
သားသားမီးမီးတို့ နေမကောင်းဖြစ်တဲ့အချိန်ဟာ ဖေဖေမေမေတို့ အစိုးရိမ်ရဆုံးနဲ့ စိတ်အပူရဆုံး အချိန်ပါပဲ။ ကလေးငယ်ဖျားပြီဆိုရင် ကိုယ်ပူကြီးမှာစိုးလို့ အစာမကျေွးဘဲ ဖြတ်ပစ်လိုက်ဖို့ မလိုပါဘူး။ အစာချေရတာ လွယ်ကူစေတဲ့ ဆန်ပြုတ် ၊ စွပ်ပြုတ် ၊ မြူစွမ်ပြုတ် စတဲ့ ကျေညက်လွယ်စေမယ့် အစားအစာလေးတေွ ကျေွးပေးရပါမယ်။ တိုက်ဖွိုက်လို့ခေါ်တဲ့ အူယောင်ငန်းဖျားရောဂါ ဖြစ်နေမှသာ အဖက်မကျေွးဘဲ အရည်လေးသာ တိုက်ပေးရမှာပါ။
ဝမ်းပျက်ဝမ်းလေှျာ ဖြစ်နေခဲ့ရင်...

ဝမ်းပျက်ဝမ်းလေှျာဖြစ်နေတဲ့ ကလေးကိုလည်း အစာဖြတ်စရာမလိုပါဘူး။ ဓာတ်ဆားရည်၊ ဆန်ပြုတ်၊ စွပ်ပြုတ်၊ ထမင်းရည်၊ အုန်းစိမ်းရည်နဲ့ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တို့ကို တိုက်လို့ရပါတယ်။ ကလေးက အန်နေတယ်ဆိုရင်တော့ နို့၊ ဓာတ်ဆား၊ ရေကျက်အေးတို့ကို တိုက်နိုင်ပြီး အအန်ရပ်သွားမှသာ ကြေညက်လွယ်တဲ့ အစာလေးတေွကို ကျေွးပေးပါ။
ဝမ်းပျက်ဝမ်းလေှျာဖြစ်နေတဲ့ ကလေးကိုတော့ အသင့်ဖျော်ထားတဲ့ သံဗူး၊ ပုလင်းဖျော်ရည်များ မတိုက်ပါနဲ့။ ဓာတ်ဆားကိုလည်း သီးစုံဓာတ်ဆားမဟုတ်ဘဲ ရိုးရိုးဓာတ်ဆားကိုသာတိုက်ပေးပါ။ အစာကိုလည်း တစ်နေ့ကို ကျေွးနေကျအကြိမ်ရေထက် တစ်ကြိမ်ပိုကျေွးပါ။ ဝမ်းရပ်ပြီး ၂ ပတ်လောက်အထိ တစ်ကြိမ်ပိုကျေွးပေးပါ။
အန်နေတဲ့ကလေးကို အန်မှာစိုးရိမ်ပြီး မကျေွးဘဲထားရင် အာဟာရပြတ်လပ်တတ်သလို ကလေးကလည်း ဆာလို့ ပိုငိုတတ်ပါတယ်။ အန်နေတဲ့ကလေးကို ဆယ်မိနစ်လောက် နားပြီး အာဟာရဖြစ်စေမယ့် အရည်ကိုပဲ နှစ်မိနစ် တစ်ဇွန်းလောက် ဖြည်းဖြည်းချင်း တိုက်ပေးပါ။ အအန်ရပ်တဲ့အချိန်မှာတော့ အစာပျော့ပျော့လေး ကျေွးနိုင်ပါတယ်။