ကဖိန်းဓါတ်ဟာ ကျှန်တော်တို့ လူ့အဖွဲ့အစည်းမှာ တော်တော်လေး စားသုံးလေ့ရှိတဲ့ အရာဝတ္တုတစ်ခုပဲ ဖြစ်ပါတယ်။ ဥပမာ- ကဖိန်းဟာ ကော်ဖီမှာလိုပဲ ချောကလက်၊ အချိုရည်များနှင့် လက်ဖက်ရည်တေွမှာပါ ပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် အတွင်းမှာ ကဖိန်းဓါတ် စားသုံးသင့်/ မသုံးသင့်ဆိုတာ အငြင်းပွားဖွယ်ရာ ခေါင်းစဉ်တစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ဒီပြဿနာကို နက်ရှုိင်းစွာ အဖြေရှာရင်းနဲ့ ကိုယ်ဝန်ဆောင်နေစဉ် ကဖိန်းဓါတ် စားသုံးခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးသက်ရောက်မှုတေွကို အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။
ကဖိန်းဆိုတာ....ဘာလဲ?
---------------------------
ကဖိန်းဓာတ်ဆိုတာ ဓါတုဗေဒအားဖြင့် methylxanthine အုပ်စုကို ပိုင်ဆိုင်ထားတဲ့ အယ်ကာလိုက်တစ်ခုပဲ ဖြစ်ပါတယ်။ ကျှန်မတို့ ခန္ဓာကိုယ်ထဲမှာ ကဖိန်းဓါတ်ဟာ စိတ်လှုံ့ဆော်မှုတစ်ခုအဖြစ် ဦးနေှာက်ဗဟို အာရုံကြောစနစ်မှာ ဆောင်ရွက်ပါတယ်။ ကဖိန်းဓါတ်ဟာ adenosine receptors တေွှဖစ်တဲ့ A1, A2A ရဲ့ ရန်ဖက်တေွ ဖြစ်ပါတယ်။ ဒီ receptors တေွက neurotransmitters အများအပြား ထုတ်လွင့်တာကို ဟန့်တားဖို့အတွက် တာဝန်ယူရပါတယ်။ ဒါကြောင့် ကဖိန်းရဲ့ သက်ရောက်မှုက ဒီတူညီတဲ့ transmitters တေွကို ထုတ်လွှတ်ပေးဖို့အတွက်ပဲ ဖြစ်ပါတယ်။
ဒါဆို ကဖိန်းရဲ့ ဂုဏ်သတ္တိတေွက ဘာတေွလဲ?
--------------------------------------------------
ကဖိန်းဓါတ်ဟာ ကျှန်တော်တို့ရဲ့ ဗဟိုအာရုံကြောစနစ်အတွက် စိတ်ကိုလှုံဆော်ပေးပြီးတော့ စိတ်တတ်ကြွစေတဲ့ အရာဝတ္တုတစ်ခုပဲ ဖြစ်ပါတယ်။ ကဖိန်းဓါတ်ဟာ တတ်ကြွအောင် လှုံဆော်ပေးတဲ့ ဂုဏ်သတ္တိတေွရှိတာကြောင့် မူးယစ်ဆေးတစ်ခုဆိုလည်း မမှားပါဘူး၊ ကဖိန်းဓါတ်ဟာ အောက်ဖော်ပြပါ အပါအဝင် ကျှန်တော်တို့ ခန္ဓာကိုယ်ပေါ်မှာ တခြားသက်ရောက်မှုတေွ ရှိပါတယ်။ ကဖိန်းဟာ အင်တီအောက်ဆီဒင့်တစ်ခုဖြစ်ပြီး free radicals တေွကိုပါ တိုက်ခိုက်ပေးပါတယ်၊ ဒါအပြင် ကဖိန်းဓာတ်ရဲ့ဂုဏ်သတ္တိတေွကတော့
၁။ သေွးလွှတ်ကြောဖိအားကို တိုးပွားစေပါတယ်။
၂။ နှလုံးခုန်နှုန်းကို တိုးစေပါတယ်။
၃။ ဆီးသွားစေတဲ့ ဂုဏ်သတ္တိတေွ ရှိပါတယ်။
၄။ သေွးလည်ပတ်မှုကို မြင့်တတ်စေပါတယ်။
၅။ ရေဓါတ်ခန်းခြောက်မှုအဆင့်ကို ထုတ်လုပ်နိုင်ပါတယ်။
၆။ ခေါင်းကိုက်မှုကို ဖြစ်စေနိုင်ပါတယ်၊
ရ။ အသက်ရှုလမ်းကြောင်းဆိုင်ရာ လုပ်ငန်းဆောင်တာများကို ပိုမိုကောင်းမွန်စေတယ် စသည်တို့ပဲ ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ကဖိန်းဓါတ်ရဲ့ ဆိုးကျိုးတေွက ဘာလဲ....?
