jo7c1xudjk3m8odx

ဘယ်အချိန်ကနေ စကျေွးမလဲဆိုတော့ ကလေးအသက် ၆လ ပြည့်ချိန်ကနေ စပြီးတော့ ကျေွးရပါမယ်။ အသက် ၆ လအောက် ကလေးများကိုတော့ မိခင်နို့ကလွဲပြီးတော့ အခြားအဟာရတေွ မလိုအပ်ပါဘူး။ အသက် ၆ လမှ စတင်ပြီးတော့ ခုနက ပြောခဲ့သလိုပဲ စတင် ကျေွးနိုင်ပါပြီ။ ကလေးက ၂ နှစ်ကျော်လာရင်တော့ ထမင်းပျော့ပျော့ချက်ပြီးတော့ လူကြီးစားသလို စားလို့ ရပြီဆိုတာလေး ပျောရင်းနဲ့ပဲ ဒေါက်တာလင်း လေကြောရှည်နေတာလေးကို ရပ်လိုက်ပါတယ်။
#Ref( ဒေါက်တာလင်း - ထမင်းရည်နဲ့ကလေးကျန်းမာရေး ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.