ကလေးလည်းရှိလာတယ်။ ကိုယ်ဝန်လည်း ရှိလာတယ်ဆိုတော့ နဂိုထက်တော့ ပိုစားရန် လိုအပ်ပါတယ်။ အဲဒါအပြင် ကိုယ်လွယ်ထားတဲ့ ကလေးလေးက တနေ့တစ်ခြား သိသိသာသာကြီးထွား ဖွံ့ဖြိုးနေမှာဖြစ်ပါတယ်။ ကလေးရဲ့ ကိုယ်ခန္ဓာ ဖွံ့ဖြိုးရန်အတွက် အမေဆီက စားတဲ့ အစားအစာ လိုအပ်ပါတယ်။ အမေစားတဲ့ အစားအစာကို အူလမ်းကြောင်းက စုပ်ယူ အမေရဲ့ သေွးကြောထဲရောက် အမေရဲ့ သေွးကြောထဲကမှ ကလေးဆီကို ရောက်လာတဲ့ အတွက် အမေရဲ့ အာဟာရအပေါ် အရမ်းအရေးကြီးပါတယ်။
ကိုယ်ဝန်ရဲ့ ပထမ ၃ လမှာ ဗိုက်ကြီးနာစွဲတယ်ဆိုတာမျိုးဖြစ်တဲ့အတွက် ခံတွင်းပျက်တတ်ပါတယ်။ ထို့အတွက်လည်း ကိုယ်ဝန်ကာလ အပိုင်းအခြားအလိုက် ပြောင်းလဲမှုလေးတေွရှိနိုင်ပါတယ်။ ဗိုက်ကြီးနာစွဲနေတဲ့ အချိန်မှာ ဘာမှစားလို့မရခြင်းဖြစ်ရုံသာမက စားထားသည်များပါ ပြန်အန်ခြင်းဖြစ်တတ်ပါတယ်။ အဲ့ကာလလေးမှာ ဆေးဝါးလေးနဲ့ ထိန်းပြီး ဖြစ်နိုင်သမှျစားရန်လိုအပ်ပါတယ်။
ခံတွင်းလိုက်မယ့်ဟာလေးများစားချင်ကြတဲ့အခါ များသောအားဖြင့် အချဉ်စားချင်ကြပါတယ်။ အဲဒီအချဉ် အစပ်များချည်းပဲစားမယ်ဆို အစာအိမ်လောင်ခြင်းမျိုးဖြစ်နိုင်တဲ့ အတွက် အခုအခံအဖြစ် ထမင်းလိုမျိုး၊ ခေါက်ဆွဲလိုမျိုးတစ်ခုခုနဲ့ တွဲပြီး စားသင့်ပါတယ်။
ချဉ်လွန်း စပ်လွန်းသော အစားအစာများက အူလမ်းကြောင်းကို ဒုက္ခပေးနိုင်တဲ့ အတွက် ရေှာင်ရှားသင့်ပါတယ်။ ပူလွန်းစပ်လွန်းသော အစားအစာများကြောင့် ဝမ်းပျက်ခြင်းများလည်းဖြစ်နိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလေှျာဖြစ်ခြင်းကြောင့် ကလေးလည်းပျက်နိုင်သောကြောင့် ချဉ်လွန်းစပ်လွန်းသော အစားအစာများကိုတော့ ရေှာင်ရှားသင့်ပါတယ်။
#MiGi