Kyarlay.com

almost 2 years

ကိုယ္၀န္ေဆာင္မိခင္နဲ႕ နာက်င္ကိုက္ခဲမႈေ၀ဒနာ


Dqreffvg8amvtlr6kaew

ကိုယ္၀န္ေဆာင္ေမေမတို႕ေရ အခုလိုသားသားမီးမီးေလးေတြကို ကိုယ္၀န္လြယ္ထားရတဲ့ကာလမ်ဳိးမွာ တင္ပါးခြက္နာက်င္တာ၊ ရိုးကြင္းပတ္ခ်ာလည္မွာရွိတဲ့ အရိုးအဆက္ေတြ။ ခါးရိုးအဆစ္ေတြ နာက်င္တာမ်ဳိး ျဖစ္တတ္ပါတယ္။ အထူးသျဖင့္ေတာ့ အေရွ႕ဘက္မွာ ဆီးခံုရိုးႏွစ္ခုဆက္တဲ့ေနရာ၊ အေနာက္ဘက္မွာ တင္ပါးခြက္အရိုးနဲ႕ ၿမီးေညွာင္ရိုးဆက္တဲ့ေနရာေတြမွာရွိတဲ့ အဆက္္ေတြက ကိုယ္၀န္မရွိတဲ့အခ်ိန္မွာေတာ့ ခႏၶာကိုယ္က ဘယ္ေလာက္ပဲလႈပ္ရွားလႈပ္ရွား လိုက္ပါလႈပ္ရွားေလ့မရွိေပမယ့္ ကိုယ္၀န္ရွိေနတဲ့အခ်ိန္မွာေတာ့ ေဟာ္မုန္းေၾကာင့္ အဲ့ဒီေနရာေတြမွာဆက္တဲ့အရြတ္ေတြဟာ ေပ်ာ့ေပ်ာင္းၿပီးေလ်ာ့ရဲလာခဲ့ရတာျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္လည္း ခႏၶာကိုယ္လႈပ္ရွားတိုင္းမွာ လိုက္ပါလႈပ္ရွားၿပီး ကိုယ္၀န္ေဆာင္ေမေမေတြ နာက်င္ကိုက္ခဲတဲ့ေ၀ဒနာကို ခံစားၾကရတာပါ။

 


N83ncnykjrn7ma2ibou8

ေမေမတို႕ေရ ကိုယ္၀န္ေဆာင္ခ်ိန္မွာ ခ်က္ခ်င္းလႈပ္ရွားမႈေတြျပဳလုပ္လိုက္မယ္ဆိုရင္ အရြတ္ေတြနာသြားတတ္ပါတယ္။ တင္ပါးခြက္အရိုးနဲ႕ ၿမီးေညွာင့္ရိုးဆက္္တဲ့ေနရာေတြမွာ အဆက္ကအရြတ္နာသြားမယ္ဆိုရင္ အိပ္ယာထဲမွာ အလွည့္အေစာင္းျပဳလုပ္စဥ္ေတြနာက်င္တတ္ပါတယ္။ ေနာက္ၿပီး ဆီးခံုရိုးႏွစ္ခုဆက္တဲ့ေနရာက အရြတ္နာသြားမယ္ဆိုရင္ေတာ့ ေျခလွမ္းလွမ္းတိုင္းမွာ နာက်င္းတတ္ပါတယ္။ ခါးဆစ္အဆက္ေနရာက အရြတ္နာသြားခဲ့မယ္ဆုိရင္ေတာ့ ခါးနာ ခါးကိုက္တာေတြျဖစ္ေပၚတတ္ပါတယ္ေမေမတို႕ေရ။ အဲ့ဒါေၾကာင့္လည္း လူႀကီးေတြက ကိုယ္၀န္ေဆာင္မိခင္ေတြကို မေပါ့မပါးနဲ႕ သြားတာလာတာ သတိထားဖို႕အတြက္ မွာၾကတာပါ။


Fckuyqcputzmicxf6zm2

ေမေမတုိ႕ေရ တကယ္လို႕ ေမေမတို႕သြားလာလႈပ္ရွားမႈေတြမွာ သတိမမူမိဘဲ အရြတ္ေတြနာက်င္သြားၿပီဆိုရင္ေတာ့ မေမြးမခ်င္းမွာ နာေနတတ္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ကေလးကဆက္လက္ႀကီးထြားေနၿပီး ေမြးဖြားရာလမ္းေၾကာင္းကို တြန္းကန္ေနမွာျဖစ္တဲ့အတြက္ နာက်င္မႈေတြကို ေမေမတို႕က ခံစားေနရမွာပါ။ နာက်င္ကိုက္ခဲမႈေတြသက္သာခ်င္တယ္ဆိုရင္ေတာ့ ေမေမတို႕က ေနထိုင္သြားလာမႈေလးေတြကို ဆင္ျခင္လိုက္လို႕ရပါတယ္ေနာ္။ တကယ္လို႕လံုး၀မသက္သာဘူးဆိုရင္ေတာ့ ဆရာ၀န္နဲ႕ျပသတိုင္ပင္သင့္ပါတယ္။ နာက်င္ကိုက္ခဲမႈသက္သာေစဖို႕အတြက္ ဆရာ၀န္နဲ႕တိုင္ပင္မႈမရွိဘဲ ေဆး၀ါးေတြေသာက္သံုးမႈကိုေတာ့ ေမေမတို႕က ေရွာင္ရွားေပးဖို႕လိုပါတယ္ေနာ္။ မိခင္တိုင္းက်န္းမာေစဖို႕အတြက္ က်ားေလးက ဆႏၵျပလိုက္ပါတယ္ေနာ္။

