စျေး မီဒီယာ
အခြား

ရင်သေွးငယ်တို့ကြိုက်မယ့် သစ်သီးနို့ဆမ်းပေါင်း

Posted by Hlwan Moe Thu August 31, 2018
Aqjkiuea8gl5woytxece

မေမေတို့ရေ သားသားမီးမီးလေးတေွသဘောကျစေမယ့်အပြင် မေမေတို့လည်း အကြိုက်တေွ့စေမယ့် သစ်သီးစုံနို့ဆမ်းပေါင်းလေးကို ပြုလုပ်နည်းလေးမှျဝေပေးမယ်နော်။ ဒီသစ်သီးစုံနို့စမ်းပေါင်းလေးကိုတော့ မေမေတို့က တစ်နှစ်နဲ့သားသားမီးမီးလေးတေွအတွက်ကိုသာ ပြင်ဆင်ပေးပါနော်။ တစ်နှစ်အောက်သားသားမီးမီးတို့ကိုတော့ ကျေွးမေွးလို့မသင့်ပါဘူးနော်။

ပါ၀င်ပစ္စည်းများ ...
- ပန်းသီး
- စပျစ်သီး
- နာနတ်သီး
- သင်္ဘောသီး
- ကီဝိသီး
- ငှက်ပျောသီး
- ဖရဲသီး
- စတော်ဘယ်ရီသီး
(ရာသီပေါ်သီးနှံများ စိတ်ကြိုက်အသုံးပြုနိုင်ပါတယ်။)
- နွားနို့ ... ပန်းကန်လုံး ၂ လုံးခွဲ + ပန်းကန်လုံး လေးပုံနှစ်ပုံ
- နို့ဆီ ... စားပွဲဇွန်း ၃ ဇွန်း
- ပြောင်းမှုန့် ... ပန်းကန်လုံးတစ်လုံး
- ဗင်နီလာရည် ... စားပွဲဇွန်းတစ်ဇွန်း
- ပျားရည် ... စားပွဲဇွန်းတစ်ဇွန်း

ပြင်ဆင်ပြုလုပ်နည်း ...
- ထည့်သွင်းပြုလုပ်မည့် သစ်သီးများကို အခွံခွာရေဆေးပြီး အတုံးလေးများတုံးထားပါ။
- နွားနို့ ပန်းကန်လုံးနှစ်လုံးခွဲကို ကျိုချက်ထားပါ။
- ပန်းကန်လုံးထဲသို့ ပြောင်းမှုန့်ထည့်ပြီး နွားနို့ ပန်းကန်လုံးလေးပုံနှစ်ပုံ၊ နို့ဆီ၊ ဗင်နီလာရည်များထည့်ပြီးသမအောင်မေွှပေးပါ။
- ပြောင်းမှုန့်များပျော်သွားအောင်မေွှပေးပြီးလှျင် နွားနို့ကျိုနျှင့်ရောပြီးကျိုချက်ပါ။
- မပျစ်မကျဲကျိုချက်ပြီးပါက မီးဖိုပေါ်မှချပြီးအအေးခံထားပါ။
- လှီးထားသည့်သစ်သီးများကို ပျားရည်နှင့်ရော၍ နယ်ပါ။
- ပြီးလှျင်ပန်းကန်လုံးထဲသို့ သစ်သီးများထည့်၊ နို့ကျိုများလောင်းထည့်ပြီး ပြင်ဆင်စားသုံးနိုင်ပါပြီ။

မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.