မေမေတို့ရေ သားသားမီးမီးလေးတေွရဲ့ အပြုံးတေွအမြဲတမ်းပွင့်လန်းနေပြီး ပျော်ရွှင်နေတဲ့ ဘေဘီလေးတေွှဖစ်စေဖို့အတွက် မေမေတို့တေွအနေနဲ့ ဘာတေွများဆောင်ရွက်ပေးနိုင်မလဲ ကြည့်လိုက်ရအောင်နော်။
ကလေးငယ်လေးတေွပျော်ရွှင်နေစေဖို့ဆိုရင်တော့ သူတို့ရဲ့တကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပေးဖို့လိုပါတယ်။
ကလေးငယ်ရဲ့ ဒိုက်ဗာတေွကို ပုံမှန်လေးလဲပေးဖို့ကတော့ မေမေတို့ရဲ့တာဝန်ပါပဲ။ ဒိုက်ဗာထဲမှာ အညစ်အကြေးတေွရှိနေမယ်ဆိုရင် ကလေးငယ်အတွက် နေထိုင်ရတာလည်း သက်တောင့်သက်သာမဖြစ်နိုင်သလို ကလေးငယ်ရဲ့ပျော်ရွှင်မှုကိုလည်း ရရှိစေမှာမဟုတ်ပါဘူး။
ကလေးငယ်ရဲ့ ဗိုက်ပြည့်နေမှုကလည်း ပျော်ရွှင်မှုအတွက် အရေးကြီးပါတယ်။ ဗိုက်ဆာနေတဲ့ကလေးငယ်တစ်ဦးဟာ ဘယ်လိုမှပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်နိုင်မှာမဟုတ်ပါဘူး။
နောက်တစ်ခုကတော့ ကလေးငယ်ရဲ့ကျန်းမာရေးပါ။ ကလေးငယ်ရဲ့မျက်နှာညှုိးနွမ်းနေမှု၊ လှုပ်ရှားမှုပုံစံတေွဟာ သူကျန်းမာရေးနဲ့ပတ်သက်ပြီး ဘာတေွခံစားနေရတယ်ဆိုတာကို မေမေတို့က သိရှိနေရမှာပါ။
အဝတ်အစားဝတ်ဆင်မှုကလည်းကလေးငယ်ရဲ့ ပျော်ရွှင်မှုအပေါ်မူတည်နေပါတယ်။ ရာသီဥတု၊ နေရာဒေသနဲ့လိုက်ပြီး ကလေးငယ်ရဲ့ ၀တ်စားဆင်ယင်မှုတေွကို မေမေတို့က ဂရုစိုက်ပေးဖို့လိုပါတယ်။ ဒါမှလည်း ကလေးရဲ့ပျော်ရွှင်မှုတေွဟာ ထာဝရတည်မြဲနေနိုင်မှာပါ။
ကလေးငယ်ရဲ့ အရိပ်အခြေ လှုပ်ရှားမှုတေွကို မေမေတို့တေွက အရိပ်လိုစောင့်ကြည့်ပြီး သူတို့လေးတေွရဲ့ လိုအပ်ချက်တေွကို ဖြည့်ဆည်းပေးနိုင်ပါစေနော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)