စျေး မီဒီယာ
အခြား

ဘေဘီလေးတေွအတွက် အိမ်တွင်းမုန့်ပြုလုပ်ပေးရအောင် ..

Posted by Harry August 21, 2018
Mugnvnagtxjekpuwlo89

မေမေတို့ရေ သားသားမီးမီးလေးတေွအတွက် မုန့်လေးတေွကို ကိုယ်တိုင်ပြုလုပ်ပြီးကျေွးချင်ကြတဲ့ မေမေတေွအတွက် ဒီတစ်ခါမှာတော့ ဖြည့်စွက်စာမုန့်လေးတေွကို အိမ်မှာပဲကိုယ်တိုင်ပြုလုပ်ပေးနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။

ပါ၀င်ပစ္စည်းများ ..
- ဂျုံမှုန့် ... ပန်းကန်လုံး ၂ လုံး
- ချိစ် ... ၆ ခဲ
- မလိုင်နို့ခဲ ... အတုံးကြီးတစ်တုံး
(အရုပ်ပုံစံခွက်လေးတေွရှိရင် ပိုကောင်းပါတယ်)

ပြင်ဆင်ပြုလုပ်နည်း ..
- ဦးစွာ blander ထဲသို့ ဂျုံမှုန့်ထည့်ပါ။
- ချိစ်ခဲများထည့်ပါ။ မလိုင်နို့ခဲကို ခြစ်ပြီးထည့်ပါ။
- blander ထဲတွင် သမအောင်မေွှပါ။
- ၅ မိနစ်ခန့်မေွှပြီးလှျင် ရေအနည်းငယ်ထည့်၍ နောက်ထပ် ၅ မိနစ်ခန့်ထပ်မေွှပေးပါ။
- ပြီးလှျင် အပြင်သို့ထုတ်ပြီး ဂျုံသမအောင် ဒလိမ့်တုံးဖြင့်ထပ်လှိမ့်ပါ။
- အပြားအချပ်ရအောင် နာနာသမပြီး လှိမ့်ပြီးပါက ပုံစံခွက်လေးများဖြင့် နှစ်သက်ရာပုံစံလေးများလှီးဖြတ်ပါ။
- ပုံစံခွက်များမရှိပါကလည်း အရွယ်တော် စတုဂံ၊ တြိဂံပုံစံ၊ အချောင်းလေးများဖြင့် ကလေးငယ်များစိတ်ဝင်စားအောင် မေမေ့စိတ်ကြိုက်လှီးဖြတ်နိုင်ပါတယ်။
- လှီးဖြတ်ထားသည့် ဂျုံတုံးလေးများကို သွားကြားထိုးတံလေးဖြင့် အပေါက်လေးများလိုက်ပြီးဖောက်ပါ။
- ပြီးလှျင် စတီးဗန်းဖြင့် အောက်ခံမှုိင်းခံစက္ကူပြားခံ၍ microwave ထဲတွင် ၄၀၀ ဒီဂရီဖြင့် ထည့်ဖုတ်ပေးပါ။
- microwave အသုံးမပြုလိုပါက အပေါ်မီး၊ အောက်မီးဖြင့် မုန့်ဖုတ်သလိုပြုလုပ်နိုင်ပါတယ်။
- ပြီးလှျင်တော့ စားချင်စဖွယ်မုန့်လေးများကို အအေးခံပြီး သားသားမီးမီးလေးတေွအတွက် ပြင်ဆင်ကျေွးနိုင်ပါပြီနော်။

မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.