Kyarlay.com

almost 2 years

ကေလးငယ္နဲ႕ ႏွာေစး၊ ေခ်ာင္းဆိုးေရာဂါ


Uzdiuftiedpjrnhntei8

ေမေမတို႕ေရ အခုရက္ေတြထဲမွာ ေဆာင္းတြင္းေအးေနတုန္းပဲေနာ္။ အဲ့ဒါေၾကာင့္ ေဘဘီေလးေတြမွာျဖစ္တတ္တဲ့ ႏွာေစး၊ ေခ်ာင္းဆိုးတာနဲ႕ပတ္သက္ၿပီး ဘယ္လိုဂရုျပဳသင့္တယ္ဆိုတာေလးကို ေဖာ္ျပေပးခ်င္ပါတယ္။ ေနာက္ၿပီး မၾကာမီမွာ ေဆာင္းအကုန္ေႏြအကူးျဖစ္တဲ့ ရာသီအကူးအေျပာင္းကာလကိုလည္း ေရာက္ရွိလာေတာ့မွာဆိုေတာ့ အဲ့ဒီလိုအခ်ိန္မွာလည္း ေဘဘီေလးေတြရဲ႕ က်န္းမာေရးအတြက္ ဂရုစိုက္ဖို႕လိုတယ္ေနာ္။



E9njk7kwbr24dacbgfp7

အခုလိုေအးတဲ့ရာသီနဲ႕ ရာသီအကူးအေျပာင္းကာလေတြမွာ ႏွာေစး၊ ေခ်ာင္းဆိုးက ကေလး၊ လူႀကီးမေရြးျဖစ္တတ္တယ္မဟုတ္လား။ အဲ့ဒါေၾကာင့္ ဒီလိုရာသီမွာ ကေလးေတြကို ေခါင္းရိတ္မေပးဖို႕အတြက္ လိုအပ္ပါတယ္ေနာ္။ ဒီလိုအခ်ိန္မွာ ေခါင္းရိတ္ေပးလိုက္ရင္ ႏွာေစး၊ ေခ်ာင္းဆိုးကပိုၿပီးျဖစ္တတ္လို႕ပါ။ ေနာက္ၿပီး ကေလးငယ္ေလးေတြအတြက္ လိုအပ္တဲ့ ကာကြယ္ေဆးေတြကိုလည္း မွန္မွန္ေလးထိုးေပးသင့္ပါတယ္။ ဒါမွလည္း ေနာက္ထပ္ေရာဂါေတြ၊ ဘက္တီးရီးယားေတြ ၀င္ေရာက္မလာမွာပါ။ ေနာက္ၿပီး မိခင္ႏို႕ကိုလည္း တိုက္္ေကၽြးေပးရပါမယ္။ မိခင္ႏို႕က အေအးမိတာနဲ႕ပတ္သက္ၿပီး ေရာဂါေတြအကုန္ကို ကာကြယ္ေပးႏိုင္တာေၾကာင့္ မိခင္ႏို႕ကိုပိုၿပီး တိုက္သင့္ပါတယ္ ေမေမတို႕ေရ။


Dpcu5elgmgqzgc3ixly8

ေမေမတို႕ေရ အသက္ ၆ လေအာက္ကေလးငယ္ေတြကို မိခင္ႏို႕တစ္မ်ဳိးတည္းကိုပဲ တိုက္ရမယ္ဆိုေပမယ့္ အသက္ ၆ လအထက္ေရာက္ၿပီး ႏွာေစးေခ်ာင္းဆိုးျဖစ္ေနတယ္ဆိုရင္ေတာ့ ကေလးကို ေရပိုၿပီးတိုက္ေပးဖို႕လိုအပ္ပါတယ္ေနာ္။ အခ်ဳိ႕ေတြက ဓာတ္တစ္ခုခုမတည့္တာ၊ အမႈန္တစ္ခုခု၊ အေငြ႕တစ္ခုခုေတြနဲ႕ မတည့္တာမ်ဳိးေတြမွာ ႏွာေစးေနတတ္ပါတယ္။ ႏွာေစးတာမွာ ေနာက္ထပ္အမႈန္အမႊားေတြ၊ ေရာဂါပိုးေတြပါ၀င္သြားၿပီဆိုရင္ေတာ့ ထိပ္ကပ္နာအထိပါျဖစ္ႏိုင္တာမို႕လို႕ ေမေမတုိ႕က သားသားမီးမီးေလးေတြကို ေသခ်ာေလးဂရုစိုက္သင့္ပါတယ္ေနာ္။


Kxsjrrdrljikcweqrqag

ေဖေမတို႕ေရ အခုလိုရာသီမ်ဳိးက သားသားမီးမီးေလးေတြမွာ ႏွာေစး၊ ေခ်ာင္းဆိုး၊ အေအးမိေရာဂါေတြပိုလို႕ျဖစ္တတ္တဲ့အခ်ိန္ဆိုေတာ့ ေဖေမတို႕အပါအ၀င္ မိသားစု၀င္ေတြ၊ ေဘဘီေလးေတြကို ထိန္းေက်ာင္းေနတဲ့သူေတြအားလံုးက ဂရုတစိုက္နဲ႕ ျပဳစုေစာင့္ေရွာက္ေပးပါလို႕ က်ားေလးက အႀကံျပဳလိုက္ပါတယ္ေနာ္။

