
ကိုယ်ဝန်သန္ဓေတည်ခါစလေး အချိန်အခါမှာ အတွယ်ကလည်း မမြဲသေးတဲ့အချိန်မှာ သားအိမ်က ဘာပြောင်းလဲပေးရလည်းဆိုတော့ ဒီသားအိမ်ကနေ သန္ဓေသားလေးတွယ်နေတာကို မညစ်ထုတ်ရအောင် သားအိမ်ကို ငြိမ်အောင်ဆိုပြီးတော့ လုပ်ထားရတယ်။ သားအိမ်ကို ငြိမ်အောင်လုပ်ရင်းနဲ့ အူတေွပါ ငြိမ်သွားစေတော့ ၀မ်းချုပ်တယ်။ လေတေွပွတယ်။ မအီမသာ ဖြစ်တယ်။ ၀မ်းချုပ်တာဟာ ကိုယ်ဝန်ရဲ့ သဘာဝပါ။ ကိုယ်ဝန်စရှိပြီ၊ ရက်လွန်ပြီဆိုတာနဲ့ ၀မ်းချုပ်တာက ဖြစ်ပါတယ်။

၀မ်းပျက်ဝမ်းလျောဖြစ်ရင် ကလေးပါပျက်တတ်ပါတယ်။ အစာမှာသွားတယ်။ပိုးပါတဲ့ဟာ မသန့်ရှင်းတဲ့ အစားအစာများကို စားသုံးလိုက်မိရင် အူလမ်းကြောင်းမှာ infection ရသွားတတ်ပါတယ်။ အဲဒီအခါမှာ အူတေွရဲ့ လှုပ်ရှားမှုတေွှမန်လာပြီး ၀မ်းပျက်ဝမ်းလျောရောဂါ ဖြစ်တတ်ပါတယ်။ ၀မ်းပျက်ဝမ်းလျော ရောဂါကြောင့် ကလေးပါပျက်တတ်ပြီး ကိုယ်ဝန်ဆောင်များအနေနဲ့ အစားအစာ များကို ရေွးချယ်တဲ့အခါ သန့်ရှင်းလတ်ဆတ်ပူနေွးရမယ်။

ကိုယ်ဝန်မှာ ၀မ်းချုပ်နေတဲ့အတွက် ၀မ်းနှုတ်ဆေးစားလိုက်မှပဲ ဆိုပြီး ၀မ်းနှုတ်ဆေး ပြင်းပြင်းစားလိုက်မိရင်လည်း ၀မ်းလေှျာခြင်းကြောင့် ကလေးပျက်တတ်ပါတယ်။ ထို့အတွက် ကိုယ်ဝန်ဆောင်ချိန် မှာ ၀မ်းပျော့ စေရန် အစားနဲ့သာ ထိန်းသင့်ပါတယ်။ အရည်များများသောက် အသီးအနှံများများ စားပေးပါ။ အလွန်ဆုံး သောက်ချင်လှျင် Milk of Megnesium (MOM) လိုဝမ်းပျော့ဆေးလောက်သာ သောက်သင့်ပါတယ်။

အချို့သော ကိုယ်ဝန်အားဆေးများမှာပါတဲ့ သတ္တုဓာတ်တချို့ ဟာလည်း ကိုယ်ဝန်ဆောင်အချို့ကို ၀မ်းချုပ်စေပါတယ်။ အချို့ကိုတော့ မချုပ်စေပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် တုံ့ပြန်တာချင်း မတူကြပါဘူး။ ၀မ်းသိပ်ချုပ်ရင် အားဆေး ခဏဖြတ်ကြည့်ပါ။ ဆေးကြောင့် ဖြစ်ရင်ဝမ်းက ပုံမှန်ပြန်ဖြစ်လာပါလိမ့်မယ်။ဒါဆိုနောက် အားဆေးတစ်မျိုးပြောင်းသောက်ကြည့်ပါ။
MiGi