မေမေတို့ရေ ကိုယ်ဝန်ဆောင်ကာလ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအနေနဲ့ သတိထားစရာ ဂရုပြုစရာတေွဟာ အရမ်းကို များပြားပါတယ်။ ဒါပေမယ့်လည်း အမြွာကိုယ်ဝန်ကိုဆောင်ထားရတဲ့ မိခင်တေွကတော့ အခြားသူတေွထက်ပိုပြီး ဂရုစိုက်ပေးဖို့လိုအပ်နေပါတယ်။ အမြွာကိုယ်ဝန်ဆောင်မေမေတေွအနေနဲ့ ဘယ်လိုအချက်လေးတေွမှာ အခြားမေမေတေွထက်ပိုပြီး ဂရုစိုက်ပေးသင့်တယ်ဆိုတာလေးကို ကျားလေးကနေ မှျဝေပေးချင်ပါတယ်နော်။
- ကျန်းမာရေးနဲ့ညီညွတ်စေမယ့် အစားအသောက်ကို ဂရုစိုက်ပေးဖို့လိုပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ အစားအသောက်အရေးကြီးပါတယ်။ အမြွာကိုယ်ဝန်ဆိုတဲ့အခါမှာတော့ ပြောစရာမလိုအောင်ကို အခြားသူတေွထက် ဗီတာမင်တေွလုံလောက်ပြည့်ဝနေဖို့လိုပါတယ်။ အဆီဓာတ်၊ အသားဓာတ်နဲ့ ပရိုတင်းဓာတ်တေွလည်း လုံလောက်နေဖို့လိုအပ်ပါတယ်နော်။ အဲ့ဒီအတွက် အမြွာမေမေတေွက အစားအသောက်တေွကို အခြားသူတေွထက်ပိုမိုသတိထားပြီး စားသုံးသင့်ပါတယ်။
- အပြင်စာတေွကို ရေှာင်ကျဉ်ဖို့လည်း လိုပါတယ်။ မေမေတို့အတွက် အသင့်စားအစားအစာတေွသာမကဘဲ ပြင်ပကအစားအစာတေွကိုလည်း တတ်နိုင်သမှျရေှာင်ရှားဖို့လိုပါတယ်။ အစားအစာမှားယွင်းမှုကြောင့် နေထိုင်မကောင်းဖြစ်တဲ့အခါ ကိုယ်ဝန်ဆောင်မေမေတို့အတွက် အရမ်းကိုအခက်အခဲဖြစ်ရပါတယ်နော်။ ကြာရှည်ခံအောင်ပြုလုပ်ထားတဲ့ အစားအစာတေွဆိုရင်တော့ ကိုယ်ဝန်ဆောင်မေမေတေွအားလုံး လုံးဝရေှာင်ရှားတာ အကောင်းဆုံးပါပဲနော်။
- ရေဓာတ်လုံလောက်ဖို့လည်း လိုပါတယ်။ အမြွာကိုယ်ဝန်ဆောင်ထားရတဲ့ မေမေတစ်ဦးအတွက် နေ့စဉ် ရေဖန်ခွက် ၁၂ ခွက်ကနေ ၁၃ ခွက်အထိ သောက်ပေးဖို့ လိုအပ်တယ်လို့ဆိုပါတယ်။
- ကိုယ်အလေးချိန်တိုးလာဖို့ကလည်း အခြားသူတေွထက်ပိုမိုလိုအပ်နေပါတယ်။ ကိုယ်ဝန်မဆောင်ခင်မှာ သာမာန်ကိုယ်အလေးချိန်နဲ့ အဲ့ဒီအောက်ရှိတဲ့မေမေတေွက အမြွာကိုယ်ဝန်ဆောင်ပြီး ကိုယ်ဝန်ကြီးထွားချိန်မှာ အလေးချိန် ၃ရ ပေါင်ကနေ ၅၄ ပေါင်အတွင်း တိုးလာဖို့လိုပါတယ်။ အနည်းငယ်ပြည့်ဖြိုးတဲ့ မိန်းကလေးတေွအတွက်ကတော့ အမြွာကိုယ်ဝန်ကြီးထွားချိန်မှာ ပေါင် ၃၁ ပေါင်ကနေ ပေါင် ၅၀ အထိ တိုးလာရမှာပါ။ ကိုယ်အလေးချိန်ဝလွန်းတဲ့ မေမေတေွကတော့ အမြွာကိုယ်ဝန်ကြီးထွားမှုအတွက် အလေးချိန် ၂၅ ပေါင်ကနေ ၄၂ ပေါင်အထိ တိုးပွားဖို့လိုအပ်နေပါတယ်နော်။
- လေ့ကျင့်ခန်းတေွှပုလုပ်ပေးဖို့လည်း အမြွာကိုယ်ဝန်ဆောင်တေွအတွက် အရမ်းကိုအရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအတွက် နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းလေးတေွဆောင်ရွက်ပေးဖို့ ကိုယ်လက်လှုပ်ရှားမှုတေွပုံမှန်ရှိနေဖို့ ဂရုစိုက်ပေးရမှာပါ။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)