မေမေတို့ရေ ကိုယ်ဝန်ကာလမှာ အစားအသောက်ပျက်တတ်တာမျိုးတေွရှိတတ်ပါတယ်။ အဲ့ဒီလိုအချိန်မှာ စားချင်စဖွယ်လေးတစ်ခုခု ပြင်ဆင််ပြီး အာဟာရပြည့်ဝအောင် ဖြည့်တင်းနေဖို့ကလည်း အရမ်းအရေးကြီးပါတယ်။ အဲ့ဒါကြောင့်လည်း ကိုယ်ဝန်ဆောင်မေမေတွသဘောကျပြီး စားလိုု့လည်း အရသာရှိစေမယ့် နို့ပန်ကိတ်လေးကို အိမ်မှာအလွယ်တကူပြုလုပ်နိုင်ဖို့ မှျဝေပေးလိုက်ပါတယ်နော်။
ပါ၀င်ပစ္စည်းများ ...
- နွားနို့ .. ငါးဆယ််သား
- သံပယိုသီး .. ၂ လုံး
- ထောပတ်ခဲ .. ၂ ခဲ
- ကြက်ဥ .. ၃ လုံး
- ဂျုံမှုန့် .. စားပွဲဇွန်း ၅ ဇွန်း
ပြင်ဆင်ပြုလုပ်နည်း ..
- ဦးစွာ နွားနို့ကို ကျိုချက်ထားပါ။
- နွားနို့အိုးတည်ထားစဉ် သံပယိုသီးကို အရည်ညှစ်ယူပါ။
- နွားနို့ဆူလာပါက သံပယိုရည်များကို ထည့်ပြီးမေွှနေပေးပါ။
- အချိန်ကြာကြာတည်ထားပြီး နို့ခဲဖတ်များရပါက မီးဖိုပေါ်မှချပါ။
- ပိတ်သန့်သန့်ဖြင့် နို့များကိုစစ်ချပါ။
- ပိတ်စထဲတွင် နို့ခဲဖတ်များချည်းကျန်သည်အထိ အရည်ညှစ်ချပါ။
- ပြီးလှျင် ပန်းကန်လုံးထဲသို့ထည့်ပြီးပါက ကြက်ဥဖောက်ထည့်ပါ။
- အားလုံးသမပြီး ညက်နေအောင်မေွှပေးပါ။
- ပြင်ညီစဉ့်လှီးတုံးပေါ်သို့ ဂျုံမှုန့််များဖြူးပြီး အပေါ်မှ နို့ခဲကြက်ဥရောအနှစ်ကိုတင်လိုက်ပါ။ အပေါ်မှ ဂျုံမှုန့်ထပ်ဖြူးပြီး သမအောင်နှယ်ပေးပါ။
- ဒလှိမ့်တုံးဖြင့်သမအောင်နှယ်ပြီးပါက အနေတော်အရွယ်အစားပြုလုပ်ထားပေးပါ။
- ပြီးလှျင်ဒယ်အိုးထဲသို့ ထောပတ်ခဲထည့်အပူပေးပြီး ထောပတ်ခဲပျော်သွားပါက ပန်ကိတ်ပြုလုပ်မည့်နို့လုံးများကိုထည့်ပြီးကြော်ပေးပါ။
- ပြီးလှျင် တစ်ဖက်စီလှန်ပေးပြီး ကျက်သွားပါက မီးဖိုပေါ်မှချကာ ပြင်ဆင်စားသုံးနိုင်ပါပြီ၊
- ပြင်ဆင်သည့်အခါ သကြားရည်လောင်းပြီး ပြင်ဆင်နိုင်သလို ပျားရည်ဖြင့်လည်းပြင်ဆင်နိုင်ပါတယ်။ မိမိနှစ်သက်ရာသီးနှံများဖြင့်လည်း စိတ်ကြိုက်ပြင်ဆင်နိုင်ပါသည်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)