သမီးမိန်းကလေး မေွးထားတဲ့ မိဘတေွအနေနဲ့ သမီးလေးရဲ့ စိတ်ရောကိုယ်ပါ လုံခြုံမှုရှိစေဖို့အတွက် သတိပြုလုပ်ဆောင်ရမယ့် စည်းကမ်းချက်တစ်ချို့ ကို အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။ ဒီဆောင်းပါးဟာ နိုင်ငံတကာအမြင်နဲ့ ရေးထားတဲ့ အချက်အလက်တေွ ဖြစ်လို့ မြန်မာယဉ်ကျေးမှုနဲ့ ကွာဟနေတာမျိုးတေွ ရှိနိုင်ပေမယ့် သတိပြုစရာ အချက်တစ်ချို့ကိုပါ တေွ့မြင်နိုင်ရန် မေှျာ်လင့်ပြီးတော့ အခုလိုပဲ ဖော်ပြလိုက်ရခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ သမီးလေးတေွအတွက်ရော သားလေးတေွအတွက်ပါ ကောင်းကောင်း သတိပြုစရာပါပဲ။ ဖြစ်နိုင်ရင် သင်တို့ရဲ့ သမီးလေးတေွကို ငယ်ငယ်လေးကတည်းက ( ၂နှစ်အရွယ်ခန့်) ထဲက ဒါတေွ သင်ပေးရပါမယ်။ ထိုအရာတေွက ဘာတေွလဲဆိုတော့
၁။ ဘယ်လောက်ပဲ ကိုယ့်နဲ့သိသိ တစိမ်းအမျိုးသားတေွရဲ့ ပေါင်ပေါ်မှာ မထိုင်ခိုင်းပါနဲ့။ ဆေွမျိုးဖြစ်နေရင်တောင် သိပ်ဆေွမျိုး မနီးစပ်ရင် ထိုင်ခွင့်မပြုသင့်ပါဘူး။
၂။ ကလေးငယ် ၂ နှစ်အရွယ်လောက်ကတည်းက သူတို့ရေှ့မှာ အဝတ်အစားလဲခြင်း၊ မလုံမခြုံနေခြင်းကို ရေှာင်ပါ။ အဝတ်အစား မလုံခြုံမှုကို ကျင့်သားရခြင်း မရှိသင့်ပါ။
၃။ လူကြီးတေွက မိတ်ဆေွတို့ရဲ့ ကလေးတေွကို ဒါက ငါယောကျ်ား၊ ဒါက ငါမိန်းမလို့စနောက်ခြင်းကို ခွင့်မပြုပါနဲ့။
၄။ ကလေးတေွ အတူတူကစားနေရင် မနီးမဝေးက အကဲခတ်ပေးပါ။ ကလေးတေွက တစ်ချို့လူကြီးတေွဆီက တတ်လာတဲ့ မဖွယ်မရာအပြုအမူတေွနဲ့ ကစားတတ်ကြလို့ ကောင်းကောင်း သတိပြုပေးသင့်ပါတယ်။
၅။ ကလေးမနှစ်သက်ပဲနဲ့ မချစ်ခင်တဲ့လူကြီးရဲ့ အိမ်ကို အတင်းအကျပ် မသွားခိုင်းပါနဲ့။ ဒါအပြင် ကလေးက လူကြီးတစ်ဦးတစ်ယောက်ကို အရမ်းချစ်ခင်နှစ်သက်နေရင်လည်း သတိထားပြီးတော့ ကြည့်သင့်ပါတယ်။
၆။ အမြဲတက်ကြွနေကျ ကလေးက ပုံမှန်ထက် ထူးထူးဆန်းဆန်း ငြိမ်သက်နေရင် စိတ်ရှည်စွာနဲ့ မေးခွန်းတေွအများကြီး လှည့်ပတ်မေးပြီးတော့ အကြောင်းရင်းကို သေချာ စုံစမ်းသင့်ပါတယ်။
