မေမေတို့ရေ ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း ကိုယ်ဝန် ၂၂ ပတ်ကျော်အချိန်မှာ ကိုယ်ဝန်အဆိပ်တက်တာနဲ့ပတ်သက်ပြီး မေမေတွအားလုံး ခံစားရနိုင်ပါတယ်။ ဒီလိုခံစားရမှုတေွနဲ့ပတ်သက်လို့ ဘယ်လိုဂရုပြုဖွယ်တေွကို ဆောင်ရွက်ပေးရမယ်ဆိုတာကို ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြပေးမှုအတိုင်း ကျားလေးကနေ မှျဝေပေးလိုက်ပါတယ်နော်။
ကိုယ်ဝန်အဆိပ်တက်လူနာတစ်ဦးအနေနဲ့ တက်နေလား၊ သတိလစ်နေလားဆိုတာတေွကို သတိထားရမှာပါ။ ဒီလိုအချိန်မှာ မေမေတို့အတွက် အထိအခိုက်မခံတာကြောင့် အရမ်းကို ဂရုစိုက်ပေးဖို့လည်း လိုအပ်ပါတယ်။
ကိုယ်ဝန်အဆိပ်တက်မိခင်တစ်ဦးအနေနဲ့ သေွးတိုးလွယ်တာကြောင့် အစားအသောက်တေွစားသောက်မှုအတွက်လည်း ဂရုစိုက်ပေးဖို့လိုပါတယ်။ မိခင်တစ်ဦးအနေနဲ့ ကိုယ်ဝန်အဆိပ်တက်နေပြီဆိုရင်တော့ ကလေးမေွးဖွားရာမှာ ရိုးရိုးမေွးဖွားတာထက်စာရင် ဗိုက်ခွဲပြီးမေွးဖွားတာက ကလေးအတွက်ရော၊ မိခင်အတွက်ပါ အန္တရာယ်အကင်းဆုံးဖြစ်နိုင်ပါတယ်။
အချို့သောမိခင်တေွအတွက်ကတော့ ပြင်းထန်တဲ့ ကိုယ်ဝန်အဆိပ်တက်မှုဖြစ်ပွားခဲ့မယ်ဆိုရင် ကလေးမေွးဖွားမှု စောသွားနိုင်တဲ့အခြေအနေတေွလည်းရှိနေပါတယ်။ အဲ့ဒါကြောင့်လည်း မိသားစုအတွင်း ကိုယ်ဝန်ဆောင်မှာ တစ်ကိုယ်လုံးဖောရောင်နေပြီး ကိုယ်ဝန်ဆိပ်တက်တဲ့ လက္ခဏာတေွှပသနေပြီိဆိုရင်တော့ သွားတာ၊ လာတာ၊ နေတာ၊ ထိုင်တာ၊ စားသောက်တာကအစ မိသားစုတေွအားလုံးက ဂရုတစိုက်နဲ့ ဆောင်ရွက်ပေးဖို့ လိုအပ်နေပါတယ်နော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)