စျေး မီဒီယာ
အခြား

သားသားမီးမီးတို့အတွက် သီးစုံကြက်စတူး ပြုလုပ်နည်း ..

Posted by Harry August 28, 2018
I4btvdau5tw4y1kwwwba

မေမေတို့ရေ သားသားမီးမီးလေးတေွ ခံတွင်းမြိန်စေပြီး ခံတွင်းမြိန်စေဖို့အတွက် သီးစုံကြက်သားစတူးပြုလုပ်နည်းလေးကို မှျဝေပေးချင်ပါတယ်။ သားသားမီးမီးလေးတေွအတွက် ကျောင်းထမင်းချိုင့်ထဲမှာ စားလို့ကောင်းပြီး နှစ်သက်သဘောကျစေမယ့် ဟင်းလျာလေးဆိုရင်လည်း မမှားပါဘူး။

ပါ၀င်ပစ္စည်းများ ..
- ကြက်သား ... အသားချည်း ၁၀ သား
- ကြက်သွန်နီ ... တစ်ခြမ်း
- သံလွင်ဆီ ... စားပွဲဇွန်း ၁ ဇွန်း
- မုန်လာဥနီ ... တစ်ပိုင်း
- အာလူး ... အသေးတစ်လုံး
- ကြက်သွန်ဖြူ ... တစ်ခြမ်း
- ခရမ်းချဉ်သီး ... အသေးတစ်လုံး
- ပျဉ်းတော်သိမ်းရွက် ... ၃ ရွက်
- အိုင်အိုဒင်းဆား ... အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း ...
- ကြက်သွန်ဖြူကိုကျိတ်ထားပြီး ကြက်သားကိုရေဆေးအတုံးများတုံးကာ ကြက်သွန်ဖြူဖြင့် နယ်ထားပါ။
- မုန်လာဥနီကို အတုံးအရွယ်တော်များတုံးထားပါ။
- အာလူးကိုလည်း အခွံခွာရေဆေးပြီး မုန်လာဥနီနှင့်အရွယ်တူလှီးထားပါ။
- ကြက်သွန်နီကို အစိတ်စိတ်ထားပါ။
- ခရမ်းချဉ်သီးကိုလည်း အစိတ်လေးများစိပ်ထားပါ။
- ပျဉ်းတော်သိမ်းရွက်ကိုရေဆေးထားပါ။
- ဒယ်အိုးထဲသို့ သံလွင်ဆီထည့်ပါ။
- ကြက်သွန်နီထည့်ပြီးအနည်းငယ်မေွှပြီးလှျင် ကြက်သားထည့်မေွှပါ။
- ကြက်သားတုံးလေးများ အရောင်အနည်းငယ်ပြောင်းလာပါက မုန်လာဥနီ၊ အာလူး၊ ခရမ်းချဉ်သီးများ ထည့်မေွှပါ။
- ဆားထည့်ပြီး မေွှပေးနေပါ။
- အသားတုံးလေးများရဲလာပြီး ပါ၀င်ပစ္စည်းများကျက်သွားပါက ပျဉ်းတော်သိမ်းရွက်အုပ်ကာမေွှပေးပြီး မီးဖိုပေါ်မှချကာ အအေးခံပြီးသားသားမီးမီးတို့အတွက် ပြင်ပေးနိုင်ပါပြီ။

မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.