မေမေတို့ရေ ကိုယ်ဝန်ဆောင်ချိန်မှာ အစားအသောက်အနေအထိုင်တေွကို ဂရုစိုက်ဖို့အရေးကြီးတယ်နော်။ အဲ့ဒါကြောင့်လည်း ကိုယ်ဝန် ၂ လအချိန်မှာ လိုအပ်တဲ့အာဟာရဓာတ်တေွနဲ့ အဲ့ဒီအာဟာရတေွှပည့်ဝဖို့ ဘယ်လိုစားသောက်သင့်တယ်ဆိုတာလေးတေွကို ကျားလေးကနေ မှျဝေပေးချင်ပါတယ်။
- ဖောလစ်အက်ဆစ်က အရေးကြီးပါတယ် မေမေတို့ရေ။ ကလေးငယ်လေးတေွ ကောင်းမွန်စွာဖွံ့ဖြိုးလာဖို့အတွက်ဆိုရင် ဖောလစ်အက်ဆစ်ပြည့်ဝနေဖို့လိုပါတယ်။ ဟင်းနုနွယ်ရွက်၊ ပဲအမျိုးမျိုးတို့က ဖောလစ်အက်ဆစ်အတွက် အထောက်အပံ့ပေးနိုင်ပါတယ်။
- သံဓာတ်ကလည်း အရေးကြီးတဲ့ အထဲမှာတစ်ခုအပါအဝင်ပါပဲ။ သေွးအားကောင်းမွန်စေဖို့ ကိုယ်ဝန်ဖွံ့ဖြိုးဖို့အတွက် သံဓာတ်ကလည်း အရေးကြီးတာပါပဲနော်။
- ကိုယ်ဝန်ဆောင်မေမေတေွအတွက် နောက်ထပ်လိုအပ်တဲ့အရေးကြီးတာကတော့ ကယ်လ်ဆီယမ်ပါပဲ။ ကယ်လ်ဆီယမ်ကတော့ နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တေွကနေပဲ အလွယ်တကူရနိုင်တာကြောင့် အသီးအနှံတေွနဲ့ အစားအစာတေွကို ပုံမှန်စားသုံးပေးနေရင်ကို လုံလောက်နေပါပြီနော်။
- မေမေတို့ရေ ကိုယ်ဝန်စတင်ဆောင်စမေမေတေွအတွက် ပရိုတင်းဓာတ်ကလည်း အရေးကြီးတယ်လို့ဆိုပါတယ်။ ကလေးငယ်ရဲ့ ကြီးထွားမှုအတွက် အထောက်အပံ့ကောင်းတေွပေးနိုင်တဲ့ ဓာတ်ထဲမှာ ပရိုတင်းဓာတ်ကလည်း အရမ်းကိုအရေးကြီးပါတယ်။ နေ့စဉ်စားသုံးနေတဲ့အစားတေွထဲကနေ ပရိုတင်ဓာတ်က ရ၅ ဂရမ်ကနေ ၁၀၀ ဂရမ်အထိ ရရှိနေဖို့ အရေးကြီးပါတယ်တဲ့နော်။
မေမေတို့တေွအားလုံးလည်း သားသားမီးမီးလေးတေွအတွက် ပြည့်ဝတဲ့အာဟာရခွန်အားတေွရရှိနိုင်ပါစေနော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)