မိခင်လောင်းတေွအနေနဲ့ သားပျက်သားလျောဖြစ်နိုင်တဲ့အချက်တေွအတွက် သတိထားဖို့လေးတေွကို ကျားလေးရဲ့ မေမေတေွသိဖို့အတွက် ဖော်ပြပေးချင်ပါတယ်။ ဒီအချက်လေးတေွကို ကြိုသိထားတော့ မေမေတေွ ကြိုပြီးရေှာင်ရှားလို့၊ ဂရုစိုက်လို့ရတာပေါ့နော်။
- အသက်ကြီးလာတဲ့ မေမေတေွဂရုစိုက်ဖို့လိုပါတယ်။
- တစ်ကြိမ်သားလေှျာဖူးတဲ့မေမေတေွလည်း နောက်တစ်ကြိမ်အတွက် ဂရုစိုက်ပေးပါ။
- နာတာရှည်ရောဂါအခံရှိတဲ့ မေမေတေွလည်း ဂရုစိုက်ပေးရမှာပါ။
- သားအိမ်နဲ့ သားအိမ်ခေါင်းမှာ ပြဿနာရှိသူတေွလည်း ဂရုစိုက်ရမှာပါ။
- ဖေဖေ၊ မေမေတေွမှာ မေွးရာပါကိုယ်လက်အင်္ဂါချို့ယွင်းမှုရှိရင်လည်း ဂရုစိုက်ရပါမယ်။
- ကိုယ်ဝန်ဆောင်စဉ် ရောဂါပိုးတစ်ခုခုမဝင်မိစေဖို့လည်း ဂရုစိုက်ပေးရပါမယ်။
- ဆေးလိပ်သောက်တတ်သူတေွ၊ အရက်သောက်တတ်သူတေွလည်း ဂရုစိုက်ပေးရပါမယ်။
- ကော်ဖီအရမ်းကြိုက်တဲ့မေမေတေွလည်း သတိထားပေးပါနော်။
- ရောဂါတစ်ခုခုကြောင့် ဆေးဝါးတေွမှီဝဲနေရတယ်ဆိုရင်လည်း ဂရုစိုက်ပေးရမှာပါ။
- အဝလွန်မေမေတေွမှာလည်း သားလေှျာတတ်လို့ ဂရုစိုက်ပေးဖို့လိုပါတယ်။
- သားဆက်သိပ်နီးလွန်းရင်လည်း နောက်ကလေးမှာ သားလေှျာတတ်လို့ မေမေတို့က ဂရုစိုက်ပေးရမှာပါ။
(ဒေါက်တာမြသီတာရေးသားသည့် သားပျက်၊ သားလျောနဲ့ ဖေဖေမေမေတို့ရဲ့ဒုက္ခ ဆောင်းပါးမှ ကောက်နုတ်ချက်)
မေမေတို့ရေ ဂရုစိုက်ရမယ့် အချက်ကလေးတေွလည်း သိပြီဆိုတော့ မေမေတို့တေွ ကြိုတင်ပြီးရေှာင်ရှားရင်းက သားသားမီးမီးလေးတေွကို အန္တရာယ်ကင်းကင်းမေွးဖွားနိုင်ဖို့ အထောက်အကူပြုနိုင်ပါစေနော်။
မိခင်နဲ့ ရင်သေွးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)