ဖေဖေ၊ မေမေတို့ရေ နေမကောင်းတဲ့ ကလေးငယ်လေးတေွကို ကိုယ့်ရဲ့နေအိမ်မှာ ပြုစုစောင့်ရေှာက်ဖို့ လိုအပ်တဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အချက်လေးတေွကို မှျဝေပေးချင်ပါတယ်နော်။ ဖေဖေ၊ မေမေတို့ရေ ကလေးတေွ ကိုယ်ပူတာ(ဒါမှမဟုတ်) အန်တာ (ဒါမှမဟုတ်) ၀မ်းသွားတာကြောင့် ခန္ဓာကိုယ်မှာ အရည်ဓာတ်တေွလျော့နည်းသွားတာတေွ ဖြစ်မယ်ဆိုရင်အရည်ပိုတိုက်ပေးဖို့ လိုအပ်ပါတယ်။
အစားကိုပုံမှန်ကျေွးပြီး ကိုယ်ခံအားကောင်းနေစေမယ်ဆိုရင်တော့ အမြန်ဆုံးနေပြန်ကောင်းစေပါတယ်နော်။မေမေတို့ရေ နေမကောင်းတဲ့ကလေးငယ်က မိခင်နို့သောက်သုံးနေရဆဲ ဖြစ်မယ်ဆိုရင် မိခင်နို့ကို ပိုမိုတိုက်ကျေွးသင့်ပါတယ်နော်။ နို့ချိုတိုက်ကျေွးနေတဲ့ ကလေးမဟုတ်ရင်တော့ ဓာတ်ဆားရည်၊ စွပ်ပြုတ်၊ ဆန်ပြုတ်၊ လတ်ဆတ်တဲ့သစ်သီးဖျော်ရည်၊ နို့တေွကို တိုက်နိုင်ပါတယ်။ တကယ်လို့ ကလေးကအန်တယ်ဆိုရင်လည်း ခဏနားပြီးတာနဲ့ ချက်ချင်းပြန်တိုက်သင့်ပါတယ်နော်။ ရင်သေွးငယ်တေွကို ကျေွးနေကြဖြစ်တဲ့ အစားအစာတေွကိုတော့ ပုံမှန်ပဲဆက်လက်ကျေွးပေးဖို့ လိုပါတယ်။
ကလေးတေွကို အစားကျေွးတဲ့အခါမှာတော့ ပျော့ပျောင်းနူးညံ့တဲ့အစားအစာဖြစ်စေဖို့ကို ဂရုစိုက်ပေးပါနော်။မေမေတို့ရေ နောက်ပြီးနေမကောင်းတဲ့ကလေးငယ်တေွနဲ့ပတ်သက်လို့ ဖေဖေ၊ မေမေတို့အားလုံးက အန္တရာယ်လက္ခဏာတေွကိုလည်း စောင့်ကြည့်ပေးဖို့လိုပါတယ်နော်။ နောက်ဆက်တွဲပြဿနာတေွ မဝင်ရောက်စေဖို့အတွက်ကိုလည်း နာလန်ထချိန်မှာအနည်းဆုံးတစ်ပတ်လောက်အထိ ပုံမှန်စားနေကြအစားထက် တစ်နပ်လောက်ပိုကျေွးဖို့လိုအပ်ပါတယ်နော်။
ရင်သေွးငယ်လေးတေွရဲ့ အခြေအနေ၊ နေထိုင်မှု၊ စကားပြောဆိုလှုပ်ရှားမှုတေွကို ကြည့်ရှုပြီး ကလေးငယ်ရဲ့ နေမကောင်းဖြစ်မှုကို သတိထားကြည့်ရှုနိုင်ပါတယ်နော်။ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးတေွကို ပိုင်ဆိုင်နိုင်ကြပါစေနော်။
မိခင်နဲ့ရင်သေွးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)