မေမေတို့ရေ မိခင်နို့ကို ညှစ်ထားပြီးတဲ့အခါမှာ ဘယ်လိုမျိုးပြန်လည်သိမ်းဆည်းနိုင်မလဲဆိုတာကို ကျားလေးရဲ့မေမေတို့အတွက် မှျဝေပေးလိုက်ပါတယ်။
ညှစ်ပြီးစလတ်ဆတ်တဲ့နို့ရည်ဟာ .. အခန်းတွင်း အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ် မှ ၃ရ ဒီဂရီစင်တီဂရိတ်တွင် ၄နာရီ၊ ၁၅ ဒီဂရီစင်တီဂရိတ် မှ ၂၅ ဒီဂရီစင်တီဂရိတ်တွင် ၈ နာရီ၊ ၁၅ ဒီဂရီစင်တီဂရိတ် အောက်တွင် ၂၄ နာရီ သိမ်းထားနိုင်ပါတယ်။
ရေခဲသေတ္တာ၏ ရေခဲစေနိုင်သော (Freezer) တွင် ညှစ်ထားသောနို့ကို ထားပါက ၂ပတ် (၁၄) ရက်အထိ ထားနိုင်ပါတယ်။ ရေခဲသေတ္တာ အပူချိန် ၂ ဒီဂရီစင်တီဂရိတ် မှ ၄ဒီဂရီစင်တီဂရိတ်တွင် နို့ရည်ကို (၈)ရက် ကြာ ရေခဲသေတ္တာရဲ့ ရေခဲစေနိုင်သော (Freezer) တွင် သိမ်းထားလို့ရပါတယ်။ ဒါပေမယ့် ၂ရက်မှ ၅ရက်အတွင်း တိုက်ပါက ပိုပြီးကောင်းပါတယ်။
ရေခဲသေတ္တာထဲမှာ ထည့်ထားတဲ့နို့ရည်ကို ရေနေွးထည့်ထားတဲ့ ခွက်မှာထည့်စိမ်ပြီး နေွှးလို့လည်းရပါတယ်။ အေးခဲထားတဲ့ နို့ရည်ကို မိုက်ခရိုဝေ့ (microwave) ထဲမှာ ဆူစေတာ၊ အပူပေးတာမျိုးမပြုလုပ်မိဖို့ကိုတော့ မေမေတို့တေွက ဂရုစိုက်ပေးရပါမယ်နော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)