မေမေတို့ရေ သားသားမီးမီးလေးတေွ အသက် ၆ လပြည့်ပြီဆိုတဲ့အခါ ဖြည့်စွက်စာလေးကျေွးရတော့မယ်ဆိုတော့ ခေါင်းစားရပြီနော်။ ဒီလိုအချိန်မှာ ပြင်ပကအစားအစာတေွကိုလည်း မကျေွးချင်သေးဘဲ ကိုယ်တိုင်ပဲ ကျန်းမာရေးနဲ့ညီညွတ်တာလေးတေွကို ပြင်ဆင်ပေးလိုတဲ့ မေမေတေွရှိနေပါတယ်နော်။ အဲ့ဒီလိုမေမေတေွအတွက် လွယ်လွယ်ကူကူူနဲ့ ကလေးတေွရဲ့ ကျန်းမာရေးနဲ့ညီညွတ်အောင်ပြင်ဆင်ပေးနိုင်မယ့် ရေွှဖရုံအနှစ်ဖြည့်စွက်စာပြင်ဆင်နည်းလေးကို မှျဝေပေးလိုက်ပါတယ်နော်။
ကလေးငယ်တေွအတွက် ပြင်ဆင်ပေးမှာဖြစ်လို့ ရေွှဖရုံသီးကတော့တစ်စိတ်ပဲလိုပါတယ်။ ၆ လနဲ့အထက်ကလေးတေွအတွက်ဖြစ်တာကြောင့် အခြားဘာပစ္စည်းနဲ့ရောနေှာမှုမပြုလုပ်ဘဲ ရေွှဖရုံသီးတစ်မျိုးတည်းကိုသာ အသုံးပြုသင့်ပါတယ်။
ပြုလုပ်ဖို့အတွက်ကတော့ ရေွှဖရုံသီးကို အခွံခွာပြီး ရေစင်အောင်တော့ဆေးပေးပါ။ ပြီးတဲ့အခါမှာတော့ အတုံးသေးသေးလေးတေွတုံးပြီး ပေါင်းပေးရမှာပါ။ ပေါင်းရာမှာတော့ ရေနေွးငေွ့နဲ့ပေါင်းပေးဖို့လိုပါတယ်။ အချို့တေွကတော့ ရေထဲမှာထည့်ပြုတ်ပြီး ရေခမ်းတဲ့အထိ ပြုတ်တတ်ကြပါတယ်။ ရေွှဖရုံသီးမှာပါတဲ့ ဗီတာမင်တေွကို ကလေးငယ်တေွအတွက် အပြည့်အဝရဖို့ဆိုရင်တော့ ပြုတ်တာထက်စာရင် ရေနေွးငေွ့နဲ့ပေါင်းတဲ့နည်းလမ်းက ပိုမိုသင့်တော်ပါတယ်။ ပေါင်းပြီး နူးအိသွားတဲ့ရေွှဖရုံသီးတေွကိုတော့ blander ထဲမှာထည့်ကျိတ်တာပဲဖြစ်ဖြစ်၊ ပိတ်ဝတ်သန့်သန့်လေးနဲ့ ထမင်းခြေသလိုမျိုးခြေပြီးအနှစ်ထုတ်တာဖြစ်ဖြစ်ပြုလုပ်ပြီး သားသားမီးမီးတို့အတွက် ကျေွးမေွးနိုင်ပါပြီနော်။
ရေွှဖရုံသီးကတော့ ကလေးငယ်တေွအတွက် ဗီတာမင်နဲ့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးရေးတေွအတွက် အထောက်အကူပြုစေနိုင်ပါတယ်နော်။ မေမေတို့တေွတစ်ခုသတိထားရမှာကတော့ အစာလည်းဆေး ဆေးလည်းအစာဆိုသလို ကလေးငယ်တေွအတွက် အာဟာရပြည့်မယ့် အစားအစာတေွကို ကျေွးမေွးတဲ့နေရာမှာ တစ်မျိုးတည်းကို ရက်ဆက်ကျေွးတာကိုတော့ ရေှာင်ရှားပေးဖို့လိုပါတယ်။ အစာကျင့်တဲ့အရွယ်လည်းဖြစ်တာမို့ အစားအစာတေွကိုတော့ မှျတစေဖို့ ရက်ခြားလေးနဲ့ ပြောင်းလဲကျေွးဖို့ကိုတော့ ကျားလေးက အကြံပြုလိုက်ပါတယ်နော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)