အသီးအရွက်စားခြင်းက ကလေးတေွရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကျန်းမာရေးအတွက် အရေးကြီးတဲ့ အခြေခံလိုအပ်ချက်ပဲ ဖြစ်ပါတယ်။ ကလေးအများစုက အသီးအရွက်တေွရဲ့ အရသာကို မကြိုက်တာကြောင့် သိပ်မစားကြပါဘူး။ ဒါကြောင့် ဒီတစ်ခါမှာတော့ အသီးအရွက်ကို သိပ်မကြိုက်တဲ့ ကလေးတေွ အကြိုက်တေွ့စေမယ့် အသီးအရွက် ပြင်ဆင်နည်း (၉) မျိုးကို အခုလိုပဲ ရေးသားလိုက်ပါတယ်။
၁။ ဖျော်ရည်လုပ် တိုက်ပါ
----------------------------
လတ်ဆတ်တဲ့ သစ်သီးတေွကို အဆီပါဝင်မှုနည်းတဲ့ ဒိန်ချဉ် ဒါမှမဟုတ် နို့နဲ့ ရောဖျော်ပြီးတော့ ကလေးကို တိုက်နိုင်ပါတယ်။ စတော်ဘယ်ရီဖျော်ရည် ၊ ငှက်ပျောသီးဖျော်ရည်တို့လို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတေွနဲ့ ဗီတာမင်တေွအပြင် omega-3 fatty acid ပါဝင်တဲ့အသီးတေွဆို ပိုကောင်းပါတယ်။ DHA (Docosahexaenoic acid) ဆိုတဲ့omega-3 fatty acid က ကလေးတေွရဲ့ ဦးနေှာက်နဲ့အမြင်အာရုံဖွံ့ဖြိုးမှုအတွက်ပါ အရေးပါတာကြောင့် ကလေးတေွစားသုံးမယ့် အစားအသောက်တေွထဲမှာ DHA မှျတစွာပါဝင်မယ်ဆိုရင်တော့ သင့်ကလေးရဲ့ သင်ယူမှုစွမ်းရည်ကို ကောင်းကောင်း တိုးတက်စေနိုင်ပါတယ်။
၂။ သွားရည်စာဖြစ်အောင် ပြင်ဆင်ပါ
---------------------------------------
အသီးတေွပဲ စားမယ်ဆိုရင် ပျင်းဖို့ကောင်းပါတယ်။ ဒါကြောင့် ဗနီလာ၊ မီယောနီစ်၊ ဒိန်ချဉ် စတာတေွနဲ့ သုတ်ကျေှးနိုင်ပါတယ်။ အသုပ်ထဲမှာ ပန်းဂေါ်ဖီစိမ်း ၊ ဂေါ်ဖီ ၊ ပန်းဂေါ်ဖီ စတာတေွ ထည့်နိုင်ပါတယ်။ ဒါအပြင် ပန်းဂေါ်ဖီစိမ်းမှာလည်း DHA ပါဝင်ပါတယ်။
၃။ အရောင်အသေွး စုံလင်ပါစေ
----------------------------------
ကလေးတေွက အရောင်စုံတာကို ကြိုက်ပါတယ်။ ဒါကြောင့် ပန်းသီး၊ လိမ္မော်သီး၊ ဇီးသီး၊ ဖရဲသီး စတဲ့ အရောင်စုံသစ်သီးတေွ အားလုံးကို ရောစပ်ပြီးတော့ သီးစုံကျေှးနိုင်ပါတယ်။ အသီးတေွကို အသည်းပုံ ၊ ကြယ်ပုံစံ ၊ အကောင်လေးတေွပုံစံ လှီးဖြတ်လို့ရတဲ့ ပုံစံခွက်လေးတေွနဲ့ ကလေးအကြိုက် သင် ဖန်တီးပြင်ဆင်ပေးလိုက်ပါ။
၄။ ကိုယ်တိုင်လုပ်ပီဇာ
-------------------------
ကလေးတေွက ပီဇာကြိုက်ပါတယ်။ ဒါကြောင့် ကိုယ်လိုချင်တဲ့ အမယ်တေွ အနံအရသာတေွနဲ့ ပြုလုပ်ပြီးတော့ ကလေးကို ကျေှးနိုင်ပါတယ်။ ovenရှိရင် ရနေပြီပဲ။ အပြင်စာ ဝယ်ကျေှးတာထက် အသီးအရွက်၊အသား၊ဂျုံ အာဟာရမှျတအောင် လုပ်နည်းလေ့လာပြီးတော့ ကိုယ်တိုင်လုပ်ကျေှးလို့ ရပါတယ်။