(ေမးလိုရာေမး ေမ့ရင္ေသြးက႑မွ ေကာက္ႏုတ္ခ်က္)

မိခင္နဲ႕ရင္ေသြးတိုင္းအတြက္ ေမတၱာမြန္ျဖင့္
HM (က်ားေလး)

>>>> Unicode Version <<<<


Lnmn3sztq9lbaxjoojje

ကိုယ်ဝန်ဆောင်မိခင်နဲ့ နာကျင်ကိုက်ခဲမှုဝေဒနာ

ကိုယ်ဝန်ဆောင်မေမေတို့ရေ အခုလိုသားသားမီးမီးလေးတွေကို ကိုယ်ဝန်လွယ်ထားရတဲ့ကာလမျိုးမှာ တင်ပါးခွက်နာကျင်တာ၊ ရိုးကွင်းပတ်ချာလည်မှာရှိတဲ့ အရိုးအဆက်တွေ။ ခါးရိုးအဆစ်တွေ နာကျင်တာမျိုး ဖြစ်တတ်ပါတယ်။ အထူးသဖြင့်တော့ အရှေ့ဘက်မှာ ဆီးခုံရိုးနှစ်ခုဆက်တဲ့နေရာ၊ အနောက်ဘက်မှာ တင်ပါးခွက်အရိုးနဲ့ မြီးညှောင်ရိုးဆက်တဲ့နေရာတွေမှာရှိတဲ့ အဆက််တွေက ကိုယ်ဝန်မရှိတဲ့အချိန်မှာတော့ ခန္ဓာကိုယ်က ဘယ်လောက်ပဲလှုပ်ရှားလှုပ်ရှား လိုက်ပါလှုပ်ရှားလေ့မရှိပေမယ့် ကိုယ်ဝန်ရှိနေတဲ့အချိန်မှာတော့ ဟော်မုန်းကြောင့် အဲ့ဒီနေရာတွေမှာဆက်တဲ့အရွတ်တွေဟာ ပျော့ပျောင်းပြီးလျော့ရဲလာခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ခန္ဓာကိုယ်လှုပ်ရှားတိုင်းမှာ လိုက်ပါလှုပ်ရှားပြီး ကိုယ်ဝန်ဆောင်မေမေတွေ နာကျင်ကိုက်ခဲတဲ့ဝေဒနာကို ခံစားကြရတာပါ။

မေမေတို့ရေ ကိုယ်ဝန်ဆောင်ချိန်မှာ ချက်ချင်းလှုပ်ရှားမှုတွေပြုလုပ်လိုက်မယ်ဆိုရင် အရွတ်တွေနာသွားတတ်ပါတယ်။ တင်ပါးခွက်အရိုးနဲ့ မြီးညှောင့်ရိုးဆက််တဲ့နေရာတွေမှာ အဆက်ကအရွတ်နာသွားမယ်ဆိုရင် အိပ်ယာထဲမှာ အလှည့်အစောင်းပြုလုပ်စဉ်တွေနာကျင်တတ်ပါတယ်။ နောက်ပြီး ဆီးခုံရိုးနှစ်ခုဆက်တဲ့နေရာက အရွတ်နာသွားမယ်ဆိုရင်တော့ ခြေလှမ်းလှမ်းတိုင်းမှာ နာကျင်းတတ်ပါတယ်။ ခါးဆစ်အဆက်နေရာက အရွတ်နာသွားခဲ့မယ်ဆိုရင်တော့ ခါးနာ ခါးကိုက်တာတွေဖြစ်ပေါ်တတ်ပါတယ်မေမေတို့ရေ။ အဲ့ဒါကြောင့်လည်း လူကြီးတွေက ကိုယ်ဝန်ဆောင်မိခင်တွေကို မပေါ့မပါးနဲ့ သွားတာလာတာ သတိထားဖို့အတွက် မှာကြတာပါ။

မေမေတို့ရေ တကယ်လို့ မေမေတို့သွားလာလှုပ်ရှားမှုတွေမှာ သတိမမူမိဘဲ အရွတ်တွေနာကျင်သွားပြီဆိုရင်တော့ မမွေးမချင်းမှာ နာနေတတ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကလေးကဆက်လက်ကြီးထွားနေပြီး မွေးဖွားရာလမ်းကြောင်းကို တွန်းကန်နေမှာဖြစ်တဲ့အတွက် နာကျင်မှုတွေကို မေမေတို့က ခံစားနေရမှာပါ။ နာကျင်ကိုက်ခဲမှုတွေသက်သာချင်တယ်ဆိုရင်တော့ မေမေတို့က နေထိုင်သွားလာမှုလေးတွေကို ဆင်ခြင်လိုက်လို့ရပါတယ်နော်။ တကယ်လို့လုံးဝမသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ပြသတိုင်ပင်သင့်ပါတယ်။ နာကျင်ကိုက်ခဲမှုသက်သာစေဖို့အတွက် ဆရာဝန်နဲ့တိုင်ပင်မှုမရှိဘဲ ဆေးဝါးတွေသောက်သုံးမှုကိုတော့ မေမေတို့က ရှောင်ရှားပေးဖို့လိုပါတယ်နော်။ မိခင်တိုင်းကျန်းမာစေဖို့အတွက် ကျားလေးက ဆန္ဒပြလိုက်ပါတယ်နော်။

(မေးလိုရာမေး မေ့ရင်သွေးကဏ္ဍမှ ကောက်နုတ်ချက်)

မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)