မေမေတို့ရေ ရေွှဆိုတာဟာ တန်ဖိုးကြီးပြီး အဖိုးတန်အရာတစ်ခုပဲမဟုတ်လား။ သားသားမီးမီးလေးတေွဆိုတာကတော့ ဖေဖေ၊ မေမေတို့အတွက် ရေွှထက်ပိုတန်ဖိုးရှိတဲ့ နိှုင်းမရတဲ့အဖိုးတန်လေးတေွပါနော်။ အဲ့ဒီလိုအဖိုးတန်သားသားမီးမီးလေးတေွရဲ့ အာဟာရအတွက်ကတော့ ရေွှရောင်အဆင်းလေးတေွှပည့်နှက်နေတဲ့ ရေွှဖရုံသီး၊ မုန်လာဥနီ၊ ရေွှ၀ါကန်စွန်းတေွရောနှာထားတဲ့ ဖြည့်စွက်စာလေးတစ်ခွက် ပြင်ဆင်ပေးလိုက်ရအောင်လား။
ပါ၀င်ပစ္စည်းများ ..
- ရေွှဖရုံသီး .. တစ်စိတ်
- မုန်လာဥနီ .. တစ်ဥ
- ရေွှ၀ါကန်စွန်း .. တစ်ဥ
- အားဖြည့်ဆန် .. စားပွဲဇွန်း ၂ ဇွန်း
ပြင်ဆင်ချက်ပြုတ်နည်း ...
- ဦးစွာအားဖြည့်ဆန်ကို ရေဆေးပြီး ရေပန်းကန်လုံး ၁ လုံးခွဲနှင့်ရောကာ အိုးထဲသို့ထည့်ပါ။
- မုန်လာဥနီ၊ ရေွှ၀ါကန်စွန်း၊ ရေွှဖရုံသီးတို့ကို အခွံခွာရေဆေးပြီး အတုံးလေးများတုံးထည့်ပါ။
- ရေွှဖရုံသီးကို အထဲမှအနှစ်အဆံများမပါစေရန် ဂရုစိုက်ပေးပါ။
- ပြီးလှျင် အဖုံးပိတ်ပြီး နာရီဝက်ခန့်ပေါင်းပေးပါ။
- ပါ၀င်အရာများအားလုံး နူးအိသွားပါက မီးဖိုပေါ်မှချကာ blander ဖြင့်ရောကျိတ်ပြီး သားသားမီးမီးလေးတေွအတွက် ပြင်ဆင်ကျေွးနိုင်ပါပြီ။
မိခင်နှင့် ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)