စျေး မီဒီယာ
အခြား

မေမေတို့အတွက် ကြက်သားဆလတ်သုတ် ပြင်ဆင်ရအောင် ..

Posted by Harry August 14, 2018
Iuefchzgi58lixxvzzcm

မေမေတို့ရေ ကိုယ်ဝန်ဆောင်မိခင်ဘဝမှာ အာဟာရပြည့်ဝပြီး ခွန်အားပြည့်ဖြိုးစေဖို့အတွက် ကြက်သား ဆလတ်သုတ်လေးကို ပြင်ဆင်လိုက်ရအောင်နော်။ နေ့လယ်စာဟင်းလျာတစ်ခုအနေနဲ့ စားသုံးနိုင်သလို မေမေတို့အတွက် အဆာပြေသုံးဆောင်လို့လည်းရပါတယ်။

ပါ၀င်ပစ္စည်းများ ..
- ကြက်သား (အသားချည်း) ... ၁၀ သား
- ဂျင်း ... အနည်းငယ်
- ကြက်သွန်နီ ... အနည်းငယ်
- ကြက်သွန်ဖြူ ... အနည်းငယ်
- ဆလတ်ရွက် ... အနည်းငယ်
- ခရမ်းချဉ်သီးအလုံးသေး ... ၁၀ လုံး
- သံပရာသီး ... တစ်လုံး
- မရို့နိ ... အနည်းငယ်
- သံလွင်ဆီ ... အနည်းငယ်
- အိုင်အိုဒင်းဆား ... အနည်းငယ်
- ငရုတ်ကောင်းမှုန့် ... အနည်းငယ်
- ငရုတ်သီးအလေှာ်မှုန့် ... အနည်းငယ်
- ရှာလကာရည် ... အနညး်ငယ်
- ပဲငံပြာရည်အကြည် ... အနည်းငယ်
- ထောပတ် ... အနည်းငယ်
- နံနံပင် ... အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း ...
- ဦးစွာ ကြက်သွန်ဖြူနီဂျင်းတို့ကို ညက်နေအောင််ထောင်းထားပါ။
- ကြက်သားကို အတုံးလိုက်ရေဆေးပြီး ပန်းကန်ပြားထဲသို့ထည့်ပါ။ ဆားအနညး်ငယ်ဖြူးပါ။
- ကြက်သွန်ဖြူနီဂျင်းထောင်းပြီးသားထည့်ပါ။ ရှာလကာရည်အနည်းငယ်လောင်းပါ။
- ငရုတ်သီးအလေှာ်မှုန့်အနည်းငယ်ထည့်ပါ။ ငရုတ်ကောင်းမှုန့်အနည်းငယ်ထည့်ပါ။ ပြီးလှျင် နယ်ပြီးခဏနှပ်ထားပါ။
- ပန်းကန်လုံးအကြီးထဲသို့ မရို့နိစ်စားပွဲဇွန်း ၃ ဇွန်းကျော်ကျော်ထည့်ပါ။
- သံပရာသီးညှစ်ထည့်ပါ။ ထောပတ်၊ သံလွင်ဆီ အနည်းငယ်စီထည့်ပါ။
- နံနံပင်ထည့်ပါ။ ပြီးလှျင် သမအောင်မေွှပေးပါ။
- ဒယ်အိုးအပြန့်ထဲသို့ သံလွင်ဆီအနည်းငယ်ထည့်ပြီး ကြက်သားနှပ်ထည့်ကာ အပူပေးပါ။
- တစ်ဖက်စီလှန်ပြီး ကြက်သားရဲကာ အသားနူးပါက မီးဖိုပေါ်မှချပြီး အရွယ်တော်အနေအထားရအောင်လှီးပါ။
- ဆလတ်ရွက်၊ ခရမ်းချဉ်သီးကို ရေစင်အောင်ဆေးပြီး လှီးပါ။
- မရို့နိစ်ရည်ထဲသို့ ဆလတ်၊ ခရမ်းချဉ်သီးလှီးထားသည်များနှင့် ကြက်သားထည့်ကာ နည်ပေးပါ။
- နှစ်သက်ပါက ကြက်သွန်မြိတ်အနည်းငယ်လှီးထည့်နိုင်ပါတယ်။
- ပြီးလှျင်တော့ နှစ်သက်သလို ပုံစံလေးပြင်ဆင်ပြီး စားသုံးနိုင်ပါပြီ။

မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.