Kyarlay.com

almost 2 years

ေဘဘီေလးေတြကို သြားလွလွေလးေတြ ေပးရေအာင္


Zihpmntyzloa1qydtixt

ေမေမတို႕ေရ ကိုယ့္ရဲ႕သားသားမီးမီးေလးေတြကို သြားလွလွေလးေတြရရွိေစဖို႕ ေမေမတို႕အားလံုးက ဂရုစိုက္ေပးဖို႕လိုပါတယ္ေနာ္။ ေမေမတို႕အေနနဲ႕ ရင္ေသြးငယ္ေလးကို ေမြးဖြားလာကတည္းက ခံတြင္းသန္႕ရွင္းေရးစတင္ေဆာင္ရြက္ေပးလို႕ရေနပါၿပီ။ ခံတြင္းသန္႕ရွင္းေရးေဆာင္ရြက္ေပးဖို႕ဆိုရင္ေတာ့ ေမေမ့ရဲ႕လက္ကိုအရင္ဆံုး သန္႕စင္ေအာင္ေဆးေၾကာရမယ္ေနာ္။ ၿပီးတဲ့အခါ ပိုးသတ္ထားတဲ့ဂြမ္းေလးကို လက္ညွဳိးမွာပတ္ၿပီး ခံတြင္းမွာရွိတဲ့ ခၽြဲေလးေတြ၊ ႏို႕ခၽြဲေလးေတြကိုရွင္းထုတ္ၿပီး ထုတ္ေပးသင့္ပါတယ္ ေမေမတို႕ေရ။ ကေလးေလးက ပလုတ္လည္းမက်င္းတတ္ေသးတဲ့အတြက္ ေမေမတို႕အေနနဲ႕ အခုေျပာျပေပးသြားတဲ့ နည္းလမ္းေလးနဲ႕ ဦးစြာေဆာင္ရြက္ေပးလို႕ရႏိုင္ပါတယ္ေနာ္။



O8guczifyepbvaezut6i

အဲ့ဒီကမွ ၆ လသားအရြယ္ေရာက္ရွိလာၿပီဆိုရင္ေတာ့ ကေလးေလးက သြားေပါက္လာေတာ့မွာပါ။ အဲ့ဒီအခ်ိန္မွာေတာ့ မိခင္ကိုယ္တိုင္က ရင္ေသြးငယ္ရဲ႕ခံတြင္းသန္႕ရွင္းေရးအတြက္ ဂရုစိုက္ေပးဖုိ႕လိုသလို မိခင္ႏုိ႕ကိုတိုက္ေကၽြးၿပီးတဲ့အခါမွာလည္း ခံတြင္းကိုသန္႕ျပန္႕ေအာင္ထားေပးဖို႕ လိုပါတယ္။ ေနာက္ၿပီး ေဘဘီေလးေတြသြားျမန္ျမန္ေပါက္ေအာင္ ကိုက္လို႕ရတဲ့ Teething Ring ေလးေတြကိုအသံုးျပဳေပးႏိုင္ပါတယ္။ Teething Ring ေလးေတြအသံုးျပဳရာမွာေတာ့ ေမေမတို႕ကအဲ့ဒီပစၥည္းေလးေတြကို သန္႕ရွင္းေအာင္ထားေပးဖို႕ေတာ့ လိုအပ္ပါတယ္ေနာ္။ ခံတြင္းသန္႕ရွင္းေရးေဆာင္ရြက္ေပးမႈကေတာ့ အစပိုင္းမွာ ေျပာထားတဲ့ နည္းလမ္းေလးအတိုင္း ဆက္လက္ေဆာင္ရြက္ႏုိင္မွာပါ။


Hslwtkbmxi25dle6s87o

ေမေမတို႕ေရ ေဘဘီေလးေတြသြားပိုးမစားဖို႕ဆိုရင္လည္း ေမေမတို႕က ဂရုစိုက္ေပးမွရမွာပါ။ ၆ လအရြယ္ဆိုရင္ ျဖည့္စြက္စာေတြလည္း စတင္ေကၽြးေနၿပီဆိုေတာ့ ကေလးစားတဲ့ ကစီဓာတ္ေတြ၊ ႏို႕ေတြ၊ ထမင္းေတြက အခ်ဥ္ေပါက္ၿပီး သြားကိုထိခိုက္ေစတာမ်ဳိးေတြရွိတတ္လို႕ အခ်ဥ္ေပါက္ၿပီး သြားပိုးမစားေစဖို႕အတြက္ ခံတြင္းသန္႕ရွင္းေရးကို ေမေမတို႕က ဂရုစိုက္ေပးရပါမယ္။ ျဖစ္ႏိုင္ရည္ေတာ့ ေဘဘီေလးေတြကို အရည္ရႊမ္းတဲ့အသီးေလးေတြ (ဥပမာ-လိေမၼာ္သီး) စားေပးတာ၊ အသီးအရည္စုပ္ေပးတာမ်ဳိးေလးေတြကိုလည္း ေလ့က်င့္ေပးသင့္ပါတယ္။ အဲ့ဒီအရြယ္ကေလးေတြက အာလုတ္မက်င္းတတ္ေသးတဲ့ အရြယ္ေတြမို႕လို႕ အဲ့ဒီလိုမ်ဳိးျပဳလုပ္ေပးမယ္ဆိုရင္ ေဘဘီေလးေတြရဲ႕ သြားနဲ႕ခံတြင္းက်န္းမာေရးအတြက္ အဆင္ေျပေစႏိုင္ပါတယ္ေမေမတို႕ေရ။