(ေမ့ရင္ေသြးမဂၢဇင္းမွ ေဒါက္တာေအာင္ၾကည္၀င္းအင္တာဗ်ဴးေကာက္ႏုတ္ခ်က္)

မိခင္နဲ႕ရင္ေသြးတိိုင္းအတြက္ ေမတၱာမြန္ျဖင့္
HM (က်ားေလး)

>>>> Unicode Version <<<<


Vdbyulkr0drgowme1bok

ကလေးငယ်နဲ့ နှာစေး၊ ချောင်းဆိုးရောဂါ

မေမေတို့ရေ အခုရက်တွေထဲမှာ ဆောင်းတွင်းအေးနေတုန်းပဲနော်။ အဲ့ဒါကြောင့် ဘေဘီလေးတွေမှာဖြစ်တတ်တဲ့ နှာစေး၊ ချောင်းဆိုးတာနဲ့ပတ်သက်ပြီး ဘယ်လိုဂရုပြုသင့်တယ်ဆိုတာလေးကို ဖော်ပြပေးချင်ပါတယ်။ နောက်ပြီး မကြာမီမှာ ဆောင်းအကုန်နွေအကူးဖြစ်တဲ့ ရာသီအကူးအပြောင်းကာလကိုလည်း ရောက်ရှိလာတော့မှာဆိုတော့ အဲ့ဒီလိုအချိန်မှာလည်း ဘေဘီလေးတွေရဲ့ ကျန်းမာရေးအတွက် ဂရုစိုက်ဖို့လိုတယ်နော်။

အခုလိုအေးတဲ့ရာသီနဲ့ ရာသီအကူးအပြောင်းကာလတွေမှာ နှာစေး၊ ချောင်းဆိုးက ကလေး၊ လူကြီးမရွေးဖြစ်တတ်တယ်မဟုတ်လား။ အဲ့ဒါကြောင့် ဒီလိုရာသီမှာ ကလေးတွေကို ခေါင်းရိတ်မပေးဖို့အတွက် လိုအပ်ပါတယ်နော်။ ဒီလိုအချိန်မှာ ခေါင်းရိတ်ပေးလိုက်ရင် နှာစေး၊ ချောင်းဆိုးကပိုပြီးဖြစ်တတ်လို့ပါ။ နောက်ပြီး ကလေးငယ်လေးတွေအတွက် လိုအပ်တဲ့ ကာကွယ်ဆေးတွေကိုလည်း မှန်မှန်လေးထိုးပေးသင့်ပါတယ်။ ဒါမှလည်း နောက်ထပ်ရောဂါတွေ၊ ဘက်တီးရီးယားတွေ ၀င်ရောက်မလာမှာပါ။ နောက်ပြီး မိခင်နို့ကိုလည်း တိုက််ကျွေးပေးရပါမယ်။ မိခင်နို့က အအေးမိတာနဲ့ပတ်သက်ပြီး ရောဂါတွေအကုန်ကို ကာကွယ်ပေးနိုင်တာကြောင့် မိခင်နို့ကိုပိုပြီး တိုက်သင့်ပါတယ် မေမေတို့ရေ။

မေမေတို့ရေ အသက် ၆ လအောက်ကလေးငယ်တွေကို မိခင်နို့တစ်မျိုးတည်းကိုပဲ တိုက်ရမယ်ဆိုပေမယ့် အသက် ၆ လအထက်ရောက်ပြီး နှာစေးချောင်းဆိုးဖြစ်နေတယ်ဆိုရင်တော့ ကလေးကို ရေပိုပြီးတိုက်ပေးဖို့လိုအပ်ပါတယ်နော်။ အချို့တွေက ဓာတ်တစ်ခုခုမတည့်တာ၊ အမှုန်တစ်ခုခု၊ အငွေ့တစ်ခုခုတွေနဲ့ မတည့်တာမျိုးတွေမှာ နှာစေးနေတတ်ပါတယ်။ နှာစေးတာမှာ နောက်ထပ်အမှုန်အမွှားတွေ၊ ရောဂါပိုးတွေပါ၀င်သွားပြီဆိုရင်တော့ ထိပ်ကပ်နာအထိပါဖြစ်နိုင်တာမို့လို့ မေမေတို့က သားသားမီးမီးလေးတွေကို သေချာလေးဂရုစိုက်သင့်ပါတယ်နော်။

ဖေမေတို့ရေ အခုလိုရာသီမျိုးက သားသားမီးမီးလေးတွေမှာ နှာစေး၊ ချောင်းဆိုး၊ အအေးမိရောဂါတွေပိုလို့ဖြစ်တတ်တဲ့အချိန်ဆိုတော့ ဖေမေတို့အပါအဝင် မိသားစုဝင်တွေ၊ ဘေဘီလေးတွေကို ထိန်းကျောင်းနေတဲ့သူတွေအားလုံးက ဂရုတစိုက်နဲ့ ပြုစုစောင့်ရှောက်ပေးပါလို့ ကျားလေးက အကြံပြုလိုက်ပါတယ်နော်။

(မေ့ရင်သွေးမဂ္ဂဇင်းမှ ဒေါက်တာအောင်ကြည်ဝင်းအင်တာဗျူးကောက်နုတ်ချက်)

မိခင်နဲ့ရင်သွေးတိိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)