------------------------------------------------------------------------------
ကဖိန်းဓါတ်ကို မျိုးပွားမှုနှင့် ပတ်သတ်လာတဲ့အခါ ဆေးရွက်ကြီးနှင့် တခြားမူးယစ်ဆေးလို အန္တရာယ်ရှိတဲ့ အချက်ကို ထည့်သွင်းစဉ်းစားခဲ့ပါတယ်။ သို့သော် အသင့်အတင့်သောက်သုံးရင် အန္တရာယ် မရှိပါဘူး။ ကိုယ်ဝန်ဆောင်စဉ်မှာ ကဖိန်းဓါတ်ကို အလယ်အလတ် စားသုံးခြင်းက ဆိုးဝါးတဲ့ သက်ရောက်မှုတေွကို မဖြစ်ပေါ်စေပါဘူး။ ကဖိန်းဓါတ် မြင့်မားမှသာ ကိုယ်ဝန်ပျက်ကျတာ၊ သန္ဓေသားကြီးထွားမှု နည်းစေနိုင်ပါတယ်။ မိခင်သောက်သုံးတဲ့ ကဖိန်းဓါတ်က သန္ဓေသားဆီကို ရောက်ရှိတာကြောင့် ဖြစ်ပါတယ်။ အချင်းထဲကိုရောက်သွားတဲ့ ကဖိန်းဓါတ်ဟာ ကိုယ်ဝန် ၈လရောက်ရှိတဲ့အထိ သန္ဓေသားမှာ အသည်းအတွက် လိုအပ်တဲ့ အင်ဇိုင်းတေွ ကင်းမဲ့စေပါတယ်။ ကဖိန်းဓါတ်ရဲ့ ဂုဏ်သတ္တိများကြောင့် သန္ဓေသားဆီ ရောက်ရှိတဲ့ သေွးပမာဏကို လျော့နည်းစေပါတယ်။ ကလေးက အာဟာရနည်းနည်းနဲ့ အောက်ဆီဂျင်နည်းနည်းပဲ ရရှိပါတော့တယ်။ ဒါ့ကြောင့် ကဖိန်းဓါတ် မြင့်မားစွာ စားသုံးခြင်းက သန္ဓေသားဖွံ့ဖြိုးမှုကို ပြောင်းလဲပစ်နိုင်ပါတယ်။
နောက်တစ်ခုက ကဖိန်းဓါတ်ဟာ ကိုယ်ဝန်ဆောင်စဉ်အတွင်း ကိုယ်ဝန်ပျက်ကျခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အထူးသဖြင့် ပထမသုံးလပတ်ကာလအတွင်းမှာ ဖြစ်ပါတယ်။ ကဖိန်းဓါတ်ပိုလှျံမှုက သေွးတိုးရောဂါကိုပါ ဖြစ်ပေါ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ သေွးတိုးနဲ့ နှလုံးရောဂါကို ထိန်းချုပ်ဖို့ အရေးကြီးတာကြောင့် ကဖိန်းကို လေှျာ့သောက်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင် မိခင်နှင့် ကလေးအတွက် မလိုလားအပ်တဲ့ ဆိုးကျိုးတေွ ဖြစ်ပေါ်စေနိုင်ပါတယ်။ နို့တိုက်နေတဲ့ ကာလအတွင်းမှာလည်း ကဖိန်းဓါတ်က မိခင်နို့ကနေ ကလေးဆီကိုး ရောက်နိုင်ပါတယ်။ မိခင်နို့ထဲမှာ ကဖိန်းဓါတ်များပြားခြင်းက ကလေးရဲ့ အိပ်စက်မှုအပြောင်းအလဲတေွ ဖြစ်စေပြီး စိတ်တိုတာတေွ ဖြစ်စေနိုင်ပါတယ်။ အလယ်အလတ်စားသုံးမယ်ဆိုရင် အန္တရာယ် မရှိပါဘူး။
#Ref( Chit May May - ကိုယ်ဝန်ဆောင်မိခင်နဲ့ ကဖိန်းဓာတ်ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)