L8oqojdfua8mertmuckx

ေမေမတို႕ေရ ေဘဘီေလးေတြရဲ႕ သြားလွလွေလးေတြရရွိေစဖို႕၊ ခံတြင္းသန္႕ရွင္းေရးရွိေစဖို႕အတြက္ လက္မ စုပ္တာေတြ၊ တစ္ခုခုကို မေဆးေၾကာဘဲ ကိုက္တာေတြမလုပ္ေအာင္ ေမေမတို႕က ထိန္းေက်ာင္းေပးရမယ္ေနာ္။ ေနာက္ၿပီး ေဘဘီေလးေတြ နားလည္တဲ့အရြယ္ေရာက္တဲ့အခါမွာလည္း အာလုတ္က်င္းတတ္ေအာင္ ေမေမတို႕က သင္ေပးရပါမယ္။ အဲ့ဒီထက္ပိုၿပီး နားလည္တဲ့အရြယ္ေရာက္ၿပီဆိုရင္ေတာ့ ညတိုင္းသြားတိုက္ၿပီး အာလုတ္က်င္းတတ္ေအာင္သင္ေပးရမွာျဖစ္ပါတယ္။ အရည္ရႊမ္းတဲ့အသီးေတြကိုလည္း ညတိုင္းစားတတ္ေအာင္ ေမေမတို႕က ေလ့က်င့္ေပးဖို႕လိုပါတယ္။ ေနာက္ဆံုးအေနနဲ႕ တစ္လတစ္ႀကိမ္ (ဒါမွမဟုတ္) ႏွစ္လတစ္ႀကိမ္ေလာက္ သြားဆရာ၀န္နဲ႕ ပံုမွန္ျပသေပးၿပီး ေဘဘီေလးေတြရဲ႕ သြားနဲ႕ခံတြင္းက်န္းမာေရးအတြက္ ဂရုစိုက္ေပးႏိုင္ပါတယ္။

(ေမ့ရင္ေသြးမဂၢဇင္းပါ ေဒါက္တာ၀င္းမာသစ္က သြားလွလွေလးေတြကို ေပးပါေမေမ ေဆာင္းပါးမွေကာက္ႏုတ္ခ်က္)

မိခင္နဲ႕ရင္ေသြးတိုင္းအတြက္ ေမတၱာမြန္ျဖင့္
HM (က်ားေလး)

