စျေး မီဒီယာ
အခြား

ကိုယ်ဝန်ဆောင်မေမေတေွအတွက် အာဟာရပြည့်ဝမယ့် ညစာလေး ပြင်ဆင်ရအောင် ..

Posted by Harry August 11, 2018
Orph6wo19drj4mo28s2l

မေမေတို့ရေ ကိုယ်ဝန်ဆောင်ကာလမှာ မေမေတို့အတွက် အာဟာရပြည့်ဝတဲ့ ညစာလေးတစ်မယ်ကတော့ မဖြစ်မနေပြင်ဆင်ရတော့မှာနော်။ မေမေတို့ ကိုယ်တိုင်ပြင်ဆင်ဖို့မဖြစ်နိုင်ရင်တောင် အိမ်သားတေွကို စီစဉ်ခိုင်းလို့ရမယ့် အလွယ်ကူဆုံး အာဟာရပြည့်ညစာလေးပါနော်။

ပါ၀င်ပစ္စည်းများ ...
- အားဖြည့်ဆန် .. နို့ဆီဗူးတစ်ဝက်
- ကညွတ် ... ၃ တောင့်
- ပဲစိမ်းလုံး ... စားပွဲဇွန်း ၄ ဇွန်း
- ဘိုစားပဲ ... ၅ တောင့်
- မုန်လာဥနီ ... ၁ ဥ
- ပုဇွန် ... အရွယ်တော် ၅ ကောင် (လိုသလိုထည့်နိုင်ပါသည်)
- အိုင်အိုဒင်းဆား ... အနည်းငယ်
- နနွင်းမှုန့် ... အနည်းငယ်
- ငရုပ်သီးစိမ်း .. တစ်တောင့် (မထည့်ရင်လညး်ရပါတယ်)
- မဆလာ ... အနည်းငယ် (စမုံစေ့၊ ကရဝေးရွက်ထည့်လည်းရပါတယ်)
- ကြက်သွန်နီ၊ ဖြူ ... အနညး်ငယ်
- သံလွင်ဆီ ... အနည်းငယ်

ပြင်ဆင်ချက်ပြုတ်နည်း ....
- ဦးစွာအားဖြည့်ဆန်ကို ရေဆေးပြီး ချက်ထားပါ။
- ကညွတ်၊ ပဲစိမ်းလုံး၊ ဘိုစားပဲ၊ မုန်လာဥနီတို့ကိုရေဆေးထားပါ။
- ငရုပ်သီးစိမ်းကို ရေဆေးပြီးပါးပါးလှီးထားပါ။
- ကြက်သွန်နီကို အခွံခွာရေဆေးပြီး ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူကိုထောင်းထားပါ။
- ကညွတ်၊ ဘိုစားပဲတို့ကိုအကြောသင်ပြီး အတုံးလေးများတုံးထားပါ။
- မုန်လာဥနီကို အခွံခွာရေဆေးပြီး အတုံးလေးများတုံးထားပါ။
- ပုဇွန်ကို အခွံများခွာပြီး ချေးကြောင်းထုတ်ကာ ကင်ထားပါ။ (သို့မဟုတ်) ရေခမ်းပြုတ်ထားနိုင်ပါတယ်။
- ဒယ်အိုးထဲသို့ သံလွင်ဆီထည့်ပြီး နနွင်းမှုန့်အနည်းငယ်ထည့်ပါ။
- ဆီပူလာပါက ကြက်သွန်ဖြူ၊ နီ၊ ငရုပ်သီးစိမ်းထည့်ပြီးဆီသတ်ပါ။
- အသီးအရွက်များအားလုံးစုံအောင်ထည့်ပြီးပါက ဆားအနည်းငယ်ထည့်ပြီး မေွှပေးပါ။
- မဆလာအနည်းငယ်ထည့်မေွှပေးပါ။
- ထမင်းကို ဆားအနည်းငယ်ဖြင့်နယ်ထားပြီးပါက အသီးအရွက်အိုးထဲသို့ ထည့်ကြော်ပါ။
- အနေတော်အနေအထားရပါက ပုဇွန်များထည့်မေွှပေးပြီး မေမေတို့အတွက် ပြင်ဆင်စားသုံးနိုင်ပါပြီနော်။

မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.