ဖေဖေ၊ မေမေတို့ရေ ရင်သေွးငယ်လေးတေွမှာ မတော်တဆထိခိုက်မှုအန္တရာယ်ကနေ ကာကွယ်ပေးနိုင်ဖို့အတွက် ဖေဖေ၊ မေမေတို့က သတိထားပြီး ဂရုတစိုက်ပြုစုပေးဖို့အတွက် လိုအပ်ပါတယ်နော်။ အထူးသဖြင့်တော့ ဖေဖေ၊ မေမေတေွအပြင် ရင်သေွးငယ်လေးတေွကို အနီးကပ်ကြည့်ရှုပြုစုနေသူတေွအားလုံးက သတိထားသင့်တာပါ။
ကလေးတေွကို ထိန်းကျောင်းပေးနေသူတေွအနေနဲ့ ရင်သေွးငယ်လေးတေွကို မျက်ခြေပြတ်မခံဘဲ အမြဲတမ်းစောင့်ကြည့်နေဖို့လိုအပ်ပါတယ်။နောက်ပြီးဆေးတေွ၊ အဆိပ်အတောက်ဖြစ်စေတဲ့အရာတေွကို ကလေးတေွလက်လှမ်းမီတဲ့ နေရာတေွမှာ မထားဘဲ ဘီဒိုထဲမှာ သော့ခတ်သိမ်းထားဖို့သာ လိုအပ်ပါတယ်။
ရေနေွးဗူးတေွ၊ ကွဲစေတတ်တဲ့ပစ္စည်း်တေွနဲ့ အပ်၊ ချိတ်စတဲ့ချွန်ထက်တဲ့အရာတေွကို ကလေးတေွရဲ့အနီးမှာ မထားမိစေဖို့အတွက် သတိထားပေးဖို့လိုအပ်ပါတယ်နော်။ လှျပ်စစ်မီးခလုတ်တေွ၊ ပလပ်ပေါက်တေွကိုလည်း ကလေးတေွလက်လှမ်း မမီတဲ့နေရာတေွ ထားရှိဖို့လိုအပ်ပါတယ်နော်။ကလေးငယ်တေွကစားတဲ့အခါမှာလည်း ရေတွင်း၊ ရေကန်တေွ၊ အမြင့်တေွမှာ မကစားစေဖိုကအတွက် ကြည့်ရှုပေးသင့်ပါတယ်။
နောက်ပြီး ကလေးငယ်တေွရဲ့ ပါးစပ်ထဲဝင်ပြီး အသက်ရှူလမ်းကြောင်း ပိတ်ဆို့စေနိုင်တဲ့ ကျောက်လုံး၊ ဂေါ်လီလုံး၊ မန်ကျည်းစေ့၊ သြဇာစေ့တို့လို အစေ့တေွ၊ ကွာစေ့၊ နေကြာစေ့၊ မြေပဲတေွနဲ့ မကစားစေဖို့လိုသလို မကျေွးဖို့လည်း လိုအပ်ပါတယ်။ မီးဖို၊ မီးခွက်တေွအနီးမှာ ကလေးငယ်တေွ မကစားစေဖို့အတွက်ကိုလည်း ဖေဖေ၊ မေမေတေွအားလုံးက ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်နော်။ ရင်သေွးငယ်လေးတေွကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့အတွက် မိသားစုတေွအားလုံးက ဂရုတစိုက် ပြုစုစောင့်ရေှာက်ပေးဖို့ လိုအပ်ပါတယ်နော်။
မိခင်နဲ့ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)