၇။ အရွယ်ရောက်လာခါစ သားသမီးတေွကို ကျားမကွဲပြားမှုအကြောင်း ပညာပေးဗဟုသုတတေွကို ပြောပြပေးရပါမယ်။ မိဘတေွက မပြောပြရင် သူတို့ဟာ လူအဖွဲ့အစည်းကနေ အမှားအမှန် မခွဲခြားပဲ သင်ယူသွားပါလိမ့်မယ်။
၈။ ကလေးတေွအတွက် ဝယ်လာတဲ့ ကာတွန်းကားလိုမျိုး အခေွတေွနဲ့ စာအုပ်စာပေတေွကို သူတို့မဖတ်ခင် မကြည့်ခင်တည်းက ကြိုတင်ကြည့်ထားရပါမယ်။ ဒါမှသာ မဖွယ်မရာတေွကို သူတို့မသိအောင် ဖယ်ရှားနိုင်မှာပဲ ဖြစ်ပါတယ်။
၉။ မိဘလမ်းညွှန်းတဲ့ စာပေတေွကို အင်တာနက်မှာ အမြဲမပြတ် ဖတ်ရှုပြီးတော့ ကလေးငယ်တေွ သွားလည်နေကျ သူငယ်ချင်းရဲ့ မိဘတေွကိုလည်း မိတ်ဆေွဖွဲ့ပြီးတော့ ဒါတေွကို ထပ်ဆင့် ဝေမှျပေးပါ။
၁ဝ။ သမီးလေးရဲ့ အတွင်းကိုယ်ခန္ဓာအစိတ်အပိုင်းတေွကို မိမိဘာသာ ဆေးကြောတတ်အောင် သင်ပေးပါ။ မိဘကလွဲလို့ သူများတေွ ကိုင်တွယ် ဆေးကြောတာကို ခွင့်မပြုစေပါနဲ့။( ကလေးကိုချမှတ်တဲ့ စည်းကမ်းဟာ အိမ်ကပဲ စတင်တာကို အမြဲသတိရပါ)
၁၁။ ကလေးရဲ့ဖြူစင်မှုကို အရောင်စွန်းထင်းမှု တစ်စုံတစ်ရာဖြစ်စေမယ့် အရာမှန်သမှျကို မတေွ့ကြုံအောင် ထားပါ။ (ဂီတ၊ရုပ်ရှင်၊ စာအုပ်တို့အပြင် မိတ်ဆေွနဲ့ မိသားစုဝင်တို့ပါ ပါ၀င် နိုင်တတ်ပါတယ်)
၁၂။ အများနဲ့အလွန်တရား ရောနေှာမနေတတ်တာလည်း ကောင်းတဲ့အကျင့် တစ်ခုဖြစ်ကြောင်း ကလေးတေွကို ငယ်ငယ်လေးထဲက ပြောပြထားပါ။
၁၃။ ကလေးက လူတစ်ဦးတစ်ယောက်အကြောင်းကို မကြာခဏ အပြစ်တင်ပြောဆိုနေရင် မသိသလိုမနေပဲ သေချာမေးမြန်း ကြည့်ပါ။ အရေးတယူ ဖြေရှင်းပေးခြင်းဖြင့် သင်ဟာ သူတို့ကို ကာကွယ်ပေးနိုင်တဲ့ မိဘဖြစ်ကြောင်း သက်သေပြပါ။ လက်ရှိမိဘဖြစ်နေသူတေွရော မိဘမဖြစ်သေးသူတေွအနေနဲ့ပါ ဒီဆောင်းပါးလေးကို ကောင်းကောင်း ဖတ်ရှုစေချင်ပါတယ်။ သားသမီးရိှတဲ့ တစ်ခြား မိတ်ဆေွတေွကိုလည်း တပ်ဆင့် မှျဝေပေးဖို့မမေ့ပါနဲ့နော်။
#Ref(အင်တာနက် - သမီးလေးတေွအတွက် ဆောင်ရန် ရေှာင်ရန်ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)