၅။ ဖန်တီးတီထွင်မှု ရှိပါစေ
-----------------------------
ကလေးတေွ အစားပိုစားဖို့အတွက် ပန်းကန်၊ ဇွန်းခရင်း စတာတေွက အစ အရောင်စုံပြီးတော့ စွဲဆောင်မှု ရှိနေပါစေ။ ပန်းကန်ထဲမှာ အလှဆင်ပြင်ဆင်ပေးတာမျိုးက ကလေးတေွရဲ့စားချင်စိတ်ကိုပါ ကောင်းကောင်း လှုံ့ဆော်ပေးနိုင်ပါတယ်။
၆။ အေးခဲပြီး ထားတဲ့အသီး ကျေှးပါ
--------------------------------------
ငှက်ပျောသီး၊ ပန်းသီး၊ ဖရဲသီး၊ ထောပတ်သီးစတာတေွ ပါဝင်တဲ့ ရေခဲမုန့် ၊ ရေခဲချောင်းလုပ်ပြီးတော့ ကျေှးနိုင်ပါသေးတယ်။ ဒါအပြင် အသီးနဲ့ပတ်သက်တဲ့ သရေစာ အလွယ်ပြုလုပ်နည်းတေွက အင်တာနက်မှာ အများကြီး ရှိပါတယ်။
၇။ မနက်စာအတွက် သစ်သီးထည့်ကျေှးပါ
----------------------------------------------
အရင်စားနေကျ အစာတေွထက် မနက်စာမှာ သစ်သီးကိုပါ ထည့်ကျေှးတာက ကလေးရဲ့ကျန်းမာရေးအတွက် ကောင်းပါတယ်။ ကြက်ဥ ၊ ဂျုံ ၊ နို့ထွက်ပစ္စည်းနဲ့ အသီးအနှံတေွပါတဲ့ မနက်စာက ဖွံ့ဖြိုးဆဲဖြစ်တဲ့ကလေးတေွအတွက် လုံလောက်တဲ့အာဟာရ ဖြစ်စေပါတယ်။
၈။ ဟင်းလျာထဲမှာ သစ်သီးထည့်ချက်နိုင်ပါတယ်
----------------------------------------------------
မိရိုးဖလာ ချက်ပြုတ်နည်းတေွကို မေ့ထားပြီးတော့ သင့်မိသားစု ကြိုက်စေမယ့် ဟင်းလျာထဲမှာ အသီးတေွ ရောစပ်ပြီးတော့ ချက်ပြုနိုင်ပါတယ်။ ဥပမာ နာနတ်သီးနဲ့ ချက်တာမျိုး။
၉။ ကလေးတေွကို ရေွးချယ်ခိုင်းပါ
-------------------------------------
ချက်ပြုတ်ပြင်ဆင်နေတဲ့အခါမျိုးတေွမှာ ကလေးတေွ ကြိုက်တဲ့ အသီးအရွက်တေွ ရေွးချယ်ပါစေ။ ကလေးတေွရဲ့ နေရေး ၊ စားရေး ၊ သောက်ရေး စတဲ့ ပြုစုစောင့်ရေှာက်မှုတေွအတွက် မိဘတိုင်းက ပူပန်နေရနိုင်ပါတယ်။ ဒါကြောင့် အမြင်ဆန်းပြီးတော့ ကလေးစိတ်ဝင်စားစေလောက်တဲ့ အပြင်အဆင် ၊ တီထွင်ဖန်တီးမှုတေွနဲ့ ကလေးကို ကောင်းကောင်း ဆွဲဆောင်ရပါလိမ့်မယ်။ အာဟာရပြည့်ဝစွာ စားသုံးမှသာ ကလေးက ကျန်းမာပျော်ရွှင်ပြီးတော့ ထူးချှန်ထက်မြက်တဲ့ ကြယ်ပွင့်လေးတေွ ဖြစ်လာနိုင်မှာပါ။
#Ref ( Hello - အသီးအရွက်နဲ့ ကလေးကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)