
သင့်ရင်သေွးငယ်ရဲ့ မျက်နှာကို ကြည့်နေရတဲ့အချိန်လောက် စိတ်ချမ်းသာပီတိဖြစ်မှုကို ဘယ်အရာကမှ ပေးစွမ်းနိုင်မယ် မထင်ပါဘူး။ ကလေးငယ်တစ်ခုခုဖြစ်ပြီဆိုတာနဲ့ မိဘတေွမှာ ပျာယာခတ်ပြီး အလွန်စိုးရိမ်ပူပန်လေ့ ရှိကြပါတယ်။ တစ်ချို့ကလေးငယ်တေွဟာ မေွးကင်းစ ကာလကတည်းက ကြို့ထိုးတဲ့အကျင့်ပါလာတာကို တေွ့ရမှာပါ။

မိမိရဲ့ ကလေးငယ် မကြာခဏ ကြို့ထိုးနေတဲ့အခါမျိုးမှာ မိဘတေွအနေနဲ့ နည်းလမ်းအမှားတေွကို အသုံးပြုလေ့ရှိကြပါတယ်။ ကြို့ထိုးခြင်းဆိုတာ စားသုံးလိုက်တဲ့ အစားအစာတေွမှာ ပါဝင်တဲ့ အက်ဆစ်ဓာတ်တေွဟာ အစာအိမ်နဲ့ အစာပြွန်လမ်းကြောင်းအကြား ယားယံမှုကို ဖြစ်စေပြီး ကြို့ထိုးခြင်းဆိုတဲ့ အဆင့်ကို ရောက်ရှိဖို့ အာရုံကြောဆဲလ်တေွကို လှုံ့ဆော်ပေးလိုက်ခြင်း ဖြစ်ပါတယ်။

ကြို့ထိုးခြင်းဟာ ကလေးငယ်ကို အစာအလွန်အကျွံကျေွးခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ နို့စို့အရွယ် ကလေးငယ်တေွမှာ လိုအပ်တာထက် ပိုမိုနို့တိုက်လိုက်မိပြီဆိုရင် ကြို့ထိုးဖို့ ရာခိုင်နှုန်းတော်တော်များသွားပါပြီ။ နို့ဗူးပဲ သောက်သုံးရတဲ့ ကလေးငယ်တေွမှာတော့ ဝမ်းဗိုက်ထဲကို ဝင်ရောက်သွားတဲ့ နို့ရည်ပမာဏထက် လေပမာဏက ပိုများသွားတဲ့အခါ ကြို့ထိုးခြင်း ဖြစ်ပေါ်နိုင်ပါတယ်။

ကြို့ထိုးခြင်းမဖြစ်ပေါ်ဖို့အတွက် သင့်ကလေးငယ်ကို နို့ချိုတိုက်ကျေွးချိန် (သို့မဟုတ်) အစားအစာကျေွးချိန်မှာ ခန္ဓာကိုယ်ကို ဒေါင်လိုက်အနေအထား ထားပေးရမှာ ဖြစ်ပါတယ်။ နောက်ပြီး အစားအစာကိုလည်း ပမာဏနည်းနည်းနဲ့ မကြာခဏ ကျေွးပေးရမှာပါ။ တကယ်လို့ သင့်ကလေးက ကောင်းကောင်းထိုင်နိုင်နေပြီဆိုရင်တော့ ထိုင်လျက်အနေအထားနဲ့ပဲ စားသုံးစေသင့်ပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ သင့်ကလေး အစာစားသုံးနေစဉ် အိပ်မပျော်သွားပါစေနဲ့။ ဒီအချက်တေွကို လိုက်နာမယ်ဆိုရင်တော့ သင့်ကလေးငယ် မကြာခဏ ကြို့ထိုးနေခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
HYA (kyarlay)