စျေး မီဒီယာ
မမွေးဖွားမှီ

ကိုယ္ဝန္ကာလ ဒုတိယ ၃လ

Posted by Kyaw Lin Han November 5, 2019
Gwf3uwfufasgrqjllzck

ကိုယ်ဝန် ၁၃ ပတ်သားမှ ၂၈ ပတ်သားအထိ ရင်သေွးလေးကို ကိုယ်တိုင်စစမ်းလို့ရလာပါပြီ။ ကိုယ်ဝန်ပီသစွာ ဗိုက်ကလေးထွက်လာပြီဖြစ်ပြီး ဗိုက်ဖုံးအကျႌလှလှလေးများ စဝတ်ရပြီဖြစ်ပါတယ်။ ၁၃ ပတ်မှာ ကလေး ခြေလက် အင်္ဂါတေွ စုံသလောက် ဖြစ်နေရုံမက အချင်းလည်း ပြီးပြည့်စုံနေပြီဖြစ်တဲ့အတွက် ကလေးပျက်ကျဖို့ အလွန်နည်းသွားပါပြီ။ ပထမ ၃ လမှာ သေွးဆင်းခဲ့သူများပါ ၁၃ ပတ်ကျော်လှျင် ပိုမိုစိတ်ချရပြီဖြစ်ပါတယ်။ ၁၃ ပတ်လောက်ကစပြီး ခံတွင်း ပြန်ကောင်းလာရာက စားကောင်းသောက်ကောင်းဖြစ်ပြီး ကိုယ်ဝန်အပတ် ၂၀ (၅လ) နောက်ပိုင်း ကိုယ်အလေးချိန် သိသိသာသာ စတက်လာပါပြီ။

Dzsqo3i1l6tzwqharfb7

၁၃ ပတ်လောက်မှာ သားအိမ်လေးကိုလည်း ဆီးခုံရိုးအထက်နားမှာ စစမ်းလို့ရလာပြီဖြစ်ပါတယ်။ ၁၆ ပတ် ၄လ ရောက်ရင်တော့ ဆီးခုံရိုး နဲ့ ချက်အကြား အလယ်လောက် အထိ မြင့်လာပြီ ဖြစ်ပါတယ်။ ၅လမှာတော့ ချက်အောက် လက်တလုံးအကွာလောက်ရောက်နေပါပြီ။ ၂၄ ပတ်မှာ ချက်အပေါ်ဘယ်လက် တစ်လုံး အကွာအထိ ရောက်နေနိုင်ပါတယ်။

Eopdb29vspokploimgfa

ကိုယ်ဝန် ၁၈ ပတ်ကနေ ၂၀ ပတ်ကြားမှာတော့ ရင်သေွးလေးလှုပ်ရှားတာ မေမေတို့စတင်ခံစားသိရှိ နိုင်ပါပြီ။ ဒုတိယ ၃လမှာ ကလေးအတွက် ရေမြွာရည်ကများနေတဲ့အတွက် ပတ်ချာလည် လှည့်နေနိုင် ပါတယ်။ ဒါကြောင့် ကလေးအနေထားဟာ အတည်တကျဖြစ်မနေဘဲ တစ်မျိုးပြောင်းလဲ နေနိုင်ပါတယ်။ ကလေးအနေအထား မှန်ရဲ့လားဆိုပြီး စိတ်ပူတတ်ကြပါတယ်။ ဒီကာလမှာ စိတ်မပူရသေးပါဘူး။

Adwttwj38yrgmqnhfczz

ပထမသုံးလထက်စာရင် ပိုပြီး နေကောင်းစားကောင်းဖြစ်လာပြီး ဖြစ်ပါတယ်။ ဒုတိယ ၃ လမှာ သားအိမ်အမြင့်ဟာ ဗိုက်အပေါ်ပိုင်း အထိရောက် လာပြီဖြစ်ပေမယ့် အစာအိမ်နဲ့ အူများအပေါ် ဖိအားသက်ရောက်မှုလေးနည်းပါးသေးတယ်။ တတိယ ၃လလောက် တော့ ဗိုက်မကြပ်သေးပါ။ ကိုယ်ဝန်ကာလ ၃ ပိုင်းအနက် နေလို့ အဆင်ပြေဆုံးအချိန်ဖြစ်ပါတယ်။ စားလို့လည်း ကောင်းတဲ့ အချိန်ဖြစ်ပါတယ်။ ကိုယ်ဝန်မှာထွက်တဲ့ ပရိုစထရိုဂျင် ဟော်မုုန်းကြောင့် အစာပြွန်နဲ့ အစာအိမ်ဆက်တဲ့နေရာ မလုံဘဲ အစာအိမ်ထဲက အက်စစ်တေွ အစာပြွန်ထဲပြန်တက်တဲ့ အတွက် လေပူထတာဖြစ်တတ်ပေမယ့် တတိယ ၃ လမှာ ပိုဖြစ်တတ်ပါတယ်။

Tkaqonq4l7doguwzk8sc

ပရိုဂျက်စထရိုဂျင်ဟော်မုန်းကြောင့် ခြေသလုံး၊ ပေါင်နဲ့ မိန်းမကိုယ်တေွမှာ သေွးကြောတေွ ထုံးတတ်ပါတယ်။ တတိယ ၃ လမှာတော့ ကလေးရဲ့ ဖိအားပါ ပေါင်းပြီး ပိုဆိုးတတ်ပါတယ်။ မေွးပြီး သွားရင် သက်သာသွားတတ်ပါတယ်။

#MiGi

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.