မေမေတို့ရေ ကိုယ်ဝန်ဆောင်ဘဝမှာ ဖရဲသီးကိုစားသုံးပေးဖို့ အရမ်းကိုသင့်တော်ပါတယ်တဲ့။ ဖရဲသီးပေးခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်အတွက်ရော ရင်သေွးငယ်အတွက်ပါ အထောက်အကူပြုနိုင်တာလေးကို သိနိုင်စေဖို့အတွက်ကိုလည်း ကျားလေးက မှျဝေပေးချင်ပါတယ်နော်။
ကိုယ်ဝန်ဆောင်မိခင်ဘဝ အစပိုင်းကိုပြောရမယ်ဆိုရင်တော့ မနက်ခင်းအချိန်တေွမှာ ကိုယ်ဝန်ရှိစခံရတတ်တဲ့ ဝေဒနာတေွရှိတတ်ပါတယ်။ မစားချင်မသောက်ချင်၊ မူးဝေပျို့အန်တဲ့ဒဏ်တေွကို မေမေတေွအလူးအလိမ့်ခံစားကြရတတ်ပါတယ်။ ဒီလိုဝေဒနာတေွကိုသက်သာစေဖို့ဆိုရင်တော့ မနက်ခင်းတိုင်းမှာ လတ်ဆတ်တဲ့ဖရဲသီးဖျော်ရည်လေးတစ်ခွက်တော့ သောက်ပေးဖို့လိုပါတယ်နော်။
နောက်တစ်ခုကတော့ ကိုယ်ဝန်ဆောင်မိခင်ဘဝမှာ ခြေတေွ၊ လက်တေွဖောရောင်တာတေွရှိတတ်ပါတယ်။ အဲ့ဒီလိုဖောရောင်တဲ့အခြေအတေွအတွက်လည်း ဖရဲသီးက ထိရောက်တဲ့ အာနိသင်တေွနဲ့ သက်သာမှုရှိစေနိုင်ပါတယ်။
နောက်တစ်ချက်ကတော့ မေမေတို့လှပမှုအတွက်ပါ။ ကိုယ်ဝန်ဆောင်ကာလမှာ ရ လနောက်ပိုင်း အသားအရေမွဲခြောက်လာတာမျိုးတေွှကုံရတတ်ပါတယ်။ ဒီလိုအခြေအနေတေွသက်သာပြီး စိုပြေဝင်းမွတ်တဲ့အသားအရေကိုရရှိစေဖို့ကတော့ ဖရဲသီးကအကောင်းဆုံးပါပဲ။ ဖရဲသီးကတော့ ကိုယ်ဝန်ဆောင်မေမေတစ်ဦးရဲ့နေ့စဉ်လိုအပ်နေတဲ့ ရေဓာတ်ရဲ့ ၉၀ ရာခိုင်နှုန်းအထိ အထောက်အကူပြုနိုင်ပါတယ်။
ဖရဲသီးမှာ ဗီတာမင် အေ၊ B1၊ B6 တို့ကြွယ်ဝပါတယ်။ နောက်ပြီးတော့ ဖရဲသီးစားသုံးပေးမယ်ဆိုရင် မေမေ့ရဲ့အသဲ၊ နှလုံး၊ ကျောက်ကပ်တို့ရဲ့ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စေတာကြောင့် ကိုယ်ဝန်အတွက်လည်း စိတ်ချရစေပါတယ်။
သားသားမီးမီးတို့အတွက်ဆိုရင်တော့ ကိုယ်ဝန်ဆောင်ဘဝမှာ မေမေတို့ဖရဲသီးကို နေ့စဉ်ပုံမှန်စားသုံးပေးမယ်ဆိုရင် မေွးဖွားလာတဲ့သားသားမီးမီးလေးတေွရဲ့ ဦးနေှာက်ဉာဏ်ရည်ကိုကောင်းမွန်စေပြီး ကျန်းမာတဲ့ရင်သေွးငယ်လေးကို မေွးဖွားစေနိုင်ပါတယ်နော်။
မိခင်နှင့်ရင်သေွးငယ်တိိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)