>>>> Unicode Version <<<<


Atgedulhdl0fkow2kwtf

ဘေဘီလေးတွေကို သွားလှလှလေးတွေ ပေးရအောင်

မေမေတို့ရေ ကိုယ့်ရဲ့သားသားမီးမီးလေးတွေကို သွားလှလှလေးတွေရရှိစေဖို့ မေမေတို့အားလုံးက ဂရုစိုက်ပေးဖို့လိုပါတယ်နော်။ မေမေတို့အနေနဲ့ ရင်သွေးငယ်လေးကို မွေးဖွားလာကတည်းက ခံတွင်းသန့်ရှင်းရေးစတင်ဆောင်ရွက်ပေးလို့ရနေပါပြီ။ ခံတွင်းသန့်ရှင်းရေးဆောင်ရွက်ပေးဖို့ဆိုရင်တော့ မေမေ့ရဲ့လက်ကိုအရင်ဆုံး သန့်စင်အောင်ဆေးကြောရမယ်နော်။ ပြီးတဲ့အခါ ပိုးသတ်ထားတဲ့ဂွမ်းလေးကို လက်ညှိုးမှာပတ်ပြီး ခံတွင်းမှာရှိတဲ့ ချွဲလေးတွေ၊ နို့ချွဲလေးတွေကိုရှင်းထုတ်ပြီး ထုတ်ပေးသင့်ပါတယ် မေမေတို့ရေ။ ကလေးလေးက ပလုတ်လည်းမကျင်းတတ်သေးတဲ့အတွက် မေမေတို့အနေနဲ့ အခုပြောပြပေးသွားတဲ့ နည်းလမ်းလေးနဲ့ ဦးစွာဆောင်ရွက်ပေးလို့ရနိုင်ပါတယ်နော်။
အဲ့ဒီကမှ ၆ လသားအရွယ်ရောက်ရှိလာပြီဆိုရင်တော့ ကလေးလေးက သွားပေါက်လာတော့မှာပါ။ အဲ့ဒီအချိန်မှာတော့ မိခင်ကိုယ်တိုင်က ရင်သွေးငယ်ရဲ့ခံတွင်းသန့်ရှင်းရေးအတွက် ဂရုစိုက်ပေးဖို့လိုသလို မိခင်နို့ကိုတိုက်ကျွေးပြီးတဲ့အခါမှာလည်း ခံတွင်းကိုသန့်ပြန့်အောင်ထားပေးဖို့ လိုပါတယ်။ နောက်ပြီး ဘေဘီလေးတွေသွားမြန်မြန်ပေါက်အောင် ကိုက်လို့ရတဲ့ Teething Ring လေးတွေကိုအသုံးပြုပေးနိုင်ပါတယ်။ Teething Ring လေးတွေအသုံးပြုရာမှာတော့ မေမေတို့ကအဲ့ဒီပစ္စည်းလေးတွေကို သန့်ရှင်းအောင်ထားပေးဖို့တော့ လိုအပ်ပါတယ်နော်။ ခံတွင်းသန့်ရှင်းရေးဆောင်ရွက်ပေးမှုကတော့ အစပိုင်းမှာ ပြောထားတဲ့ နည်းလမ်းလေးအတိုင်း ဆက်လက်ဆောင်ရွက်နိုင်မှာပါ။
မေမေတို့ရေ ဘေဘီလေးတွေသွားပိုးမစားဖို့ဆိုရင်လည်း မေမေတို့က ဂရုစိုက်ပေးမှရမှာပါ။ ၆ လအရွယ်ဆိုရင် ဖြည့်စွက်စာတွေလည်း စတင်ကျွေးနေပြီဆိုတော့ ကလေးစားတဲ့ ကစီဓာတ်တွေ၊ နို့တွေ၊ ထမင်းတွေက အချဉ်ပေါက်ပြီး သွားကိုထိခိုက်စေတာမျိုးတွေရှိတတ်လို့ အချဉ်ပေါက်ပြီး သွားပိုးမစားစေဖို့အတွက် ခံတွင်းသန့်ရှင်းရေးကို မေမေတို့က ဂရုစိုက်ပေးရပါမယ်။ ဖြစ်နိုင်ရည်တော့ ဘေဘီလေးတွေကို အရည်ရွှမ်းတဲ့အသီးလေးတွေ (ဥပမာ-လိမ္မော်သီး) စားပေးတာ၊ အသီးအရည်စုပ်ပေးတာမျိုးလေးတွေကိုလည်း လေ့ကျင့်ပေးသင့်ပါတယ်။ အဲ့ဒီအရွယ်ကလေးတွေက အာလုတ်မကျင်းတတ်သေးတဲ့ အရွယ်တွေမို့လို့ အဲ့ဒီလိုမျိုးပြုလုပ်ပေးမယ်ဆိုရင် ဘေဘီလေးတွေရဲ့ သွားနဲ့ခံတွင်းကျန်းမာရေးအတွက် အဆင်ပြေစေနိုင်ပါတယ်မေမေတို့ရေ။
မေမေတို့ရေ ဘေဘီလေးတွေရဲ့ သွားလှလှလေးတွေရရှိစေဖို့၊ ခံတွင်းသန့်ရှင်းရေးရှိစေဖို့အတွက် လက်မ စုပ်တာတွေ၊ တစ်ခုခုကို မဆေးကြောဘဲ ကိုက်တာတွေမလုပ်အောင် မေမေတို့က ထိန်းကျောင်းပေးရမယ်နော်။ နောက်ပြီး ဘေဘီလေးတွေ နားလည်တဲ့အရွယ်ရောက်တဲ့အခါမှာလည်း အာလုတ်ကျင်းတတ်အောင် မေမေတို့က သင်ပေးရပါမယ်။ အဲ့ဒီထက်ပိုပြီး နားလည်တဲ့အရွယ်ရောက်ပြီဆိုရင်တော့ ညတိုင်းသွားတိုက်ပြီး အာလုတ်ကျင်းတတ်အောင်သင်ပေးရမှာဖြစ်ပါတယ်။ အရည်ရွှမ်းတဲ့အသီးတွေကိုလည်း ညတိုင်းစားတတ်အောင် မေမေတို့က လေ့ကျင့်ပေးဖို့လိုပါတယ်။ နောက်ဆုံးအနေနဲ့ တစ်လတစ်ကြိမ် (ဒါမှမဟုတ်) နှစ်လတစ်ကြိမ်လောက် သွားဆရာဝန်နဲ့ ပုံမှန်ပြသပေးပြီး ဘေဘီလေးတွေရဲ့ သွားနဲ့ခံတွင်းကျန်းမာရေးအတွက် ဂရုစိုက်ပေးနိုင်ပါတယ်။

(မေ့ရင်သွေးမဂ္ဂဇင်းပါ ဒေါက်တာဝင်းမာသစ်က သွားလှလှလေးတွေကို ပေးပါမေမေ ဆောင်းပါးမှကောက်နုတ်ချက်)

မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)