မေမေတို့ရေ မေမေတို့က အမြွာသားသားမီးမီးလေးတွေကို ပိုင်ဆိုင်ထားတဲ့မေမေလား?? ဒါဆိုရင်တော့ တစ်ဦးတည်းမွေးဖွားထားတဲ့ မေမေတို့ထက် ပိုပြီးဂရုစိုက်ပေးဖို့လိုနေပါပြီနော်။ အမြွာလေးတွေရဲ့ မေမေတို့က အခြားမိခင်တွေထက် အာဟာရဓာတ်ပိုပြီးပြည့်ဝနေဖို့လိုပါတယ်။ ဒါမှလည်း အမြွာနှစ်ဦးအတွက် လိုအပ်တဲ့ မိခင်နို့ချိုတွေကို ပြည့်ပြည့်ဝဝတိုက်ကျွေးနိုင်မှာပါ။ နောက်တစ်ခုက ကလေးငယ်တွေရဲ့ ညဘက်အိပ်စက်ချိန်တွေမှာလည်း မေမေတို့က နှစ်ဦးကိုအတူတကွအိပ်ပျော်စေဖို့ ဂရုစိုက်ပေးရပါမယ်။ သူတို့ရဲ့အိပ်ယာထချိန်တွေမှာ များသောအားဖြင့် တူညီနေတတ်ကြပါတယ်။ အဲ့ဒါကြောင့်လည်း ကလေးတွေအတူတူအိပ်ပျော်စေဖို့အတွက် မေမေတို့က အသေအချာဂရုပြုပေးရမှာပါ။
ကလေးတွေဆော့ကစားချိန်တွေ ၊ အစားကျွေးချိန်တွေမှာလည်း တူညီစွာထိန်းကျောင်းပေးနိုင်ဖို့အတွက် မေမေတို့က ဂရုစိုက်ပေးရမှာပါ။ ကလေးတွေရဲ့ ရေချိုးချိန်တွေကိုလည်း တူညီနေစေဖို့နဲ့ ကလေးနှစ်ဦးလုံးကို အတူတကွလုပ်ဆောင်ပေးနိုင်ဖို့တွေကို မေမေတို့က ဂရုစိုက်စောင့်ရှောက်ပေးဖို့အတွက်လည်း လိုအပ်ပါတယ်မေမေတို့ရေ။